Movie Name
Reprisal (2018)
Year
2018
Generes
Action, Thriller
Code
01067
Type
Movie
Size
750 MB
Country
Hollywood
Description
၂၀၁၈ထွက်ဇာတ်လမ်းလေးပါမင်းသားကြီး Bruce Willis ပါတဲ့ကားလေးပါအဓိကဇာတ်ဆောင်တော့မဟုတ်ပါဘူးဇာတ်လမ်းလေးကတော့ မနက်ခင်းတစ်နေ့မှာ တစ်မြို့လုံးဗုံးတွေထောင်ထားတယ်ဆိုတဲ့သတင်းတွေတက်လာတယ်အဲ့သတင်းလဲကြားရောတစ်မြို့လုံးမှာရှိတဲ့ရဲတွေပျာယာခတ်နေကြတာပေါ့အဲ့ချိန်မှာဘဏ်ထဲကိုလူတစ်ယောက်ရုတ်တရက်ဓားပြဝင်တိုက်တယ် သေချာစီစဉ်ထားတဲ့အတိုင်းဟာကွက်မရှိပိုက်ဆံတွေယူသွားတယ် အဲ့အချိန်မှာဂျေကော့ ဆိုတဲ့ဘဏ်မန်နေဂျာကစိတ်ရှုပ်ရတာပေါ့သူရှိတဲ့အချိန်သူ့ကိုတည်ကြက်လုပ်ပြီးဓားပြတိုက်သွားတာဆိုတော့ ရဲတွေကလည်းဖမ်းမယ်ဆိုပေမဲ့ ဝေ့လည်ကြောင်ပတ်လုပ်တယ်အဲ့အချိန်မှာဘဏ်မန်နေဂျာကဓားပြတိုက်တဲ့လူကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာဖွေပါတော့တယ်နှစ်နှစ်ဆယ်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့ တဲ့ဂျိမ်းစ်နဲ့အတူပူးပေါင်းပြီးရှာဖွေပါတော့တယ် ဖြစ်ခဲ့တာတွေကိုပြန်လည်းသုံးသပ်ပြီး ဖြစ်နိုင်တဲ့နေရာကိုလိုက်စုံစမ်းပါတယ်အဲ့လိုလိုက်စုံစမ်းတဲ့အချိန်မှာ ကံကောင်းထောက်မပြီးတရားခံနေရာကိုတွေ့သွားပါတယ်အဲ့ချိန်မှာတရားခံလဲနောက်တစ်နေရာကိုဓားပြတိုက်ဖို့လုပ်နေတာပေါ့အဲ့အချိန်မှာဂျေကော့လဲရန်သူနောက်ကိုလိုက်သွားပါတော့တယ်တရားခံကဘယ်ဟာကိုဓားပြတိုက်မှာလဲဆိုတော့ဘဏ်ကနေအခြားနေရာကိုပိုက်ဆံတွေရွေ့မယ်ကားကိုပါ ကားကိုရပ်အောင်လုပ်ပြီး ကားမောင်းသမားကိုပစ်သတ်လိုက်တယ်ကားထဲပိုက်ဆံတွေကိုယူပြီးပိုက်ဆံတွေကိုစောင့်ကြည့်ရတဲ့အမျိုးသမီးတစ်ယောက်ကိုသတ်မယ့့်အချိန်မှာ ဂျေကော့ကဝင်ကယ်လိုက်ပါတယ် အဲ့ချိန်ရဲတွေကရောက်လာပြီး ပစ်ခတ်လို့ရန်သူကဓားပြတိုက်ထားတဲ့ပိုက်ဆံတွေကိုတစ်နေရာမှာဝှကိထားပြီးထွက်ပြေးပါတော့မယ်ဂျေကော့ကအဲ့ပိုက်ဆံတွေကိုယူပြီးသူ့အိမ်မှာထားလိုက်တယ် ရဲတွေလိုက်လို့ထွက်ပြေးရတဲဓားပြကတော့လွတ်သွားပြီးသူထားခဲ့တဲ့နေရာကိုပြန်လာကြည့်တယ်ဂျေကော့ယူတာကိုသိသွားတ့အခါမှာတော့ သူ့မိန်းမနဲ့ကလေးကိုပြန်ပေးဆွဲပြီးပိုက်ဆံနဲ့လာလဲခိုင်းတယ်အဲ့ချိန်မှာတော့ဂျော့ကော့ဂျိမ်းစ်အကူအညီနဲ့သူ့မိန်းနဲ့ကလေးကိုဘယ်လိုပြန်ကယ်မလဲတကယ်ရောပြန်ကယ်နိုင်ပါ့မလားဆိုတာ ဆက်ကြည့်ပေးပါဦးIMDB rating နည်းပေမဲ့ Bruce Willis ကြိုက်တဲ့ပရိတ်သတ်တွေအတွက်လက်လွတ်မခ့သင့်တဲ့ဇာတ်ကားလေးပါလို့ပြောပါရစေ