Movie Name
Black Mirror Bandersnatch (2018)
Year
2018
Generes
Drama, Sci-Fi
Code
04848
Type
Movie
Size
640 MB
Country
Hollywood
Description
ဒီဇာတ်လမ်းပုံစံဟာလုံးဝအသစ်ပါ Netflixကတော့အဓိကဇာတ်သိမ်းငါးခုရှိတယ်လို့ပြောထားပါတယ တကယ်တော့အဲ့ထက်များပါတယ် ကျွန်တော်တို့ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ကိုယ့်ဇာတ်လမ်းကိုယ်ရွေးရတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ်အသက်သွင်းပေးထားတဲ့Netflixရဲ့ပထမဆုံးကားပါ ဇာတ်ကောင်ကရွေးချယ်မှုတစ်ခုလုပ်တာနဲ့အဲ့တာကပါကြည့်ရှု့သူအပေါ်သက်ရောက်အောင်စွမ်းဆောင်နိုင်ပါတယ် Basic storylineက1984ခုနှစ်ကလူငယ်ပရိုဂရမ်မာတစ်ယောက်ကိုအခြေခံထားတာဖြစ်ပြီး Bamdersnatchလို့ခေါ်တဲ့ရွေးချယ်မှုတွေနဲ့ဖတ်ရတဲ့စာအုပ်ပုံစံမျိုးကို ဂိမ်းအဖြစ်လုပ်ချင်တဲ့အိပ်မက်လေးတစ်ခုပဲသူ့တစ်ဘဝလုံးမှာရှိပါတယ် ဒါပေမယ့်အဲ့လောက်မရိုးစင်းခဲ့ပါဘူး ကျွန်တော်တို့ကိုယ်တိုင်ခံစားပြီးဇာတ်လမ်းကိုရွေးပေးရမှာပါ Spoilerမပါမှအရသာအပြည့်ကိုခံစားနိုင်မှာမို့ဒီလောက်ပဲပြောပြပါရစေ တစ်ခေါက်ထဲကြည့်ပြီးရိုးသွားမယ့်ကားမဟုတ်တဲ့အပြင် တစ်ခေါက်နဲ့တစ်ခေါက်ရတဲ့ခံစားချက်ကလည်းမတူစေရပါဘူး Bird boxလိုပုံမှန်sci-fiကားကြည့်ပြီးအချိန်ကုန်တာထက်တော့ဒီကားကအများကြီးပေးစွမ်းနိုင်ပါလိမ့်မယ်