Movie Name
Awakenings (1990)
Year
1990
Generes
Biography, Drama
Code
04913
Type
Movie
Size
950 MB
Country
Hollywood
Description
Awakenings(1990) IMDb…7.8,,,,Rotten …88% ဆေးရုံတစ်ခုသို့ မဲလ်ကွန်ဆိုတဲ့ဆရာဝန်တစ်ယောက်အလုပ်လာလျှောက်တယ်….. သူလျောက်တဲ့ရာထူးကတော့ ဦးဏှောက်နဲ့အာရုံကြောသုတေသနဌာအတွက် အလုပ်လာလျှောက်တာဖြစ်ပြီး ဆေးရုံကတာဝန်ရှိသူတွေသူ့ကိုအင်တာဗျူးတဲ့အခါမှာ သုတေသနနဲ့ပတ်သက်လို့ အတွေ့အကြုံပေါင်းများစွာရှိနေတာတွေ့ရှိကြတယ်.. သို့ပေမယ့် သူတို့ဟာ သုတေသနနဲ့ပတ်သက်လို့ ဆေးရုံမှာမလိုအပ်ပေမယ့် ဆေးကျောင်းတက်နေစဉ်မှာ ဆေးကုဖူးတယ်မလားလို့မေးပြီး % buffered 00:00 -00:10 Download Your browser does not support the video tag. အလုပ်ခန့်လိုက်တယ်…မဲလ်ကွန်အနေနဲ့ အံအားသင့်စရာပေါ့ …အပူချိန်တိုင်းတတ်တယ်..ဆေးထိုးတတ်တယ် … ဒါဆိုအိုခေပေါ့ဆိုတဲ့ ဆေးရုံအုပ်ရဲ့မှတ်ချက်ကိုကြားရတော့ သူပျော်ရမလား ဝမ်းနည်းရမလားမသိ…. ဒီလောက်လွယ်လိမ့်မယ်လို့လည်းသူထင်မထားခဲ့ဘူး… နောက်နေ့ဆေးရုံလာလိုက်မှ သူသိသွားတော့တယ်..ဘာလို့ဆို သူကုသရမယ့်သူတွေဟာ နာတာရှည်ရောဂါသည်တွေ.. ပြောရရင် ရုပ်ပဲရှိပြီး နာမ်ပျောက်နေတဲ့ပုံစံမျိုး… အိပ်တယ် ခွံကျွေးရင်စားတယ်…ဘာမှမတွေးတဲ့ လူနာတွေ… မျိုးစုံပင်…မဲလ်ကွန်အတွက်အားလုံးက အသစ်အဆန်းတွေကြီးဖြစ်သလို လူနာအမျိုးမျိုးရဲ့ တုန့်ပြန်မှုက သူ့ကို အထိတ်တလန့်ဖြစ်စေခဲ့တယ်… တစ်နေ့တော့ ကျောက်ရုပ်လိုဖြစ်နေတဲ့လူနာတစ်ယောက်က လွတ်ကျသွားတဲ့မျက်မှန်ကို ဖတ်ခနဲဖမ်းလိုက်တာကို သူတွေ့သွားတယ်.. အဲ့ဒီနောက် တခြားလူနာတွေကို စမ်းကြည့်ရာ အလိုအလျောက်ပုံစံအမျိုးမျိုးနဲ့တုန့်ပြန်နိုင်တာတွေ့ရှိသွားတယ်.. သုတေသနဆရာဝန်ပီပီ လူနာတိုင်းရဲ့ တုန့်ပြန်မှုလေးတွေကိုစမ်းသပ်ရင်း ကျောက်ရုပ်လိုဖြစ်နေတဲ့ ဒီလူနာတွေကို သူတတ်စွမ်းသရွေ့ တခြားသူတွေနဲ့တန်းတူ လောကအလှကိုခံစား နိုင်စေဖို့ကြိုးစားပါတော့တယ်… ဒေါက်တာမဲလ်ကွန် တစ်ယောက်အောင်မြင်ပါ့မလား…ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ… သူပြုလုပ်တဲ့ကုထုံးတွေကရော ဆိုးကျိုးတွေရှိနိုင်လား…ခံစားကြည့်လိုက်ပါဦး… ဒီကားက တကယ့်ဆရာဝန်တစ်ဦးရဲ့အကြောင်းကိုရိုက်ပြထားတာပါ… တကယ့်ကိုတွေးစရာတွေ Message လေးတွေ ပေးပါတယ်…အဓိက သရုပ်ဆောင်(၂)ယောက်ဖြစ်တဲ့ မင်းသားကြီး Robert De Niroနဲ့ Robin Williams ကို တစ်ချို့သူတွေသိကြမယ်ထင်ပါတယ်…. ဒီကားဟာ အကောင်းဆုံးဇာတ်ကားဆု၊မင်းသားဆုနဲ့ ဇာတ်ညွှန်းဆုတို့အော်စကာဆန်ကာတင်စာရင်းပါခဲ့တယ်…ကိုင်း ခံစားကြည့်လိုက်ပါဦး