-
Movie Name
-
The Eagle Shooting Heroes (မက်မွန်မြေကချစ်တေးတစ်ပုဒ်)
-
Year
-
2003
-
Generes
-
Action, Drama, Historical
-
Code
-
SC0116
-
Type
-
Series
-
Size
-
20.2 GB
-
Country
-
China
-
Description
-
သိုင်းစီးရီးလေး တစ်ခု တင်ပေးချင်ပါတယ်။ ဒီစီးရီးကိုတော့ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီ၊ မက်မုံမြေက ချစ်တေး တစ်ပုဒ်၊ သိမ်းငှက်သူရဲကောင်း စတဲ့နာမည်တွေနဲ့ သိကြပါတယ်။ စာရေးဆရာကြီး ကျင်းယုံရဲ့ ဂန္ဓဝင် ဝတ္ထုတွေထဲက တစ်ပုဒ်ပါပဲ။ ဒီဇာတ်လမ်းကို အကြိမ်ပိုင်းများစွာ ပြန်လည်ရိုက်ကူးထားကြပြီးပါပြီ။ ၁၉၇၆၊ ၁၉၈၃၊ ၂၀၀၃၊ ၂၀၀၈၊ ၂၀၁၇ ခုနှစ်တွေမှာ ပြသခဲ့ပါတယ်။ ဘယ်ဗားရှင်းကို တင်ရမလဲလို့ ချန်နယ်မြန်မာ ဂရုထဲမှာ မဲပေးခိုင်းပြီး မဲအများဆုံးဖြစ်တဲ့ ၂၀၀၃ ဗားရှင်းကို တင်ပေးလိုက်တာပါ။ ဒီဗားရှင်းက ကျွန်တော့်အကြိုက်ဆုံးလည်းဖြစ်ပေမယ့် အကြည်ရှာရခက်သလို စာတန်းထိုးဖိုင်လည်း သေချာမရှိပါဘူး။ တရုတ်ဆိုက်တွေမှာ မွှေနှောက်ရှာဝယ်ပြီး စာဖိုင်ပြုပြင်ဖန်တီးပြီးပါ တင်ပေးလိုက်တာပါ။ ၂၀၀၈ နဲ့ ၂၀၁၇ က လူသိများပေမယ့် ၉၀ ဖွားတွေအတွက်တော့ တီဗီမှာ နေ့စဉ်စောင့်ကြည့်ရတဲ့ ဒီဗားရှင်းက အကြိုက်ကြဆုံးဖြစ်မှာပါပဲ။ ၂၀၀၀ ဖွားလေးတွေလည်း သေချာပြန်ကြည့်ရတာပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းရဲ့ ခေတ်ကိုတော့ စုန့်မင်းဆက်မှာ အခြေခံထားပါတယ်။ ကာလကတော့ ကျင်းလူမျိုးတွေ အင်အားကြီးမားနေချိန်၊ မွန်ဂိုတွေက သဲကန္တာရကို စိုးမိုးနေချိန်ပဲ ဖြစ်ပါတယ်။ စုန့်ဘုရင်ကလည်း စာပေအနုပညာကလွဲပြီး တိုင်းရေးပြည်ရေးကို စိတ်မဝင်စားတော့ပါဘူး။ သူ့ရဲ့ အမတ်ချုပ်ကြီး ကျင့်ဟိုင်က သစ္စာရှိအမတ်တွေကို ရှင်းထုတ်ရင်း နန်းတွင်းမှာ အုပ်စိုးနေပါတော့တယ်။ စစ်သူကြီးယွဲ့ဖေးကို သတ်ဖြတ်ခဲ့ပြီး ကျင်းလူမျိုးတွေနဲ့ စစ်ပြေငြိမ်းထားပါတယ်။ နေရာအနှံ့မှာလည်း အမတ်တွေ အကျင့်ပျက်ပြီး ပြည်သူတွေကို ဖိနှိပ်နေချိန်ပါ။ ဒါကြောင့် သိုင်းလောကသားတွေ ဒီအတိုင်း ကြည့်မနေနိုင်တော့ဘဲ နေရာအနှံ့မှာ အကျင့်ပျက်အမတ်တွေကို သုတ်သင်ရင်း တိုက်ပွဲတွေ ဖြစ်လာပါတော့တယ်။ ဒီတိုက်ပွဲတွေကြားထဲမှာ ညပ်ပြီး ဒုက္ခရောက်သွားတဲ့ ကောမိသားစုနဲ့ ယန်မိသားစု၊ သူတို့ရဲ့ သားတွေဖြစ်တဲ့ ကောကျင့် နဲ့ ယန်ခန်းတို့က အဓိက ဇာတ်ကောင်တွေဖြစ်လာပါတယ်။ သိုင်းလောကထဲမှာတော့ ဒီကာလမှာ ထိပ်သီးကြီး ၅ ဦးပေါ်ပေါက်လာပါတော့တယ်။ အရှေ့မက်မုံကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊ မြောက်ပိုင်း သူဖုန်းစားနဲ့ အလယ်ပိုင်း သူတော်စင်တို့ပါပဲ။ ဒီဇာတ်လမ်းဟာ သိုင်းလောက နဲ့ နိုင်ငံရေးစစ်ရေးတွေကို ဟာကွက်မရှိအောင် ရေးသားထားတဲ့ ဂန္ဓာဝင်ဝတ္ထုကြီးကို ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ ဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးသွားလိမ့်မယ် မထင်ပါဘူးဗျာ။ Littleneo ဘာသာပြန်ပေးထားပါတယ်။