Movie Name
Miracle Of Giving Fool (2008)
Year
2008
Generes
Comedy, Romance
Code
04810
Type
Movie
Size
519 MB
Country
Korea
Description
Miracle of Giving Fool(2008) IMDb…7.5 ဆံပင်က ဖွာလန်ကျဲ ..လမ်းလျောက်ပုံက ကိုယ့်ရို့ကားယား…ပါးစပ်ကလည်း တစ်ချိန်လုံးပွစိ ပွစိနဲ့….ရေမချိုးတာကြာတော့ သူ့အနားတော်ရုံလူမကပ်ချင်ပြန်… သို့ပေမယ့် သူ့မျက်နှာက တစ်ချိန်လုံးနီးပါးပြုံးနေတယ်… သူ့နာမည်က ဆွန်းယောင်တဲ့…တစ်ရွာလုံးကတော့ သူ့ကို အရူးဆွန်းယောင်လို့ခေါ်တယ်.. …. သူ့မှာ ညီမလေးတစ်ယောက်လည်းရှိတယ်…အဖေနဲ့အမေကတော့ဆုံးသွားရှာတော့ ဒီညီမလေးကိုသူပဲစောင့်ရှောက်နေရတယ်… % buffered 00:00 -00:09 Download Your browser does not support the video tag. သာမန်လူတစ်ယောက်လို တွေးခေါ်စဉ်းစားမှုမပြုနိုင်ပေမယ့် သူ့ခေါင်းထဲမှာ အရေးကြီးဆုံးအချက်မှတ်သားပြီး တတ်နိုင်သလောက်အကောင်အထည်ဖော်နေတယ်.. အဲ့ဒါတွေကတော့ ညီမလေးကျောင်းနေဖို့ နဲ့ တစ်ခုခုဖြစ်ရင်ဆေးကုဖို့ မုန့်ရောင်းပိုက်ဆံရှာရမယ်…ညီမလေးအတွက်မနက်စာပြင်ရမယ်..အခန်းထဲကိုညီမလေးရောက်မရောက်ကြည့်ရမယ်… သူသိပ်သဘောကျခဲ့တဲ့ ကျောင်းနေဖက်သူငယ်ချင်းမလေး ရွာပြန်အလာကိုမျှော်မယ်… ဒီကားက ကိုးရီးယားဒရမ်မာမင်းသား Tae-Hyun Cha က အရူးဆွန်းယောင်လေးနေရာမှာသရုပ်ဆောင်ထားတယ်… အူကြောင်ကြောင် သနားစဖွယ် ဇာတ်ရုပ်မျိုးဆို အပိုင်နိုင်ဆုံးသရုပ်ဆောင် နိုင်သူလို့တောင်ခေါ်ရမယ်ထင်တယ်… ခင်ဗျားတို့ရဲ့နှလုံးသားဟာ ဒီကားမကြည့်ခင်မှာရော စကြည့်ကြည့်ချင်းမှာရော တော်ရုံကိစ္စကို မထေ့မဲ့မြင်လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မယ်… သို့ပေမယ့် ဒီကားကြည့်ပြီး မိနစ်(၂၀)လောက်ကြာတဲ့အချိန်မှာ ကမ္ဘာပေါ်မှာ အနူးညံဆုံးနှလုံးသားတစ်ခုကို ကိုင်ဆောင်ပြီး ဆွန်းယောင်ရဲ့နောက်ကိုလိုက်နေရပါ့လားလို့ ကိုယ့်ကိုကိုယ် သတိထားမိသွားလိမ့်မယ်… တစ်ခါတစ်ရံ ဇာတ်ကားကြည့်နေတဲ့အချိန် ဖန်သားပြင်ဟာ ဘယ်သိပ္ပံပညာရှင်မှအဖြေမထုတ်နိုင်သေးတဲ့ မျက်လုံးပြသနာကြောင့် ေ၀ဝါးသွားလိမ့်မယ်… ကိုင်းခံစားကြည့်လိုက်ပါဦးနော်….