-
Movie Name
-
Sweet Dreams
-
Year
-
2018
-
Generes
-
Comedy, Romance
-
Code
-
SC0114
-
Type
-
Series
-
Size
-
22 GB
-
Country
-
China
-
Description
-
💖တထောင့်တည အိပ်မက်လှလှများ 😴😴
Jun 25, 2018 မှ စတင်ပြသတဲ့ Ongoing တရုတ်ဇာတ်လမ်းတွဲလေးပါ
မင်းသမီး မင်းသားလည်းချော ဇာတ်လမ်းလေးကလည်း ချစ်စရာကောင်း
Romance ရော ဟာသလေးရော စိတ်ကူးယဉ်တွေရောပါတဲ့အပြင်
Effect တွေလည်း မဆိုးဘဲ နောက်ခံ sceneတွေကလည်း ပန်းတွေနဲ့လှပနေတာကြောင့်
ကြည့်သူတိုင်း ကြိုက်သွားစေမယ့် ကားကောင်းလေးပါ
ဇာတ်လမ်းအကျဉ်းကတော့ …
လင်းလင်းချီး က ဖြူစင်ရိုးသားကြင်နာတတ်သူပါ
သူတပါးကို အမြဲကူညီတတ်ပြီး ပျော်ပျော်နေတတ်ပေမယ့်
ကိုယ့်ကိုစိတ်အားငယ်တတ်သူ အားနွဲ့သူတယောက်ပါ
တနေ့ လင်းလင်းချီး အသည်းကွဲငိုနေတဲ့အချိန်မှာ
လူတယောက် သူမကို ပန်းစည်းလေးပေးခဲ့ပါတယ်
မျက်နှာတော့ မမြင်လိုက်မိပေမယ့်
အဲ့ထဲက စာသားလေးကြောင့် သူမ စိတ်အားတက်စေခဲ့ပါတယ်
ပန်းစည်းမှာ Flower plus ဆိုပြီးပါခဲ့တာကြောင့်
ဟွားကျား Flower plus ကုမ္ပဏီပိုုင်ရှင်က
ပန်းအလှဆင်ပညာရှင် ပေါ်ဟိုင်ဆိုတာ သိပြီး ကြိုက်ကြွေခဲ့ပါတယ်
တနေ့တော့ ပေါ်ဟိုင်နဲ့ လင်းလင်းချီးတို့
သိပ္ပံနည်းကျ အိပ်မက်ကို သုသေတနလုပ်တဲ့ကုမ္ပဏီရဲ့ နည်းပညာမြင့်မားတဲ့
လက်ကောက်စမ်းသပ်မှုမှာ အစမ်းသပ်ခံ ပါဝင်ခဲ့ကြပါတယ်
အဲ့လက်ကောက်ကြောင့် လင်းလင်းချီးရဲ့ဦးနှောက်လှိုင်းက ပေါ်ဟိုင်ရဲ့အိပ်မက်ထဲ ဝင်ခွင့်ရခဲ့ပါတယ်
အိပ်မက်ထဲမှာ အမြဲအိပ်မက်ဆိုးတွေ မက်လေ့ရှိတဲ့ ပေါ်ဟိုင်တယောက်ကို
လင်းလင်းချီးက အမြဲကူပေးပြီး အိပ်မက်လှလှများ ဖြစ်သွားသောအခါ…
အပြင်ဘဝမှာလည်း ပေါ်ဟိုင်နဲ့ နီးစပ်ဖို့
သူမ Flower Plus က ပန်းအလှဆင်ပညာရှင်ဖြစ်အောင် ကြိုးစားခဲ့ရာ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့…
💘လင်းလင်းချီး အဖြစ် မင်းသမီးချော Dilraba
💘ပေါ်ဟိုင်အဖြစ် မင်းသားချော Deng Lun တို့ပါဝင်ပါတယ်