Movie Name
Furie (2019)
Year
2019
Generes
Action, Thriller
Code
04824
Type
Movie
Size
750 MB
Country
Philippines
Description
IMDb (7.5) / Rotten Tomatoes (91%) Furie (ဗီယက်နမ်လို Hai Phuong) ဆိုတဲ့ ဗီယက်နမ်ဇာတ်ကားဟာ နိုင်ငံတကာ Rating သာမက စီးပွားရေးအရလဲ အောင်မြင်နေပါတယ်… အမေရိကန်လို နိုင်ငံမှာ ရုံတင်နေပြီး ဝင်ငွေကောင်းနေတဲ့အပြင် လူကြိုက်များနေကြောင်းလဲသိရပါတယ်။ ဇာတ်လမ်းကတော့…….. ဟိုင်းဖောင် ဟာ အစွန်အဖျားနယ်မြို့လေးမှာ ဇာတ်မြုပ်နေထိုင်ရင်း သမီးလေးနဲ့အတူဘဝကို ရုန်းကန်နေတဲ့မိခင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဘယ်ဘဝကလာခဲ့လဲ ဘယ်သူမှ မသိကြသလို ဘာကြောင့် ဒီနေရာကိုရောက်နေလဲ ဘာကြောင့်လူတွေနဲ့ခပ်ကင်းကင်းနေထိုင်လဲဆိုတာကိုလဲ ဘယ်သူမှ မသိကြပါဘူး။ ဟိုင်းဖောင်အလုပ်က လယ်သမားတွေဆီကကြွေးလိုက်တောင်းပေးရတဲ့ အလုပ်ဖြစ်တာကြောင့် သူ့သမီးလေးဟာ ကျောင်းမှာ အမြဲတမ်းအနှိမ်ခံရသလို ဖခင်ခေါ်စရာမရှိတဲ့သူတစ်ယောက်အဖြစ်လဲ လှောင်ပြောင်ခံရတယ်။ ဒါကြောင့် ကျောင်းကထွက်ပြီးတော့ အလုပ်လုပ်ရင်း သူ့အမေကို တစ်ဖက်တစ်လမ်းက အကူအညီပေးချင်သူပါ။ သူတို့ သားအမိဆက်ဆံရေးဟာလဲ နွေးနွေးထွေးထွေးမရှိလှပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ ဖေးမကြတယ်။ တစ်ခါတစ်လေ ဟိုင်းဖောင်ဟာ တစ်ယောက်တည်း စီးကရက်တစ်လိပ်နဲ့ မှိုင်တွေ ငေးရီနေတတ်တယ်။ တစ်နေ့တော့ သူ့သမီးအိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ သူမြတ်မြတ်နိုးနိုးသိမ်းထားတဲ့ နားစွဲလေးတစ်ရံကိုဈေးထဲသွားပေါင်ချိန်မှာ သူ့သမီးကို သူခိုးအဖြစ် ဝိုင်းဝန်းစွပ်စွဲနေတာကို ဖြေရှင်းရင်း ရုန်းရင်းဆန်ခတ်အခြေအနေအပြီး သူက အပေါင်ဆိုင်ကိုပြန်အသွားမှာ သူ့သမီးလေးကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခံရပါတော့တယ်။ အဲ့ဒီပြန်ပေးသမား တစ်စု မသိလိုက်တာကတော့ သူတို့တွေ ပြန်ပေးဆွဲဖို့ လူရွေးတာ အမှားကြီးမှားသွားပြီ ဆိုတာပါပဲ။ သူ့ဘ၀ အသက်သွေးကြောဖြစ်တဲ့ သမီးလေးကို ပြန်ရဖို့ ဟိုင်းဖောင် ဟာ သူတတ်သမျှ ပညာပေါင်းစုံနဲ့ တစ်ဂိုဏ်းလုံးနဲ့ တစ်ယောက် ရေစုံရေဖျား လိုက်တော့မှာပါ။ Furie ဟာ Trailer စထွက်ကတည်းက စောင့်မျှော်ခဲ့ရတဲ့ကားဖြစ်သလို တကယ်တမ်းထွက်လာတော့လဲ မျှော်ရကျိုးနပ်လောက်အောင်ကို စိတ်ကျေနပ်စရာကောင်းပါတယ်။ လှပသေသပ်လှတဲ့ ကိုယ်ခံပညာအခြေပြုအက်ရှင်ခန်းတွေ သွက်လက်ပြီး ပျင်းစရာမရှိတဲ့ဇာတ်ကြောင်းတို့ဟာ ဗီယက်နမ်ဟာလဲ ရုပ်ရှင်ပညာမှာ ဘောင်ဝင်တန်းဝင် အဆင့်တစ်ခုမှာ ရောက်ရှိနေပြီဆိုတာပြလိုက်တဲ့သက်သေပါပဲ။