Movie Name
Vampire Cop Ricky (2006)
Year
2006
Generes
Action, Comedy, Crime
Code
01784
Type
Movie
Size
797 MB
Country
Korea
Description
၂၀၀၆ ခုနှစ်ကထွက်ရှိထားတဲ့ Action / Comedy ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ဟာသဆန်ဆန်နဲ့ အလွဲတွေလုပ်တတ်တဲ့ ရဲစုံထောက်ကြီးကို နောက်ခံထားရိုက်ထားတာဖြစ်ပြီးတော့ ကြည့်ဘူးသမျှ ကိုရီးယားကားတွေထဲမှာ သဘောကျမိတဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် မင်းသားအဖြစ် Su ro Kim ကပါဝင်သရုပ်ဆောင်ထားပြီး သူ့ကို စတင်သိကျွမ်းခဲ့တာကတော့ Tae Gauk Gi ဆိုတဲ့ကိုရီးယားစစ်ကားမှာ ရင်းနှီးခဲ့တာပါ မင်းသမီးကတော့ Yoo Jeong Hee ဖြစ်ပြီးတော့ သူ့ကို စတင်သိခဲ့တာကတော့ ဂျွန်စောနဲ့ ရိုက်ကူးထားတဲ့ Obsession ဆိုတဲ့ 18+ ကားနဲ့ Servant ဆိုတဲ့ ၂ကားမှာ ရင်နှီးခဲ့တာပါ မင်းသမီးရဲ့ ကြာဆန်ဆန် အကြည့်လေးတွေနဲ့ သူ့ရဲ့မထိတထိ ချစ်စရာအမူအရာလေးတွေကြောင့် အသေ သဘောကျမိခဲ့တဲ့မင်းသမီးပါ ကဲ ဇ ာတ်လမ်းလေးအကျဉ်းလေးဖက်ကို သွားလိုက်ရအောင် ဇာတ်လမ်းလေးက သွေးစုပ်ဖုတ်ကောင်တို့ပျော်မြူးရာ Transylvania ကခြင်တစ်ကောင်ဟာ တောင်ကိုရီးယား Souel ကိုရောက်လာပြီး သောက်တလွဲစုံထောက်ကြီး Ricky ကို အမှုလိုက်နေတုန်းမှာ လည်ချောင်းသွေးကို လာစုပ်လိုက်ပါတယ် ကို Ricky တစ်ယောက်သိပ်မကြာခင်မှာပဲ Vampire တကောင်အဖြစ်ပြောင်းလဲသွားပြီးတော့ Super power တွေရလာပါတော့တယ် ရဲစုံထောက်ကြီး Ricky တစ်ယောက်တလွဲအသုံးချဖို့ ကြိုးစားပြီး သူ့ကိုထားခဲ့တဲ့ Ex girl friend ကို လက်စားချေဖို့အစီအစဉ်တွေချပါတာ့တယ် ကဲဗျာ ကို Ricky တစ်ယောက် ဘယ်လို တွေ ဆက်ဖြစ်မယ် ဘာတွေဆက်လုပ်မယ်ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဆက်ကြည့်လိုက်ပါတော့ဗျ ??