-
Movie Name
-
On Your Wedding Day (2018)
-
Year
-
2018
-
Generes
-
Drama, Romance
-
Code
-
04815
-
Type
-
Movie
-
Size
-
825 MB
-
Country
-
Korea
-
Description
-
On your wedding day” ဆိုတဲ့ဇာတ်ကားလေးကိုတော့အထူးတလည်မိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး။
Main lead တွေအနေနဲ့ မင်းသား Kim Young Kwan နဲ့ Strong Woman ရဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေး ဘုံဘုံ Park Bo Young တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Rating အနေနဲ့ IMDb 6.6/10 နဲ့ MyDramaList 8.2/10 အထိရရှိထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ Romantic ဇာတ်ကားကောင်းလေးတစ်ကောင်းပါ။
“First love will never die” ဆိုသလိုပဲ လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာရှိခဲ့ပြီး အကြောင်းမတိုက်ဆိုင်ပဲ လမ်းခွဲခဲ့ရရင်တောင် နှလုံးသားထဲမှာ အမြဲရှင်သန်နေတတ်တာ အချစ်ဦးပါ။
ငယ်ရွယ်စဉ်ကျောင်းသားဘဝရင်ခုန်တတ်စအရွယ်ကအချစ်ဦးလေးကိုပြန်လည်လွမ်းဆွတ်သတိရသွားစေမယ့်ကားလေးပါ။
ဆွတ်ပျံ့ကြည်နူးဖွယ်ချစ်ခြင်းတရားကိုခံစားရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပြီးဘဝရဲ့အချိုးအကွေ့ ကံတရားတွေကိုပါ ပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
% buffered
00:15
-00:16
Download
Your browser does not support the video tag.
ဟန်ဝူယောင်းဟာ စာညံ့ပြီး အမြဲရန်ဖြစ်ဆိုးသွမ်းနေတဲ့ကျောင်းသားတစ်ယောက်ပါ။
သူတို့ကျောင်းကိုကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်လေး ဟွမ်ဆွန်ဟီးကိုမတွေ့ခင်အထိပေါ့။
သူတို့တွေ့ဆုံပြီးသူငယ်ချင်းသံယောဇဉ် ကနေ ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့ပြီးမမျှော်လင့်ဘဲ ဆွန်ဟီးတစ်ယောက် ဝူယောင်းတို့မြို့လေးကနေ ထွက်ခွာသွားတဲ့အခါ..
စာညံ့တဲ့ ဝူယောင်းတစ်ယောက်ကတော့ တက္ကသိုလ်မရောက်ခဲ့ပါဘူး။
တနေ့မှာ လက်ကမ်းကြော်ငြာတစ်ခုမှာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သူချစ်ရတဲ့ အမျိုးသမီးလေး ဆွန်ဟီးရဲ့ပုံကိုမထင်မှတ်ဘဲ တွေ့လိုက်ရတဲ့အခါ ဝူယောင်းတစ်ယောက် တက္ကသိုလ်တက်ရဖို့အပြင်းအထန်ကြိုးစားပါတယ်။
ဆိုးလ်အမျိုးသားတက္ကသိုလ်ဟာ တောင်ကိုရီးယားရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုပါ။
ဝူယောင်းလိုစာညံ့တဲ့ကျောင်းသားအတွက်တော့ ဝင်ခွင့်ရဖို့ခက်ခဲတဲ့ တက္ကသိုလ်ပေါ့။
အချစ်ရဲ့တွန်းအားတစ်ခုထဲနဲ့ ကြိုးစားပြီး တက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ ဝူယောင်း၊
ဆွန်ဟီးနဲ့ ပြန်လည်ဆုံတွေ့ရသော်လည်း သူမမှာချစ်သူရှိနေမှန်းသိလိုက်ရသောအခါ…
အချစ်နဲ့ဘဝအကြောင်းကိုပြောပြမယ့်ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။
ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ ပျော်ရွှင်စရာတွေ၊ သူငယ်ချင်းသံယောဇဉ်တွေကို ခံစားရမယ့်အပြင် ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကိုပါ ပြောပြပါလိမ့်မယ်