Movie Name
Love You Love You Not (2015)
Year
2015
Generes
Comedy, Drama, Romance
Code
04831
Type
Movie
Size
900 MB
Country
Philippines
Description
တစ်ရံတစ်ခါများမှာ အချစ်တစ်ခုဆိုတာ…ကိုယ့်ကိုယ်ကိုယ်ပါမေ့သွားတဲ့အထိ ဆန်းကြယ်တတ်ပါတယ်။ ကိုယ်သောက်လက်စ ကော်ဖီတစ်ခွက်အပြင်ဘာမှမကျန်တော့တဲ့အခြေအနေမျိူးးမှာအဲ့ဒီကော်ဖီတစ်ခွက်ကို ဝေမျှနိုင်တယ်ဆိုတဲ့စိတ်မျိူးး.. အချစ်မျိုး..မဆန်းကြယ်ဘူးလား။ အချစ်ဆိုတာ ကိန်းကြီးခန်းကြီးအရာတွေ မလိုအပ်တတ်ပါဘူး။ လူသားဆန်တဲ့မေတ္တာကိုပေးပြီး သင့်ကိုလည်းပျော်ရွှင်ရယ်မောစေနိုင်တယ်ဆိုရင်.. သူ့ဖြစ်တည်မှုက သင့်ဖြစ်တည်မှုကိုအဓိပ္ပါယ်ရှိစေနိုင်တယ်ဆိုရင် % buffered 00:00 -00:13 Download Your browser does not support the video tag. သင့်မပြည့်စုံမှုတွေ..သူ့မပြည့်စုံမှုတွေကို..ဖယ်ချရင်း တစ်ယောက်အတွက်တစ်ယောက် ပြည့််စုံနေကြမယ်ဆိုရင်..လုံလောက်ပါပြီ။ တကယ်တမ်းက ချစ်ခြင်းမေတ္တာဆိုတာ နူးညံ့သိမ်မွေ့သလောက်လူတစ်ယောက်နဲ့တစ်ယောက် အချစ်ကိုရှာတွေ့ပုံကလည်းကွဲပြားကြပါသတဲ့.. သင့်ရဲ့အချစ်စစ်က တစ်ချိန်လုံးဘေးနားမှာရှိနေခဲ့တဲ့သင်ချစ်ရတဲ့ အချစ်ဆုံးငယ်သူချင်းဖြစ်နိုင်သလို သင်နဲ့မျက်နှာကြောလုံးဝမတည့်ခဲ့တဲ့ကျောင်းကဂျစ်ကန်ကန် စီနီယာအစ်ကိုကြီးလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဘတ်စ်ကားပေါ်မှာ တဒင်္ဂလေးရိပ်ခနဲပဲမြင်လိုက်ရတဲ့ပြန်ဆုံရင်မှတ်မိပါ့မလားတောင်မသေချာတဲ့ သူစိမ်းတစ်ယောက်ရဲ့နားကျပ်နှစ်ဖက်တပ်ထားတဲ့ မျက်နှာတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။ ချစ်မိပြီဆိုရင်လည်း မာရ်နတ်ရဲ့.လက်တစ်ထောင်ကတောင်ဖြန့်ကာဆီးတားလို့ မရဘူးလို့လည်း ဆိုကြသတဲ့။ ဒီကားလေးမှာတော့ လူနှစ်ယောက်အတွက် အချစ်စစ်ဆိုတာ ဘယ်လိုအခြေအနေတွေကစပြီး ဘယ်လိုအချိန်အခါတွေမှာ သိနားလည်သွားခဲ့ကြလဲ… စီးမျောခံစားရမှာပါ။ Romanticဆန်ဆန်.Drama ကားလေးတွေကြိုက်တတ်တဲ့လူတွေအတွက်ဆိုရင် အာရှအချစ်ကားတွေကHeartထိစေတာများပါတယ်။ ဒီရုပ်ရှင်ကတော့ပရိတ်သတ်ရင်ထဲ အရောက်ဆုံးထိုင်းကားတွေထဲကတစ်ကားဖြစ်တဲ့ I FINE… THANK YOU, LOVE YOU ရဲ့ ဇာတ်လမ်းကျောရိုးကို ပြန်ယူပြီး ခံစားမှုအသစ်နဲ့ခံစားလို့ရအောင်ရိုက်ထားတဲ့ အင်ဒိုကားပါ။