Movie Name
Lingshan (လေးသည်တော်နဲ့ ဖိုးရွှေလိပ်)
Year
2000
Generes
Action, Drama, Historical
Code
SC0222
Type
Series
Size
12.4 GB
Country
China
Description
ငယ်ငယ်တုန်းက ည၇ နာရီ မြဝတီက ပြတဲ့ အာရားရားဆိုတဲ့ ဇာတ်ကားလေးလာရင် အပြေးအလွှားကြည့်ရတာအမောပါပဲ အသက်ဝင်နေတဲ့နှစ်တစ်ထောင်လင်ဇီးဆေးမြစ်လေးအာရားရား ပြီးတော့ ငယ်ငယ်ကတည်းက အသည်းစွဲဖြစ်ခဲ့ရတဲ့မင်းသမီးချော လျိုရှမ်းရှမ်းနဲ့ ကျန်းရှန်တို့ရဲ့အချစ်ဇာတ်လမ်း..အကျင့်ယုတ်လှတဲ့နတ်ဆရာကြီးဝူပျန်း စွဲစွဲမြဲမြဲကိုစောင့်ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲလေးပါပဲ အခုချိန်မှာတော့ Channel Myanmar Team ရဲ့စေတနာတွေနဲ့အတူ ပြန်လှည်ကြည့်ရှု ရှာဖွေဖို့ခက်ခဲလှတဲ့ ဒီဇာတ်လမ်းတွဲလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ…အချိန်လွဲမှားမှုမရှိပဲ ကြည့်ရတာ အဆင်ပြေပြီး စာတန်းထိုး 95 % ရာခိုင်နှုန်းတိကျမှန်ကန်မှုရှိပြီး.. ကိုယ်တိုင်သေချာဖန်တီးထားတဲ့စာဖိုင်တွေနဲ့ကောင်းစွာကြည့်ရှုနိုင်မှာပါ အတူတူဆက်လက်စည်းမျောခံစားရင်း ငယ်ဘဝကိုပြန်သွားလိုက်ရအောင် စုစုပေါင်း 39 ပိုင်းရှိပြီး သေချာပေါက် ၁ ရက်ကို ၂ ပိုင်းနှုန်းနဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းကတော့ ဟိုးရှေးရှေးတုန်းက ထျန်းလုံနိုင်ငံဆိုတာတည်ရှိပါတယ် ထျန်းလုံနိုင်ငံရဲ့မနီးမဝေးမှာ လင်စမ်းတောင်ဆိုတာရှိတယ်..အဲ့လင်စန်းတောင်ပေါ်မှာ အသက်ဝင်နေတဲ့ နှစ်တစ်ထောင် လင်ဇီးဆေးမြစ်လေး အာရားရားလည်းနေပါတယ် နတ်ဆရာလင်မယားဟာ ထာဝရအသက်ရှင်ချင်လို့ အာရားရားလေးကို ဖမ်းဆီးပြီး စားသောက်ဖို့ပြင်ဆင်ကြတယ်..တောင်စောင့်နတ်သမီးလျိုရှမ်းရှမ်းရဲ့တားဆီးမှုကြောင့် သူတို့ရဲ့အကြံအစည်တွေမအောင်မြင်ပဲဖြစ်သွားတဲ့အပြင် နတ်ဆရာကတော်ဟာလည်း သေလုမျောပါးဖြစ်သွားခဲ့တယ်..ဒီလိုနဲ့ အကျင့်ယုတ်တဲ့နတ်ဆရာ ဝူပျန်းဟာ အာရားရားကို ရဖို့အတွက်နည်းလမ်းမျိုးစုံ နဲ့ ကြိုးစားရင်းနဲ့ပဲ………………