Movie Name
Door Lock (2018)
Year
2018
Generes
Thriller
Code
04892
Type
Movie
Size
980 MB
Country
Korea
Description
ဂင်ဂျောင်းမီဆိုတဲ့ အမျိုးသမီးဟာ နယ်မြို့ကနေ ဆိုးလ်ကိုအလုပ်လာရောက်လုပ်ကိုင်နေတဲ့သူတစ်ဦးပါ အလုပ်ကြိုးစားသူဖြစ်ပေမယ့် အားနာပြီးကြောက်တတ်တဲ့သူဖြစ်လို့ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လူလည်ကြမှုကိုလည်း အမြဲခံရလေ့ရှိပါတယ် အဲ့ဒီလို ကြောက်ရွံ့အားငယ်တတ်တဲ့ ဂင်ဂျောင်းမီ တစ်ယောက် သူနေထိုင်ရာတိုက်ခန်းဟာ % buffered 00:00 -00:05 Download Your browser does not support the video tag. ထူးဆန်းပြီးထိတ်လန့်ဖို့ကောင်းနေတယ်ဆိုတာ သိလာရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားရပါတော့တယ် ဒီ Door Lock 2018 ဇာတ်ကားဟာ လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး တစိမ့်စိမ့်နဲ့တွေးပြီး ကျောစိမ့်လာစေမယ့် ဇာတ်ကားတစ်ကားပါ လူတိုင်းအတွက်တော့ ကိုယ်နေထိုင်တဲ့ အိမ်ဆိုတာ ကိုယ့်အတွက် အကောင်းဆုံးနားခိုရာပါ မိဘအိမ်မဟုတ်ဘဲ ရပ်ဝေးမှာအလုပ်လုပ်နေရရင်တောင် ကိုယ်ငှားနေတဲ့ အဆောင် ဒါမှမဟုတ် တိုက်ခန်းဟာ တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှကို အတိုးချအနားယူနိုင်တဲ့ နေရာလေးပါ ဒါပေမယ့် အဲ့ဒီနေရာက ထူးဆန်းပြီး ကြောက်ဖို့ကောင်းနေမယ် ဆိုရင်တော့…… ( မိသားစုနဲ့ နေတဲ့သူတွေအတွက်တော့ မသိပေမယ့် တစ်ယောက်တည်းနေတဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားကြည့်ပြီးရင် မအိပ်ခင် တံခါးလော့ကို သုံးခေါက်လောက်စစ်မိကြမယ်လို့ ထင်ပါတယ်) ရုပ်ရှင်ကို ဘာသာပြန်ပေးပြီး အညွှန်းရေးပေးသူကတော့ Aung TayZa ဖြစ်ပါတယ်