Movie Name
Donnie Darko (2001)
Year
2001
Generes
Sci-Fi, Thriller
Code
04855
Type
Movie
Size
1.12 GB
Country
Hollywood
Description
ဒီကားကို Master Pieceကားတစ်ကားလို့ဆိုကြပါတယ်။ Personalအရပြောရမယ်ဆိုရင် Predestination.. Memento ..Prestige..InceptionShutter Island အစရှိသဖြင့် ကားတွေကတောင် ဒီကားရဲ့ လေးပုံတစ်ပုံလောက် ကျွန်တော့်ကို ခေါင်းမစားစေပါဘူး။ကျွန်တော်တို့ရဲ့ Legend Actorကြီး Jake Gyllanhaalနဲ့သူ့အမ Maggie Gyllanhaalတို့ကိုလည်း ဒီရုပ်ရှင်မှာ မောင်နှမတွေအဖြစ်တွေ့ရမှာပါ။ ဒီရုပ်ရှင်မှာ …4th Dimension ဝါ အပြိုင်စကြဝဋ္ဌာ အချိန်ခရီးသွားခြင်းသီအိုရီတွေ…ကမ္ဘာပျက်ကိန်းတစ်ခု. % buffered 00:00 -00:00 Download Your browser does not support the video tag. အိပ်မက်ယောင်လမ်းလျှောက်တတ်တဲ့ရောဂါ ဖောက်ထွက်တတ်တဲ့ အတွေးအခေါ်ရှိတဲ့လူငယ်လေးတစ်ယောက်နဲ့ ဆရာမတစ်ယောက် အဓိပ္ပါယ်မရှိတဲ့တက်ကျမ်းတွေနဲ့အောင်မြင်နေတဲ့လူတစ်ယောက် ဘဝအပေါ်မတူညီတဲ့အမြင်တွေ ကံတရားရဲ့ မယုံနိုင်လောက်စရာတွေ စိတ်ကုထုံးဆွေးနွေးမှုတွေတွေအပြင် တခြားအကြောင်းအရာပေါင်းစုံကို ၂နာရီမခွဲတဲ့ အချိန်ကလေးမှာ အကုန်လုံးထည့်သွားပါတယ်။ တစ်ကားလုံးအပြီးမှာ ခင်ဗျားမှာ မေးခွန်းတွေ သိပ်များသွားမှာ သေချာပါတယ်။ အဖြေရှိမရှိကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ ဒီကားထဲက အချိန်ခရီးသွားခြင်းနဲ့ပက်သက်တာတွေဟာ စိတ်ကူးယဉ်တာတွေမဟုတ်ပဲ တကယ့် သီအိုရီတွေဖြစ်ပါတယ်။ အကျယ်သိလိုက Stephan Hawkingရဲ့ A Brief History of Time မြန်မာပြန်PDFမှာ ဖတ်ရှုလို့ရပါတယ်။ 4th Dimension ဝါ..အပြိုင်စကြဝဋ္ဌာအကြောင်းတော့ ကျွန်တော်ဖတ်မှတ် နားလည်ထားသလောက်ရှင်းပြချင်ပါတယ်။ Donnie Darko ( Spoiler Alert) အရင်ဆုံးအနေနဲ့ ကျွန်တော်ရှင်းပြချင်တာက Tangent Universe(Parallel Universe)နဲ့ Primary Universe ပါ။ Tangent Universeကို ကျွန်တော်တို့ Fourth Dimensionလို့ ခေါ်ပါသေးတယ်။ Primary Universeကိုတော့ Third Dimensionsလို့ သိကြပါတယ်။ 4D ကို ဥပမာတစ်ခုပေးရရင် ရေခဲတုံးတစ်တုံးကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒါ လက်ရှိလောကရဲ့ 3D အမြင်ပါ။သို့ပေမဲ့ ရေခဲတုံးရဲ့ အချိန်ကာလတစ်ခုအလွန်မှာ အရည်ပျော်သွားမဲ့ ပုံစံကို ကျွန်တော်တို့ စိတ်က သိပြီးသားပါ။ ဒါကို ရေခဲတုံးရဲ့ 4D လို့ခေါ်ပါမယ်။ ရှင်းလင်းသိသာသွားအောင်ဆို ဥပမာတစ်ခုထပ်ပေးချင်ပါတယ်။ ယေဘုယျဥပမာပါပဲ။ သဘောတရားနားလည်ရုံပါ။ ကျွန်တော်တို့ မျက်စိနဲ့ မြင်မြင်နေသမျှ 3 Dimensionsက မလွတ်မြောက်သွားပါဘူး။ ဥပမာဆို..စားပွဲပေါ်တင်ထားတဲ့ ရေဘူးတစ်ဘူးကို ကြည့်လိုက်ပါ။ အရှေ့ဘက်နဲ့ ဘေးနှစ်ဖက်ကို ကောင်းကောင်းမြင်ရမှာပေမဲ့ နောက်ကျောဘက်ရှိနေပေမဲ့ ကျွန်တော်တို့ မမြင်နိုင်ပါဘူး။ မြင်ချင်တယ်ဆိုရင်တော့ အခုကြည့်နေတဲ့နေရာကနေ အချိန်နဲ့နေရာတစ်ချို့ကိုဖြတ်ပြီး ကျောဘက်ခြမ်းက ပြန်ကြည့်တဲ့အခါ မြင်နိုင်ပါမယ်။ ဒီဥပမာက 4Dဟာ အချိန်နဲ့နေရာရဲ့ သက်ရောက်မှု ဝါ အချိန်နဲ့နေရာကြောင့်ဖြစ်လာတာကို ရှင်းပြရုံသက်သက်ပါပဲ။. ပြောရရင် အချိန်ဆိုတာ 4th Dimensionပါပဲ ဒီတော့ ဆိုလိုတာက ကျွန်တော်တို့် လက်ရှိအဖြစ်အပျက်တွေ တည်ရှိမှုတွေရဲ့ Parallelမှာ 4D ကမ္ဘာတစ်ခုရှိနေပါတယ်။ parallel universe or Tangent Universr or 4D ကမ္ဘာတစ်ခုဟာ ကျွန်တော်တို့နဲ့ ဖြစ်ပျက်ချိန် အရင်နဲ့နောက်ပြီး အချိန်ဘယ်ရွေ့ဘယ်မျှ ကွာမယ်တိတိပပ ပြောမရပေမဲ့ ရှိနေပါတယ်။ ဒီလောက်ဆို 4th Dimensionကို ရှင်းလောက်ပါပြီ။ ကျန်တာတွေကို ဆက်ရှင်းပြချင်ပေမဲ့ Spoilerဖြစ်မှာ စိုးတာမို့ မရှင်းတော့ပါဘူး။ ဇာတ်ကြောင်းအကျဉ်းကတော့ အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်ဟာ အိပ်မက်ယောင်ရင်းလမ်းလျှောက်ရာကပြန်လာတဲ့အခါ သူ့အခန်း သူ့ကုတင်တည့်တည့်ကို ပြုတ်ကျလာတဲ့ ဂျက်အင်ဂျင်ကြီးအတွက် လူတွေစုဝေးနေတာကိုတွေ့ရပါတယ်။ သူသာ အိပ်မက်ယောင်ပြီးလမ်းလျှောက်မနေရင် သူသေမှာပါ။ သူ့ကို ဒီအဖြစ်ကကယ်တင်ပေးလိုက်တယ်လို့ ယူဆရတာကတော့ ၆ပေရှိတဲ့ ယုန်ဝတ်စုံ ယုန်ခေါင်းစွပ်ကြီးနဲ့ တစ်စုံတစ်ရာပါ အဲ့ဒီဝတ်စုံထဲက တစ်စုံတစ်ရာက သူ့ကို ကမ္ဘာကြီးအဆုံးသတ်တော့မဲ့ အချိန်ကို ပြောပြသွားပါတယ်။ ယုန်ခေါင်းစွပ်ထဲကရော ဘယ်သူလဲ ကမ္ဘာကြီးကရော တကယ်အဆုံးသတ်မှာလား. အချိန်ခရီးသွားတာကရော ဖြစ်နိုင်မှာလား အစရှိသဖြင့်.. လားပေါင်းများစွာကို တွေ့ရမှာပါ။ ဘဝဆိုတာ အိပ်မက်တစ်ခုပါပဲတဲ့. ဒါဆို အိပ်မက်ကရော ဘဝတစ်ခု ဖြစ်ခဲ့မလား… အကြောင်းတရားတွေဟာ နဂါးခေါင်းဘယ်ဘက်လှည့်မလဲ မသိရသလို အဆိုးအကောင်းတွေ မရေမရာဒွန်တွဲနေပါတယ်။ လူတိုင်းဘဝမှာ ထင်မှတ်မထားတဲ့ အံ့သြဆန်းကြယ် ဖြစ်ရပ် တစ်ခုကို တစ်ကြိမ်တစ်ခါတော့ ကြုံကြိုက်ရမှာပါ။ ဒီအဖြစ်အပျက်ကတော့ မြောက်များလှစွာသော ဘဝတွေထဲက ဘဝတစ်ခုပေါ်ပြုတ်ကျခဲ့တဲ့ အံ့သြစရာဖြစ်ရပ်တစ်ခုပါပဲ။