-
Movie Name
-
My Bromance (2014)
-
Year
-
2014
-
Generes
-
-
Code
-
02851
-
Type
-
Movie
-
Size
-
768 MB
-
Country
-
Thai
-
Description
-
IMDb Rating 6.7 ရရှိထားပြီး
၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ My Bromance ကားလေးကတော့
အရမ်းကို hit ဖြစ်ခဲ့တဲ့ BL ကားလေးပါ ဇာတ်လမ်းလေးထဲမှာတော့ ညီအစ်ကိုဆိုတာ
တဖအေထဲ တမအေ ထဲ မွေးမှ ညီအစ်ကို မဟုတ်ပါဘူး
ဖနေမတူ မအေမတူ လဲ ချစ်တတ် ရင် ညီအစ်ကိုပါပဲဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်
ကဲ ပရိတ်သတ်ကြီးလဲ ကိုယ့် ညီတွေ အစ်ကိုတွေကို ချစ်တတ်ကြပါစေဗျာ
ဇာတ်လမ်းအကျဉ်းလေးကတော့ Golf ရဲ့အဖေဟာနောက်မိန်းမယူပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်။
ဒါပေမယ့်နောက်မိန်းမတင်မကပဲသူ့သားလေးပါ ပါလာခဲ့ပါတယ်
Golf ဟာတော်ရမယ့်မိထွေးကိုရောသူနဲ့အတူပါလာတဲ့
သူ့သားကိုပါလွန်စွာကြည့်မရမုန်းတီးခဲ့ပါတယ်
နောက်မိန်းမနဲ့ပါလာသောသားလေး Bank ဟာ Golf
နဲ့သက်တူရွယ်တူဆိုပေမယ့်သေးသေးကွေးကွေးလေးနဲ့
ချစ်စရာကောင်လေးတစ်ယောက်ပါ သူဟာ Golf ကိုအရမ်းသည်းခံပါတယ်၊
အတန်းထဲမှာဆိုလဲဖိနပ်ကအစလိုက်ပြီးကြိုးချည်ပေးတဲ့၊
အလိုက်သိတတ်တဲ့ကောင်လေးပါ
တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ချစ်ကြည်ရင်းနှီးမှုတွေရရှိုပြီး
ညီအစ်ကိုသံယောဇဉ်ဆိုတာထက်ပိုသွားခဲ့ကြပါတယ်….
ဒါပေမယ့်ဒီကိစ္စကိုသူငယ်ချင်းတွေကလက်ခံပါ့မလား၊
မိဘတွေကရောဒီအဖြစ်အပျက်ကိုခွင့်ပြုနိုင်ပါ့မလား…….
ကျောင်းသားနှစ်ယောက်ကြား၊ညီအစ်ကိုနှစ်ယောက်၊
ချစ်သူနှစ်ဦးကြားထင်မှတ်မထားတဲ့မုန်တိုင်းတွေ
ဝင်ရောက်တိုက်ခတ်ခဲ့ကြပြီးသူတို့နောက်ဆုံးအထိလက်တွဲသွားနိုင်ပါ့မလား…