-
Movie Name
-
Scorched Earth (2018)
-
Year
-
2018
-
Generes
-
Action
-
Code
-
01073
-
Type
-
Movie
-
Size
-
672 MB
-
Country
-
Hollywood
-
Description
-
အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ Scorched earth ဆိုတဲ့ ၂၀၁၈ ထွက် အက်ရှင်ကားလေးပါ ဒီကားလေးကိုတော့ တခြားအက်ရှင်ကားတွေနဲ့ မတူဘဲ တစ်မူထူးခြားတဲ့ ဇာတ်အိမ်လေးနဲ့ တည်ဆောက်ထားပါတယ် တိမ်ပြိုမှုလို့ခေါ်တဲ့ သဘာဝဒဏ်ကြောင့် ဂေဟစနစ်တစ်ခုလုံး ပျက်စီးနေချိန်ပါ အဲအချိန်မှာ အသက်ရှင်ဖို့အတွက် လူတွေက လေနဲ့ ရေကို အပူတပြင်းလိုအပ်နေကြပါတယ် ပတ်ဝန်းကျင်လေထုကလည်း အဆိပ်သင့်နေတဲ့အတွက် ရှူလို့မရပါဘူး ငွေသတ္ထုနဲ့သန့်စင်လိုက်မှ ရှူလို့ရပါတယ် ဒီအခါ လေရေ ရှားပါးမှုကြောင့် ခိုးဆိုးလုယက်မှုတွေ များပြားတဲ့ကာလပါ အဲ လို အပြစ်သားတွေကို ဖမ်းဖို့ အစိုးရအာဏာပိုင်တွေက ဆုကြေးကြေငြာပြီး ဖမ်းကြပါတယ် ဒီလိုဆုကြေးကို ရဖို့ အပြစ်သားဖမ်းမုဆိုးတွေ အလုအယက်ကြိုးစားကြတဲ့အထဲမှာမှ ဂေ့ဆိုတဲ့ အမျိုးသမီးဟာ ထူးချွန်တဲ့ မုဆိုးတစ်ယောက်ပါ တစ်နေ့တော့ တစ်နယ်ထူထောင်ပြီး မင်းမူသောင်းကျန်းနေတဲ့ လူဆိုးတစ်ယောက်ကိုဖမ်းဖို့ ဂေ့ကကြိုးစားပါတော့တယ် သူဘယ်လိုကြိုးစားလဲဆိုတဲ့ လှည့်ကွက်လေးတွေနဲ့ အက်ရှင်အလန်းစား ပစ်ခန်းခတ်ခန်းတွေကိုတော့ ပရိသတ်ကြီး အားပေးကြည့်ရှုကြပါဦးဗျာ