-
Movie Name
-
Montage (2013)
-
Year
-
2013
-
Generes
-
Drama, Thriller
-
Code
-
04811
-
Type
-
Movie
-
Size
-
1.01 GB
-
Country
-
Korea
-
Description
-
IMDb 7.4 ရထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအညွှန်းကတော့
တောင်ကိုရီးယားနိုင်ငံမှ ၂၀၁၃ ခုနှစ်မှာ ဖန်တီးရိုက်ကူးထားတဲ့
မှုခင်းရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
Uhm Jung-hua , Kim Sang-kyun နဲ့ Song Young-chang တို့ကို
အဆိုပါ Thriller Movie ရဲ့ အဓိကဇာတ်ဆောင် အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။
% buffered
00:00
-00:13
Download
Your browser does not support the video tag.
၂၀၁၆ မှာ Montage ရုပ်ရှင်ကားကိုပဲ Hindi မှာ Offcially
ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဇာတ်လမ်းလေးကတော့
ပြန်ပေးဆွဲသမားတစ်ဦးဟာ လွန်ခဲ့သော၁၅နှစ်တည်းက သဲလွန်စ
တစ်စုံတစ်ရာမကျန်ခဲ့ပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အမှုရဲ့
နောက်ကြောင်းမပြန်ရ ကာလပြည့်ဖို့ ၅ရက်အလိုမှာ တစ်စုံတစ်ယောက်ဟာ
အခင်းဖြစ်ပွားရာနေရာမှာ တိတ်တဆိတ် ပန်းပွင့်လေးတစ်ပွင့်ကို
ထားသွားခဲ့ပါတယ်။ ရက်ပေါင်းအနည်းငယ်အကြာမှာ တူညီတဲ့
ပစ်မျတ်မှာပဲ တူညီတဲ့ ပြန်ပေးဆွဲမှုဟာ တူညီသော နည်းလမ်းကို
အသုံးပြုပြီးတော့ ဖြစ်ပွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာ ၎င်းရဲ့
ရှေ့မှာဖြစ်ပွားခဲ့တဲ့ အမှုကို နောက်ကြောင်းမပြန်ရကာလအတွင်း
မရောက်ရှိသေးမီ အလျင်အမြန်ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ကြပါတော့တယ်။
စုံထောက် Kim Sang-kyun ဟာ အကြံဉာဏ်ရယူခဲ့ပြီးတော့
အဆိုပါအမှုကို တူညီတဲ့ အမှုအဖြစ် အတည်ပြုလိုက်ပါတယ် ။
နောင်အခါမှာ အဆိုပါကိစ္စဟာ ကလေးရဲ့ အဘိုးဖြစ်သူ
Song Young-chang ဟာ လွန်ခဲ့သော ၁၅နှစ်က ပြန်ပေးဆွဲမှုရဲ့
တရားခံဖြစ်နေခဲ့ပါတယ်။ ဆက်လက်ပြီးတော့
ဒီပြန်ပေးဆွဲအမှုဟာ ဘယ်လိုတွေဆက်ဖြစ်ကြဦးမလဲ?
အမှုမှန်ကကော ပေါ်ပေါက်နိုင်ပါ့မလား? စသဖြင့်
စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။
မှုခင်းဇာတ်ကားကောင်းကို သဘောကျနှစ်ခြိုက်သူတို့
ရင်ထဲထိသွားစေမှာပါ။ တောင်ကိုရီးယားမှာဤရုပ်ရှင်ကားကို
မေလ ၁၆ရက် ၂၀၁၃ မှာ ပြသခဲ့ပါတယ် ၁၁၉မိနစ်ခန့်ကြည့်ရှုခံစားရမှာပါ။
ဤ ရုပ်ရှင်ကားနဲ့ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာ ထူးချွန်ဆုများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။