-
Movie Name
-
Helios (2015)
-
Year
-
2015
-
Generes
-
Action, Crime, Sci-Fi
-
Code
-
01768
-
Type
-
Movie
-
Size
-
0.99 GB
-
Country
-
China
-
Description
-
သည်းထိတ်ရင်ဖို မှုခင်းအက်ရှင်ဇာတ်ကား နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဟောင်ကောင်အက်ရှင်လေးကို ဒီနေ့အတွက် ရွေးချယ်ထားပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်က ဟောင်ကောင်၊ တရုတ်ပြည်မကြီး၊ တိုင်ပေနဲ့ တောင်ကိုရီးယား သရုပ်ဆောင်တွေ တစုတစည်းတည်း ပါဝင်ထားတာပဲဖြစ်ပါ တယ်။
တောင်ကိုရီးယားအစိုးရက အလိုရှိနေတဲ့ ထိပ်တန်းဒုစရိုက် ကောင် Helios ဆိုသူနဲ့ သူ့ လက်ထောက် Messenger တို့ဟာ တောင်ကိုရီးယားစစ်တပ်က လျှို့ဝှက်တီထွင်ထားတဲ့ နျူကလီးယား ဓာတုလက်နက်ငယ် DC 8 ကို အကြမ်းထည် ပစ္စည်း ၁၆ ခုနဲ့ အတူ အောင်မြင်စွာခိုးယူသွားခဲ့ပါ တယ်။ Helios ဟာ အဲဒီလက်နက် ကို ဟောင်ကောင်မှာ မှောင်ခို ရောင်းဝယ်မယ်ဆိုတဲ့သတင်း အရ ဟောင်ကောင်၊ တရုတ်ပြည် မကြီးနဲ့ တောင်ကိုရီးယားရဲဌာနချုပ်တွေ ဖြန့်ကြက်ရှာဖွေစုံစမ်းပါတော့တယ်။
အဲဒီကိစ္စကို ဖြေရှင်းဖို့ အတွက် ဟောင်ကောင်မှာ အရေးပေါ်တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး အဖွဲ့ ထဲမှာ ဟောင်ကောင်မှုခင်းနှိမ်နင်း ရေးအဖွဲ့က စုံထောက်အကြီးအကဲ လီယင်းမင်၊ တရုတ်ပြည်မကြီးက အစိုးရအရာရှိ ဆောင်အန်း၊ တောင်ကိုရီးယားလက်နက်ကျွမ်း ကျင်ပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချွိုင်မင်ဟိုနဲ့ ပါ့ခ်ဝူချွဲတို့ပါဝင်ပြီး Helios ခိုးသွားတဲ့ လက်နက်ကို ခြေရာခံ စုံစမ်းခဲ့ကြပါတယ်။ ဒီစစ်ဆင်ရေးအတွက် အကြံပေး အဖြစ် ဟောင်ကောင်တက္ကသိုလ် က ရူပဗေဒပါမောက္ခ စွေ့ချီရန်ကို လည်း လီယင်းမင်က ဖိတ်ကြား ပါဝင်စေခဲ့ပါတယ်။
လက်နက်ပညာရှင် ချွိုင်က Helios ကို အမြန်ဖမ်းမိပြီး DC 8 ကိုပြန်သိမ်းကာ တောင်ကိုရီးယား စစ်တပ်ရဲ့ လျှို့ဝှက်စမ်းသပ်မှုကို မပေါက်ကြားအောင်လုပ်ချင်သလို တရုတ်အစိုးရအရာရှိ ဆောင်အန်းကတော့ တရုတ်နိုင်ငံတစ်လွှားက ရာဇဝတ်မှုတွေချုပ် ငြိမ်းစေဖို့ ရည်ရွယ်ထားပြီးဟောင်ကောင်ဘက်ကစုံထောက်လီနဲ့ ပါမောက္ခစွေ့တို့ကတော့ ဟောင်ကောင်မှုခင်းနှိမ်နင်းရေးအဖွဲ့ရဲ့ ဖိအားပေးမှုကို ကျော်လွှားဖို့အတွက် ရည်ရွယ်ချက်ကိုယ်စီနဲ့ Helios ရှာဖွေမှုတွေ လုပ်ခဲ့ကြပါတယ်။
အချိန်နဲ့မလပ် စုံစမ်းစစ်ဆေးခဲ့တာကြောင့် တစ်ရက်မှာတော့ Messenger ကိုဖမ်းမိခဲ့ပြီး DC 8 ဟာ ဟောင်ကောင်ရဲဌာန လက်ထဲမှာရောက်နေတာကြောင့် တရုတ်ပြည်မကြီးနဲ့ တောင်ကိုရီးယားတို့ကလည်း လက်နက်ရရှိ ရေးအတွက် အချင်းချင်းတိုက်ခိုက်တာမျိုးတွေဖြစ်လာပါတော့တယ်။ အဲဒါနဲ့ တခြားတစ်ဖက်မှာတော့ Helios ဟာ မကာအိုဘက်မှာပေါ်လာပြီး လက်တုံ့ပြန်ကာ DC 8 ကိုပြန်ခိုးယူနိုင်ဖို့ စီစဉ်နေတာကြောင့် နိုင်ငံစုံ အထူးတပ်ဖွဲ့နဲ့ Helios ဘယ်လိုရင်ဆိုင်ရဦးမှာလဲ။ DC 8 ထပ်ပြီးအခိုးခံရဦးမှာ လားဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါဦး။ ဒီဇာတ်ကားထဲမှာ ဂျက်ကီချွမ်၊ နစ်ခ်ချွမ်၊ ဝမ်ရွှယ်ချီ၊ ချန်ချန်း၊ ဂျီဂျင်ဟီး၊ ချွိုင်ဆီဝန် စတဲ့ သရုပ်ဆောင်တွေပါဝင်ထားပါတယ်။