Movie Name
THE PLACE BEYOND THE PINES (2012)
Year
2012
Generes
Crime, Thriller
Code
04906
Type
Movie
Size
1.08 GB
Country
Hollywood
Description
IMDb ……. 7.3,,,Rotten…..80% ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာ ကျွန်တော်တို့တွေဟာ အနည်းနဲ့အများတော့ ရှေ့ဖြစ်မယ့် အခန်းတွေကို တိတ်တဆိတ်ခန့်မှန်းတတ်ပြီး လျှို့ဝှက်ချက်တစ်ချို့ကိုလည်း အချိန်တိုအတွင်းမှ တတ်နိုင်သလောက်အဖြေထုတ်တတ်ကြတယ်…..မျှော်လင့်မှန်းဆထားတဲ့ ကိစ္စကို နောက်အခန်းမှာဖြစ်လာရင် ပျော်ခဲ့မယ်လို့ ထင်ခဲ့ကြပေမယ့် တကမ်းတမ်းတော့ ကျွန်တော်တို့ စိတ်ကျေနပ်မှုမရခဲ့ဘူး…ထရေလာကြည့်ရုံနဲ့ ဇာတ်ကားတစ်ကားလုံးမှန်းလို့ရတဲ့ မြန်မာကားအချို့ကတော့ ချွင်းချက်ပေါ့လေ…. …..ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ ခန့်မှန်းရခက်တဲ့ ဇာတ်ကားမျိုး Twist တွေတပြုံကြီးနဲ့ ဇာတ်ကားမျိုး သဘောကျကြသလို % buffered 00:16 -00:02 Download Your browser does not support the video tag. ရင်ထဲလည်း တစ်သသကျန်နေတတ်တယ်…ယ္ခုဇာတ်ကား The Place Beyond the Pines က The Usual Suspects ,Fight Club,Primal Fear တို့လို မျိုးမဟုတ်ပေမယ့် ခင်ဗျားတို့ရဲ့ ဇာတ်ကားခန့်မှန်းနိုင်စွမ်းကို ကောင်းကောင်းကြီး စိန်ခေါ်နိုင်စွမ်းရှိတယ်..ပြီးတော့ ဒီကားက ပေးချင်တဲ့ Message တွေကလည်း တော်တော်ကောင်းတယ်…. မော်တော်ဆိုင်ကယ်စတန့်သမားတစ်ယောက်… သူ့နာမည်က Luke….သူ့ကြည့်ရတာ သံဇကာကမ္ဘာလုံးထဲမှာ ဆိုင်ကယ်စတန့်စီးလိုက် စီးကရက်ရှိုက်လိုက်နဲ့ ဘဝကိုခပ်ပေါ့ပေါ့ဖြတ်သန်းနေတဲ့ပုံပဲ… တစ်နေ့တော့ သူ့ဆီကို ရည်းစားဟောင်း ရိုမေနီယာဆိုတဲ့ကောင်မလေး ကောင်မလေးတစ်ယောက်ရောက်လာတယ်…… အဲ့ဒီမှာ မမျှော်လင့်ဘဲသိလိုက်ရတာက သူနဲ့ အဲ့ဒီကောင်မလေးဟာ သားလေးတစ်ယောက်ရခဲ့တယ်ဆိုတာပါပဲ… Luke ဟာ ကိုယ်တိုင်က ဖခင်ရဲ့ပစ်မယ်မှုနဲ့ကြီးပျင်းခဲ့ရတယ်ဆိုတော့ သူ့သားကို သူ့လိုမဖြစ်စေချင်ဘူး…ဒီတော့ မိသားစုတစ်ခုတည်ပြန်လည်တည်ဆောက်ဖို့ ကြိုးစားလာတယ်.. သို့ပေမယ့် အိမ်လည်းမရှိ အလုပ်အကိုင်လည်း မယ်မယ်ရရမရှိဖြစ်တဲ့အပြင် ရိုမေနီယာကလည်း အိမ်ထောင်ကျနေတယ်… နောက်ဆုံးတော့ သူဟာ သားလေးအတွက်ဆိုပြီး ဘဏ်တွေကိုဓားပြတိုက်ပါတော့တယ်… ဒီကားက နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Ryan Gosling Bradley Cooperနဲ့Eva Mendes အဓိက သရုပ်ဆောင်ထားကြတယ်… မတူညီတဲ့ ဒီလူ(၃)ယောက်ရဲ့ ရပ်တည်ချက်၊ခံယူချက်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေအပေါ်ကိုင်တွယ်ဖြေရှင်းပုံတွေကို ခင်ဗျားတို့ကို ဒါရိုက်တာက အသေးစိတ်လိုက်လံခံစားစေချင်တဲ့ပုံပါပဲ….ပြီးတော့ ဇာတ်လမ်းအညွှန်းကလည်း အများကြီးပြောလို့မကောင်းတဲ့မို့ကားမို့ ဒီလောက်နဲ့ပဲတော်ပါရစေ…