-
Movie Name
-
The Fountain (2006)
-
Year
-
2005
-
Generes
-
Drama, Sci-Fi
-
Code
-
04867
-
Type
-
Movie
-
Size
-
830 MB
-
Country
-
Hollywood
-
Description
-
IMDb….7.3
ဒီကားကိုဒေါင်းမကြည့်ခင်ပြောလိုတာကတော့ Pulp Fiction (1994) နဲ့ Memento (2000)
သဘောကျတဲ့သူဆိုရင်တော့ ဒီကားကိုဒေါင်းကြည့်ပါလို့ပြောချင်တယ်… ကျွန်တော်ပြောတဲ့ကားတွေ
ကိုသဘောမကျဘူးဆိုရင်ဒေါင်းမကြည့်ပါနဲ့… ခင်ဗျားတို့အတွက် ဘာကားကြီးမှန်းမသိဘူးလို့ စိတ်ပျက်လက်ပျက်
ရေရွတ်မိလိမ့်မယ်…
အထက်ပါပြောတဲ့ကားတွေလို ခမ်းနားလားမခမ်းနားလားမသိပေမယ့် concept တွေချိတ်ဆက်တဲ့နေရာမှာတော့
တော်တော်ကြီးကို မိုက်တယ်…
ဇာတ်လမ်းကတော့ Tommy ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ နေ့ရှိသမျှ ဓာတ်ခွဲခန်းထဲမှာပဲကုန်ဆုံးနေတယ်…
ဘာကြောင့်လဲဆိုတော့ အဆိုးဆုံးအဆင့်ရောက်ရှိတဲ့cancer ရောဂါသည် သူ့မိန်းမကို ကုသနိုင်ဖို့အတွက်
ကုထုံးကိုအဖြေရှာနေလို့ပါ…..
ဇနီးဖြစ်သူက သေခြင်းတရားကိုလက်ခံနိုင်ပေမယ့် သူကတော့ ကမ္ဘာဆုံးထိ
ဖြေရှင်းစရာနည်းလမ်းကိုရဖို့ ကြိုးစားမယ့် လူတစ်ယောက်လိုပါပဲ…
ကိုင်း သူအဖြေရှာနိုင်မလား….
ကျွန်တော့်တို့ရဲ့ X Men မင်းသားကြီး Hugh Jackman ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဆု(၉)ဆု
အခြားဆန်ကာတင်(၃၄)ဆုလည်းရရှိထားပါတယ်…
ခံစားကြည့်လိုက်ပါဦး …
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scarlett May ဖြစ်ပါတယ်