Movie Name
Scarface (1983)
Year
1983
Generes
Action, Biography
Code
01072
Type
Movie
Size
951 MB
Country
Hollywood
Description
ဒီကားမှာ ကိုယ်ကြိုက်တဲ့မင်းသား Al Pacino ပါတယ် …Rating တွေကလည်း အတော်ကောင်းပါတယ်…သို့ပေမယ့်လည်း ၁၉၈၃ ခုနှစ်က ကားဆိုတော့ လက်တွန့်နေတယ်….ဒါပေမယ့် ကြည့်ဖူးတာမမှားပါဘူးဆိုတဲ့အတွေးနဲ့ အောင့်အီးသီးခံပြီးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်…သို့ပေမယ့် ဒီကားက ဇာတ်လမ်းအစထဲက ခပ်ကြမ်းကြမ်းနဲ့စထားတယ်…ပြသချိန်၃နာရီနီးပါးလုံးမှာ တစ်စက်ကလေးမှမပျင်းရိရဘူး…ဒီကားဟာ အပြင်မှာ တကယ်ရှိခဲ့တယ် မူးယစ်ရာဇာ ဂန်းစတားAl Capone ရဲ့အကြောင်းကိုအခြေခံရိုက်ကူးထားတယ်လို့ဆိုပါတယ်…သူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့ Scarface ကိုပဲ ကားနာမည်အဖြစ်ယူပြီးရိုက်ကူးထားပါတယ်…..အန်တို နီယိုမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ချီချီတို့လည်းပါလာတယ်..မူးယစ်ဆေးဝါးကုန်သည် သူဌေးဖရန့်နဲ့အဆက်အသွယ်ရပြီး သူတို့အဖွဲ့ဟာ အရောင်းအဝယ်တစ်ခုလုပ်ခဲ့တယ်..တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင်မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်…ဒီနောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကမ်းကုန်အောင်မိုက်တဲ့မူးယစ်ရာဇာဖြစ်သွားပါတော့တယ်…ကိုင်း ပရိတ်သတ်ကြီးရေ ခံစားကြည့်လိုက်ပါဦး….