-
Movie Name
-
Homestay (2018)
-
Year
-
2018
-
Generes
-
Drama, Thriller
-
Code
-
04878
-
Type
-
Movie
-
Size
-
1.10 GB
-
Country
-
Thai
-
Description
-
Homestay (2018) တဲ့ ထိုင်းကားလေး။
ပုံမှန်ထိုင်းကားဆိုကြည့်မရတတ်တဲ့ ကျွန်တော် ဒီကားကိုကြည့်ပြီး တော်တော်ကြွေသွားမိတယ်။
ဒီကားလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ၂ နာရီကြာတယ်ဆိုပေမဲ့ ပျင်းစရာမရှိတဲ့ ဇာတ်ကားပါ။
Draman, Fantasy , Thriller ဆိုတဲ့ ဇာတ်ကားအမျိုးအစားဆိုတဲ့အတိုင်း Drama လိုရိုပြီး Fantasy လို ထူးခြားတာတွေလည်းတွေ့ရပြီး Thriller ဆိုတဲ့အတိုင်း တစ်ချက်တစ်ချက် ရင်တုန်စရာလေးတွေပါ ထည့်ထားပါသေးတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ဆောင်ဖြစ်သူက လတ်တလော ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ မင်ဆိုတဲ့ အထက်တန်းကျောင်းသားလေးရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာပါတယ်။
သူ့ကို ကိုယ်စောင့်နတ် ဆိုတဲ့သူက ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ မင် ဘာလို့ကိုယ့်ကိုကိုယ် သတ်သေခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ရက်တစ်ရာအတွင်းမှာ ရှာခိုင်းပါတယ်။
% buffered
00:00
-00:09
Download
Your browser does not support the video tag.
ရှာလို့တွေ့ခဲ့ရင် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာဖြစ်ပြီး မရှာနိုင်ရင်တော့ ဘယ်လိုမှပြန်ဝင်စားလို့မရတဲ့ဘဝကို ရောက်သွားမှာပါလို့ပြောပါတယ်။
မင်ရဲ့ ခန္ဓာကိုယ်ကို ရထားတဲ့သူ မင်ဘာလို့ ကိုယ့်ကိုကိုယ်သတ်သေရလဲဆိုတာကို ရှာနိုင်ပါမလား။
သူ့အဖေကြောင့်လား၊ သူ့ညီကြောင့်လား၊ သူကြိုက်နေတဲ့ကောင်မလေးကြောင့်လား ဘာလို့များလဲ။
ဘယ်လိုအကြောင်းကများ ကိုယ့်အသက်ကို အဆုံးသတ်လိုက်ရခြင်းက လွတ်မြောက်ခြင်းပဲလို့ တွေးစေခဲ့တာလဲ။
13 Reason Why? ဆိုတဲ့ Netflix က Series မှာတော့ အကြောင်းပြချက် ၁၃ ခုရှိပါတယ်တဲ့။
ဒီဇာတ်ကားမှာရော အကြောင်းပြချက်က ဘယ်နှစ်ခုဖြစ်မလဲ။