Movie Name
Veteran (2015)
Year
2015
Generes
Action, Comedy, Crime
Code
01785
Type
Movie
Size
892 MB
Country
Korea
Description
အာရှရဲ့ မြန်နှု န်းမြင့်တိုးတက်လာတဲ့ ရုပ်ရှင်ကဏ္ဍတွေမှာ ကိုရီယားရုပ်ရှင်တွေကလည်း ထိပ်ဆုံးမှာရှိနေတာ အားလုံးအသိပါ။တစ်ခု စိတ်မကောင်းစရာတစ်ခုက ကိုရီယားရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ပရိသတ်အများစုက စီးရီးတွေကို ဦးဆုံးမြင်နေကြတာပါပဲ။စီးရီးတွေကလည်း မကောင်းဘူးလို့ပြောလိုတာမဟုတ်ပါဘူး။ဒါပေမယ့် စီးရီးဆိုကတည်းက အများသူငါ % buffered 00:00 -00:12 Download Your browser does not support the video tag. ခြုံ ငုံကြည့်လို့ရအောင် ပုံစံခွက်ထဲကနေသာ ရိုက်ကူးတဲ့ ကားတွေများပါတယ်။တကယ့်ကို ရုပ်ရှင်ကားတစ်ကားရဲ့ ပြီးပြည့်စုံကောင်းမွန်တဲ့ ဇာတ်ကားအများစုကိုတော့ ရုပ်ရှင်ကားတွေမှာပဲ တွေ့နိုင်ပါတယ်။ကိုရီယားရုပ်ရှင်ကားတွေမှာ စီးရီးတွေနဲ့ကွဲလွဲစွာ သဘာဝကျတဲ့ သရုပ်ဆောင်တွေနဲ့သာ အဓိကထားရိုက်ကူးထားတယ်ဆိုတာ တွေ့ကြရမှာပါ။ ကျွန်တော်က ကိုရီးယားရုပ်ရှင်တွေ သိပ်ညွှန်းနေလို့ ပိုလွန်းလိုက်တာလို့များ သံသယဖြစ်မိနေရင် ကမ္ဘာ့အဆင့်ရုပ်ရှင်ဝေဖန်ရေးပညာရှင် တွေရေးတဲ့ စာရင်းတွေကို လိုက်ရှာပြီးဖတ်ကြည့်ပါက ကိုရီးယားရုပ်ရှင်ကားတွေပါနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ပြောလိုတာက ကိုရီယားကားဆိုရင် စီးရီးတွေချည်း အာရုံစိုက်မနေနဲ့ပဲ ရုပ်ရှင်ကားတွေလည်း ကြည့်ကြပါဦး။ ကျွန်တော်ရောက်ဘူးသမျှ အခွေဆိုင်တွေမှာဆိုရင် ကိုရီးယားရုပ်ရှင်ကားကောင်းတွေ ဖုန်တက်နေတာကိုချည်း မြင်နေရတဲ့အတွက်ပါ။ရုပ်ရှင်ကားကောင်းတွေ ကြည့်ဖြစ်စေလိုတဲ့ စေတနာနဲ့သာ ပြောဆိုခြင်းဖြစ်ကြောင်းကိုတော့ နားလည်စေချင်ပါတယ်။ ဖြစ်တည်မှု ကိုပဲ ဇောင်းပေးပြတဲ့ သူတို့ရုပ်ရှင်အများစုရဲ့ အိုက်ဒီယာတွေက ထပ်နေပေမယ့် သဘာဝကျခြင်း ဆက်တင်နောက်ခံများ ပီပြင်ခြင်း စတဲ့ အချက်အလက်တွေကြောင့် ကိုရီယားရုပ်ရှင်တွေက မကြည့်ရမနေနိုင်လောက်အောင် ဆွဲဆောင်မှု ကောင်းလွန်းပါတယ်။ အဲဒီထဲမှာမှ ရိုးရှင်းတဲ့ ဇာတ်အိမ်တွေနဲ့ ဆွဲခေါ်သွားတဲ့ ယခု ဇာတ်ကားလေးကလည်း ကြည့်ရှု သူတွေအဖို့ စိတ်ကျေနပ်မှု တွေ ရရှိစေမှာပါ ။ဇာတ်လမ်းအသွားအလာက ဘောလိဝုဒ်ရုပ်ရှင်ကားတွေနဲ့ သိပ်ဆင်ပါတယ်။ဘောလိဝုဒ် အက်ရှင်ကားအများစုကို ကြည့်ဘူးကြမှာပါ ။ဗီလိန်က ကိုယ့်နယ်မြေထဲက သြဇာအာဏာရှိသူတွေကို အိတ်ကပ်ထဲ အသုံးအဆောင်ထည့်သလိုမျို း အသာလေးထည့်ထားနိုင်သူ ။ပြီးတော့ နိုင်ငံရေး ရွေးကောက်ပွဲတွေမှာလည်း အနိုင်ရဖို့ကြို းစားနေသူ။ ယင်းပုဂ္ဂို လ်က သူ့ရဲ့သြဇာအာဏာတည်မြဲဖို့အတွက် သူ့အပေါ်မထောက်ခံသူတွေကို အင်အား အာဏာနဲ့ဖိနှိပ်လိုက်ချိန် မင်းသားနဲ့ ငြိသွား။နောက်တော့ မင်းသားက အဲဒီလူအင်အားစုကို သူရဲကောင်းတစ်ဦးလို ဖြို ခွဲပစ်လိုက်တယ်။မတရားမှု ကို တရားသောသူက အနိုင်ယူပစ်လိုက်တယ်ပေါ့ ။ ကျွန်တော်တို့ဆီက မြန်မာပရိသတ်တွေကလည်း အဲဒီလိုရုပ်ရှင်ကားမျို းဆို သိပ်ကြို က်ကြတော့ အခွေဆိုင်တွေမှာဆိုရင် ဘောလိဝုဒ်ရုပ်ရှင်ကားချပ်တွေက ရောင်းအကောင်းဆုံးပါ ။ယခု Veteran ရုပ်ရှင်ကားကလည်း အထက်ကပြောပြခဲ့တဲ့ ဘောလိဝုဒ် ဇာတ်ကားမျို းပါပဲ။ စစ်တပ်ဘက်ကနေ ရဲဌာနဘက်ပြောင်းပြီး တာဝန်ထမ်းဆောင်နေတဲ့ စုံထောက်အရာရှိ Seo Do cheol က ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဖြစ်ကာ လာဘ်ပေးလာဘ်ယူမှု ကင်းတဲ့ ဝန်ထမ်းကောင်းတစ်ဦးဖြစ်ပါတယ်။အဂတိကင်းရှင်းတဲ့ ဝန်ထမ်းတစ်ဦးနဲ့ညီစွာ သူ့မိသားစုမှာလည်း အိမ်ကလေးတစ်လုံးတောင် မဝယ်နိုင်ပါဘူး။ ဒါပေမယ့်လည်း သူကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဘဝကိုဖြတ်သန်းနေသူတစ်ဦးပါ ။ မတရားမှု မှန်ရင် လက်ပိုက်ကြည့်မနေတတ်တဲ့ ပုဂ္ဂို လ်တစ်ဦးပီပီ ကားခိုးဂိုဏ်းတစ်ခုကို သွားဖမ်းရင်းက ကားဒရိုင်ဘာတစ်ယောက်နဲ့ ရင်းနှီးခဲ့ပါတယ်။ ကားဒရိုင်ဘာက သူတို့အလုပ်လုပ်နေတဲ့ ကုမ္ပဏီမန်နေဂျာ ညစ်ပတ်ယုတ်မာပုံကို ရင်ဖွင့်ပြောပြတော့ Seo Do cheol က အကူအညီလိုရင် လှမ်းခေါ်ဖို့ သူ့လိပ်စာကဒ်ပေးခဲ့ပါတယ်။ အဲဒီကားဒရိုင်ဘာဖြစ်သူက ကိုရီးယားနိုင်ငံတွင်းအဓိပဓိ ကုမ္ပဏီကြီးဖြစ်တဲ့ Sinjin Group ရဲ့ လုပ်ငန်းထဲမှာ ပါဝင်လုပ်ကိုင်နေသူတစ်ဦးပါ။သားကလေးတစ်ယောက်နဲ့ ဘဝကို ဖြတ်သန်းနေရခြင်းဖြစ်ပါတယ်။ သူတို့မန်နေဂျာဖြစ်သူကလည်း ထုံးစံအတိုင်း စာချု ပ်ကို အကြောင်းပြပြီး လုပ်အားခရှင်းမပေးပါဘူး ။ သူစိတ်တိုပြီး စုံထောက် Seo ထံ ဖုန်းဆက်ပေမယ့် ဟိုက ဖုန်းမကိုင်ခဲ့။သူ ဆန္နပြတယ်။ သူ ဆန္နပြတဲ့SinJin Group ရဲ့ အဓိက ပိုင်ရှင်က လောလောလတ်လတ် ဖခင်ဖြစ်သူရဲ့နေရာမှာ ဦးစီးနေကာ ငယ်ရွယ်တဲ့ လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။ မိမိစည်းစိမ်အပေါ်ကို မာန်တက်နေ၍ အရာရာဒေါသနဲ့ ဖြေရှင်းတတ်သူဖြစ်ပါတယ်။ သူ့စတိုင်လ်အတိုင်းပဲ ဆန္နပြတဲ့ဒရိုင်ဘာကို နှိပ်စက်လွှတ်လိုက်ပါတယ်။ အဲဒီနောက်တော့ ဒရိုင်ဘာက စိတ်ထိခိုက်လွန်းပြီး သေကြောင်းကြံသွားတယ်။ ယင်းကိစ္စရပ်တွေကို စုံထောက် Seo သိရချိန်မှာ လိုက်လံစုံစမ်းပါတော့တယ်။ ဒါပေမယ့် သူဖြေရှင်းရမယ့် ကုမ္ပဏီကြီးက သူ့အထက်အထက်က ပုဂ္ဂို လ်တွေအားလုံးကိုပါ ပိုင်နိုင်တဲ့ အင်အားကြီးလူတွေမှန်း သူသိလာတဲ့အခါ ။ သူ့ဘက်ကရပ်တည်မယ့်သူမရှိတော့ပါဘူး။အဲဒီကွန်ယက်က သူ့မိသားစုဆီပါ ပါဝင်ရိုက်ခတ်လာချိန် ။ ဇာတ်လမ်းက အခုမှအစဖြစ်ပါတယ်။ကျွန်တော်အထက်ကပြောခဲ့သလို ဘောလိဝုဒ်ရုပ်ရှင်တွေနဲ့ ဆင်တူပေမယ့် ကွာခြားတာတစ်ခုက အဓိက ဇာတ်ဆောင်ကို သိသိသာသာ Role တင်ထားခြင်းမရှိသလို သဘာဝလွန်အက်ရှင်ခန်းတွေလည်းမပါပါဘူး ။ရယ်ရွှင်စရာ ဇာတ်အိမ်ကလေးတွေနဲ့ ယက်ဖွဲ့ထားပြီးတော့ အကန့်အကန့်တွေမှာ ထင်မှတ်မထားတဲ့ ဇာတ်အိမ်အတက်အကျတွေနဲ့ ရုပ်ရှင်ကို သဘာဝကျကျ တင်ဆက်ထားခြင်းဖြစ်တာမို့ လက်မလွတ်တမ်းကြည့်ရှု သင့်ပါတယ်။ယခုဆို ကိုရီယားနိုင်ငံထဲမှာ ယခုရုပ်ရှင်ဇာတ်ကားဟာ စံချိန်တင် ဝင်ငွေရရှိခဲ့ပြီးဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ Ye Mann Aung ဖြစ်ပြီး ဇာတ်လမ်းအညွှန်းကိုတော့ Nay Lin Eain ကရေးသားပေးခဲ့တာဖြစ်ပါတယ်