Movie Name
A Brand New Life (2009)
Year
2009
Generes
Drama
Code
01790
Type
Movie
Size
691 MB
Country
Korea
Description
A Brand New Life ဇာတ်ကားဟာဆိုရင် IMDb ratting 7.6 အထိ ရရှိထားပါတယ်…မိဘရဲ့ စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တတရားငတ်မတ်နေတဲ့ ကလေးတယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ… ဇာတ်လမ်းအစမှာတော့ ဖခင်ဖြစ်သူက သူ့သမီးလေးဂျင်ဟီးကို မိဘမဲ့ဂေဟာမှာ သွားပို့လိုက်ပါတယ်…ပတ်ဝန်းကျင်အသစ်ဖြစ်တဲ့ မိဘမဲ့ဂေဟာမှာ ဂျင်ဟီးတယောက်တခြားကလေးအဆင်ပြေနိုင်ပါ့မလား…ဖခင်ဖြစ်သူက တနေ့ကျရင် ပြန်လာခေါ်မယ်လို့ တထစ်ချယုံကြည်နေတဲ့ ဂျင်ဟီး သူ့အဖေကရောသူ့ကိုပြန်လာခေါ်ပါ့မလား…ကလေးဘဝကတည်းက ကတိဆိုတဲ့ စကားတလုံးကို ယုံကြည်နေတဲ့ဂျင်ဟီးရဲ့ မျော်လင့်ချက်တွေဖြစ်လာပါ့မလား… မိဘမဲ့ဂေဟာမှာ လာရောက် မွေးစားမယ့်သူကို စောင့်နေကြတဲ့ကလေးတွေများနေပေမယ့် ဂျင်ဟီးတယောက်ကတော့ သူ့အဖေတယောက်တည်းကိုသာ စောင့်မျော်နေရင်း…. ဒီဇာတ်ကားမှာ ကလေးတွေရဲ့ ပီပြင်စွာသရုပ်ဆောင်ထားချက်ကြောင့် ဇာတ်လမ်းရဲ့ ရသရော ပေးချင်တဲ့ မတ်ဆေ့ရောကို ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ