Movie Name
The Attorney (2013)
Year
2013
Generes
Drama
Code
04818
Type
Movie
Size
1 GB
Country
Korea
Description
The Attorney(2013) IMDb…7.7,,,Rotten…73% ကိုရီးယားရဲ့ နာမည်ကျော်သရုပ်ဆောင်ဖြစ်တဲ့ Song Kang-ho ကို မသိရင်သာနေမယ်..သူသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးကားတွေဖြစ်တဲ့ A Taxi driver,Memories of Murder ,The Host ,The Good, The Bad, the Weird ,Thirst စတဲ့ ဇာတ်ကားတွေကိုတော့ မြန်မာ ပရိတ်သတ်တွေအနေနဲ့ သိကြမယ်ထင်ပါတယ်.. နှုတ်ခမ်းနီမလေးတွေ စွဲမက်လောက်စရာရုပ်ရည်မျိုးမရှိပေမယ့် ကျရာစရိုက်ကို သူမတူအောင်အပီအပြင်ဆုံးသရုပ်ဆောင်နိုင်စွမ်းရှိလေတော့ သဘာဝမင်းသားကြီးလို့တောင် တင်စားကြပါတယ်… % buffered 00:00 -00:16 Download Your browser does not support the video tag. အခုလည်းThe Attorney(2013) မှာ ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်…. Rating တွေကလည်းမြင့် ဇာတ်လမ်းကလည်း ကောင်းတဲ့အပြင် သရုပ်ဆောင်ကလည်း မင်းသားကြီး Song Kang-ho ဆိုတော့ ထွေထွေထူးထူးတော့ညွှန်းစရာမလိုတော့ဘူးထင်ပါတယ်… အထက်တန်းကျောင်းသာ အောင်တဲ့ ဆုန်းဝူရှစ် ဟာ တစ်ဆင့်ချင်းကြိုးစားပြီးနောက် ဝတ်လုံတော်ရ ရှေ့နေဖြစ်လာခဲ့ပါတယ် လက်ရှိမှာတော့ ဘူဆန်မြို့မှာ အခွန်ဥပဒေနဲ့ပတ်သက်တာကို အဓိကထားလုပ်ဆောင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ် သူရှေ့နေဖြစ်လာရတဲ့ တစ်ခုတည်းသော အကြောင်းက မိသားစုအတွက် ဝမ်းစာရှာနိုင်ဖို့ ငွေရဖို့ပါ ….ဒါကြောင့် သူဟာ ငွေရဖို့ဆို ဘာမဆိုလုပ်ပြီး သူ့ရုံးခန်းလူသိဖို့ လုပ်ငန်းလိပ်စာကဒ်တွေ လိုက်ဝေခဲ့ပါတယ်…. သူ့ပုံစံက ရှေ့နေဆိုတာထက် စီးပွားရေးသမားတစ်ယောက်နဲ့ ပိုတူပါတယ်…. ဒါပေမဲ့တစ်နေ့မှာတော့ သူ့ကျေးဇူးရှင်ဖြစ်တဲ့ စားသောက်ဆိုင်ပိုင်ရှင် အဒေါ်ကြီးတစ်ယောက်ရဲ့သား အမှုအခင်းဖြစ်ရာကနေ သူ့ရဲ့ခံယူချက်နဲ့ အတွေးအခေါ်အားလုံးပြောင်းသွားပြီး အမှုအတွက် ရှေ့နေလိုက်ဖို့ ကြိုးစားတဲ့အခါ … ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်..