Movie Name
A Werewolf Boy (2012)
Year
2012
Generes
Drama, Fantasy, Romance
Code
01792
Type
Movie
Size
914 MB
Country
Korea
Description
Big Bossလို့ လူသိများတဲ့ မင်းသား Song Joong Ki ပါဝင်တဲ့ ဒရာမာ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ Song Joong Ki စစ်မှု မထမ်းခင် လွန်ခဲ့တဲ့ ၄ နှစ် ၂၀၁၂မှာ ရုံတင်ပြသခဲ့ပြီး ကြည့်ရှုသူတွေရဲ့ အားပေးမှု နဲ့ အသိအမှတ် ပြုု ခံခဲ့ရတဲ့ ဇာတ်ကားပါ။ စိတ်ကူးယဉ် အချစ်ဇာတ်လမ်း ဖြစ်ပြီး တကယ့် ပုံပြင်လေး တပုဒ်ကို ကြည့်နေရသလို ခံစားရစေပါတယ်။ အဆုတ်ရောဂါသက်သာအောင် လေကောင်းလေသန့် ရှူ ရင်း အနားယူဖို့ တောရွာဘက်ကို ပြောင်းရွှေ့လာကြတဲ့ မိန်းမပျို လေးတို့ မိသားစုနဲ့ ဝံပလွေလုလင်ပျို တို့ တွေ့ဆုံမိကြရာက ဒီပုံပြင်ဆန်တဲ့ အချစ်ဇာတ်လမ်းလေး ပေါ်ပေါက် လာပါတော့တယ်။ မိန်းမပျိုလေးနဲ့ တွေ့မှပဲ ဝံပုလွေတစ်ကောင်လိုနေထိုင်တဲ့ ကောင်လေးက လူသားတယောက်လို စားသောက်နေထိုင်ပုံကို သင်ယူရပြီး သီချင်း ဆိုပြတာကိုလဲ ဘဝမှာ ပထမဆုံး ကြားဖူးသွားတဲ့ ကောင်လေး အတွက်တော့ အဲဒီ ချစ်စဖွယ်ကောင်မလေးသာ သူ့ဘဝ သူကမ္ဘာလို့ ခံစားမိသွားမှာ အသေအချာပါပဲ။အဲဒီကောင်လေးမှာရော ဘာအစွမ်းတွေ ရှိနေတာလဲ၊သူရဲ့ ဘဝဇာတ်ကြောင်းကလဲ ဘယ်လိုလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူရင်း ကောင်လေးရဲ့ ဖြူစင်တဲ့ချစ်ခြင်းနဲ့ သစ္စာတရားဟာ ကြည့်ရှု သူတွေရဲ့ နှလုံးသားကို ဆွဲကိုင်လှု ပ်ခတ်မယ့် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ ညွှန်းချင်ပါတယ်။