-
Movie Name
-
Confession Of Murder (2012)
-
Year
-
2012
-
Generes
-
Action, Crime, Thriller
-
Code
-
01764
-
Type
-
Movie
-
Size
-
0.97 GB
-
Country
-
Korea
-
Description
-
ကိုရီးယား အကောင်းဆုံး Thriller Collection ရုပ်ရှင်တွေထဲက တကားအပါအဝင်ဖြစ်တဲ့ ယခု ရုပ်ရှင်ကားက စာရင်းထဲပါမယ်ဆိုလည်း ပါနိုင်လောက်အောင်ပင် ဇာတ်လမ်း ဇာတ်အိမ်ဖွဲ့စည်းမှု မှာ ကျစ်လစ်လွန်း ပီပြင်လွန်းပါသည်။သွက်လက်သော ဇာတ်အိမ်ဖွဲ့စည်းမှု များဖြင့် တကားလုံးကို ဆွဲခေါ်စေနိုင်သည်။ထောက်လှမ်းရေးရုပ်ရှင်ကားပီပီ တွေးစရာတွေ ဇာတ်အိမ်မြှု ပ်ကွက်တွေဖြင့် ပရိသတ်အပေါ်ကို ဒရစပ် ဖမ်းစားနိုင်ခဲ့သည်။အထူးသဖြင့် အက်ရှင်ခန်းတွေ အသက်ဝင်တာကလည်း အဓိကကျပါသည်။
စစချင်း အဖွင့်ဇာတ်အိမ်မှာပင် ဆိုင်ခန်းထဲကို လူတစ်ယောက် ဝုန်းခနဲ ဝင်လာကာ ကော်ဖီသောက်နေသူအား အတင်းဝင်၍ ထိုးကြိတ်ပစ်သည်။ထိုးကြိတ်ခံရသူက ရဲအရာရှိ စုံထောက်တစ်ဦး။ဆိုရလျှင် အသတ်အပုတ် အတိုက်အခိုက် ပညာကို ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။သို့ဖြစ်စေကာမူ လာရောက်သတ်ပုတ်သူအား အနိုင်ရအောင် မတိုက်ခိုက်နိုင်ချေ။ လာရောက်တိုက်ခိုက်သူက သူဖမ်းဆီးနေသော လူသတ်သမား တစ်ဦး ဖြစ်၏။သူ့ကြောင့်ပင် နိုင်ငံတစ်ခုလုံး ထိတ်လန့်နေရ၏ ။အသတ်ခံရသည့် မိန်းခလေးတွေ မိသားစုတွေ မနည်းတော့ ။ထောက်လှမ်းရေး အရာရှိ၏ ချစ်သူပင်ပါသည်။
ပထမဆုံး ဇာတ်အိမ် အဖွင့် သတ်ပုတ်ခန်းသည် ယင်းလူသတ်သမား၏ နောက်ဆုံး အသက်အန္တရာယ်ပြု မှု ဖြစ်၏။စုံထောက်ဖြစ်သူလည်း မဖမ်းဆီးနိုင်ခဲ့ပေ။သူ့နှု တ်ခမ်းကိုပင် မှန်ကွဲစဖြင့် ဆွဲဖြဲပြီး ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင် သူပျောက်ကွယ်သွား၏။လက်သည်မပေါ်သော အမှု စာရင်းထဲကို ထည့်လိုက်ရတော့၏။ကာယကံရှင် မိသားစုအပေါင်းကမူ ယင်းလူသတ်သမားအပေါ် တန်ပြန်လိုစိတ်၏ ခံစားမှု ဒဏ်ကို ခံနေကြရတော့သည်။အထူးသဖြင့် စုံထောက်ကြီး Choiမှာ ပို၍ စိတ္တဖြစ်ကျန်ရစ်နေခဲ့ရ၏။သတ်ဖြတ်ခံကြရတဲ့ မိသားစုတွေ၏ ဖိအားပေးမှု နှင့် လက်တကမ်းအကွာ ပစ်ခတ်ဖမ်းဆီးချိန်မှာမှ အနိုင်ပိုင်းလွတ်မြောက်သွားသည့် ဖြစ်ရပ်၏ ထိုးနှက်မှု ဒဏ်ကြောင့် စိတ်ပန်း လူပန်းလျက် ရှိနေခဲ့ရှာသည်။ထိုအရာတွေ ပြီးပျက်စေဖို့ရာက ထိုလူသတ်သမားကို ဖမ်းဆီးနိုင်မှရပေမည်။သို့ဖြစ်စေကာမူ ဖမ်ဆီးနိုင်ခွင့်ကာလအပိုင်းအခြား သက်တမ်းကို ကျော်လွန်ခဲ့ပြီ။လက်ရှိကာလမှာ ဖမ်းဆီးနိုင်ဦးတောင် သက်သေမရှိခြင်း ။သဲလွန်စမရှိခြင်း။လူသတ်သမား၏ သွင်ပြင်ကို မဖော်ထုတ်နိုင်ခြင်းနှင့် ဖမ်းဆီးခွင့်ဝရမ်း နှစ်ကာလ ကျော်လွန်ခဲ့ပြီဖြစ်သောကြောင့် ဖမ်းဆီးနိုင်ခွင့် မရှိတော့ချေ ။
% buffered
00:00
-00:14
Download
Your browser does not support the video tag.
ထိုအချိန်မှာပင် အံ့သြဖွယ်ရာ အဖြစ်အပျက်တစ်ခု ပေါ်လာသည်။လူသတ်သမားဆိုပြီး သူကိုယ်သူ ဖော်ထုတ်လာသည့် ပုဂ္ဂို လ်တစ်ယောက်ပေါ်ပေါက်လာခြင်းဖြစ်လေသည်။သူက သူလူသတ်သမားဖြစ်သည်ဆိုတာကို ဝန်ခံချက်စာအုပ်ဖြင့် စာအုပ်ထဲမှာ သူသတ်ဖြတ်ခဲ့ပုံများအား နေ့ရက် အချိန် နာမည် အတိအကျဖြင့် စေ့စေ့ငင ရေးသားထားလေသည်။သူ့နာမည်က Lee Doo-seok ဟု အမည်ရ၏။လူထုအကြား အထူးသဖြင့် ဣတ္ထိယ နှု တ်ခမ်းနီမလေးများအကြားဝယ် ပို၍ လှု ပ်ခတ်စေသည်မှာ ထိုပုဂ္ဂို လ်၏ ပုံပန်းသည် ချောမောလွန်း၍ နှု တ်ခမ်းနီမလေးများအကြား ကရုဏာသက်ဖွယ်ပုံပေါက်နေလေ၏။သူကို လူသတ်သမားဆိုတာ လက်မခံကြ။အခုလို အမှားများအား ဝန်ခံပါတယ်ဆိုတော့ အလွယ်တကူ ခွင့်လွှတ်ကြ ထောက်ခံကြလေသည်။သူ့အား ထောက်ခံကြ၏။သူသွားရာ တကောက်ကောက်လိုက်ကြသည်။တီဗီဖွင့်လိုက်တိုင်းလည်း သူ့သတင်းချည်းပင် ။
Lee Doo-seok က သူသည် စစ်မှန်သော လူသတ်သမား တစ်ယောက်ဖြစ်သည်ဆိုတာ ပိုမိုသက်သေပြနိုင်ဖို့အတွက် အဓိက အမှု ကိုင်ဖြစ်သူ စုံထောက် Choi ကို ဦးတည် သည်။သူနှင့်စကားပြောဖို့ ဖိတ်ခေါ်သည်။Choiခမျာ ပို၍ သိက္ခာကျရပြန်သည်။ ထို ဝန်ခံချက်စာအုပ်က လူထုအကြားတွင် ပေါက်ချက်ပြင်းစာအုပ်ဖြစ်သွားလေသည်။မီဒီယာတွေကလည်း ငုင်းကိစ္စကိုသာ အဓိကဇောင်းပေး၍ ဖော်ပြနေကြသည်။ထို လူသတ်သမား ဆိုသူ Lee Doo-seok အား အခဲမကြေ လက်စားချေလိုသူတွေကလည်း လက်တုံ့ပြန်နိုင်ဖို့ရာအတွက် ကြံစည်နေကြလေသည်။Lee Doo-seokကမူ သန်းကြွယ်သူဌေးပင် ဖြစ်သွားလေပြီ။သူက စာအုပ်ရောင်းရငွေ သန်းနှစ်ဆယ်အား သူ့ကြောင့် စိတ်ထိခိုက်ခဲ့ကြရတဲ့ ကျန်ရစ်သူ မိသားစုတွေအား ပြန်၍ လှူ ဒါန်းမည်ဟု ပြောလိုက်သောအခါ ပြည်သူများအကြား ဝက်ဝက်ကွဲ ဂယက်ရိုက်သွားသည်။
Choi ခမျာလည်း Lee Doo-seok အား လူသတ်သမား အဖြစ် သက်သေပြနိုင်ဖို့ ။ဟုတ်မဟုတ်နှင့်အတူ သူ၏ ကိုယ်ရည်ကိုယ်သွေးအား ကဲ့ရဲ့ပြု နေခဲ့သည့် ယင်းလူသတ်သမားအပေါ် တဖန်ပြန်အနိုင်ယူနိုင်ဖို့ရာအတွက် သူဖိတ်ခေါ်သော Debateအား လက်ခံလိုက်ပြီး နောက်မှာ ။
Lee Doo-seok ကို ဖမ်းလို့ရနိုင်မှာလား။
Lee Doo-seokအား လုပ်ကြံမည့် လူတွေလက်ကနေ Choi တစ်ယောက် ကာကွယ်နိုင်ဖို့ ။
နောက်တစ်ခုက ယခု သူ့ရဲ့ ဝန်ခံချက်က အတုအပ ဟုတ်မဟုတ်နှင့် Choi၏ နှစ်ပေါင်းများစွာ ချစ်သူအတွက် ခံစားခဲ့ရသော စိတ်ဝေဒနာနှင့် ရဲတို့လိုက်နာရမည့် ဥပဒေစည်းမျဉ်းများအောက်မှာ ဘယ်လိုရပ်တည်မလဲ။
သူအမြဲရှုံးခဲ့ရတဲ့ လူသတ်သမားအပေါ် ဘယ်လို အနိုင်ယူနိုင်ပါ့မလား။ အနိုင်ရောယူနိုင်မှာလား။
မြှု ပ်ကွက်များစွာကို အခြေခံရိုက်ထားသည့် ယခုဇာတ်ကားအား ကျွန်တော်ရေးသားတင်ပြသမျှသည် နဲနဲကလေးမှပင် ဇာတ်၏ အဓိက အကြောင်းအရာများအား ထိခိုက်မှု မရှိကြောင်း ပြောကြားလိုပါသည်။
ခံစားသူ ပရိသတ်တစ်ယောက်ပီပီ ယခုဇာတ်ကားထဲ၌ မဆိုစလောက်သော ဟာကွက်ကလေးတွေအား တွေ့ခဲ့ရသော်လည်း ထည့်သွင်းပြောပြလျှင် Spoiler ဖြစ်သွားမည် စိုး၍ ချန်လှပ်ခဲ့ပါသည်။
အချု ပိအားဖြင့် ပြောရလျှင် စုံထောက်အက်ရှင်ကား ကောင်းကောင်း ကြည့်လိုသူများအတွက် လုံးဝလက်လွတ်မခံသင့်သော ဇာတ်ကားကောင်း တစ်ကားဖြစ်သည်ဟုသာ ပြောရင်းဖြင့် ။
ညီလင်းအိမ်