Movie Name
True Sight The International (2019)
Year
2019
Generes
Documentary, Sport
Code
04933
Type
Movie
Size
892 MB
Country
Hollywood
Description
TI 9 ရဲ့ True Sight ထွက်လာပါပြီ။ ဒီ TS က အရင် TI8 လောက် ရင်ခုန်ဖို့မကောင်းပေမယ့် True sight ကြည့်ရတာအားရဖို့ ကောင်းပါတယ် စိတ်ချမ်းသာစရာကောင်းပါတယ်။ ဒိုတာ သမိုင်းရဲ့ အကောင်းဆုံး အသင်းလို့ ပြောလို့ရတဲ့ အိုဂျီ ကို ကြည့်ရတာ အားရသလို၊ % buffered 00:00 -00:06 Download Your browser does not support the video tag. TI ချန်ပီယံဟောင်း Liquid ရဲ့ စည်းလုံးမှုနဲ့ စိတ်ဓာတ်က ရှုံးသွားတဲ့အချိန်မှာတောင် ကျေနပ်စရာကောင်းပါတယ်။ တကယ်ကို အားပေးလို့ကောင်းတဲ့ ၂ သင်းကို True Sight မှာ ကြည့်ရတာ OG Liquid ဖန်အားလုံး ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ ဘာပဲပြောပြော ဒိုတာရဲ့အနှစ်ဖြစ်တဲ့ Feeling, Fun, Friendship နဲ့ Surprise တွေ ပေးနိုင်ခဲ့တဲ့ ၂ သင်းပါပဲလို့ ဂုဏ်ပြုပါတယ်။ Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် OG က ဘာမှကိုပြောစရာမရှိအောင် ကောင်းနေတာမို့။ Liquid နဲ့ အတူ အခု performance ကျနေတဲ့ အချို့အသင်းတွေ ဘက်က နည်းနည်းကူပြောပြချင်ပါတယ်။ W33 မကောင်းလို့ ပြောင်ကြီး draft မကောင်းလို့ စတာတွေနဲ့ TI အပြီးမှ blame ခံနေရတာ အချို့တဝက်တော့ မျှတမှုမရှိဘူးလို့ ပြောလို့ရပါတယ်။ TI လို High stake ပြိုင်ပွဲတွေဟာ ကျွန်တော်တို့ rank party ဆော့သလို Hero pool အကျယ်ကြီး ရဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရေးကြီးဆုံး ပွဲတွေမှာ သေချာပေါက် ကိုယ်အကောင်းဆုံး perform လုပ်နိုင်မယ့် ဟီးရိုး ဖြစ်ရမယ့်အပြင် teamwork အားလုံး ညီပြီးသား လေ့ကျင့်ပြီးသား အတွဲလည်း ဖြစ်ဖို့လိုပါတယ်။ ဒီလိုအခြေအနေမှာ hero pool ကျယ်လာဖို့ဆိုရင် နှစ်ချီပြီး လေ့ကျင့်ဖို့လိုပါတယ်။ ဖိအားတွေအပြည့်နဲ့ ဘာမှန်းမသိအောင် ထူပူနေတဲ့အချိန်မှာတောင် အလိုအလျောက် အတွဲညီနေဖို့လိုပါတယ်။ Hero pool မှာ တစ်ကောင် ထပ် add လိုက်နိုင်ဖို့ အများကြီး လေ့ကျင့်ဖို့ ပြန်ညှိဖို့ လိုပါဦးမယ်။ Liquid နဲ့ W33 လို ဝရုန်းသုန်းကား တက်လာတဲ့ အသင်းက TA နဲ့ WR ကိုပဲ လှည့်ကိုင်နေတာဟာ မဆန်းပါဘူး။ ပြီးတော့ W33 နဲ့ ကျင့်ထားတဲ့ အခြားသူတွေရဲ့ Hero pool ကပါ လိုက်ကျဉ်းသွားတာပါ။ ဒီလိုပဲ အသင်းသစ်တွေ ပြန်ဖွဲ့တဲ့အချိန်မှာ အပိုင်ကျင့်ထားခါမှ patch ပြောင်းသွားပြီး ကိုယ်ကြမ်းဖူးတဲ့ အကောင်တွေက မကြမ်းတော့ရင် ဟီးရိုးပြန်ရှာရတဲ့ ဒုက္ခက ရှိပါသေးတယ်။ Matu လည်း BM,LD,Nec ကြမ်းတဲ့ patch မှာ ပြိုင်ဘက်ကင်းခဲ့ပြီး နောက်ထပ် patch မှာ ဟီးရိုးအသစ်တွေ ထပ်ထရိန်းရရင် hero pool ပြန်ကျဉ်းသွားတဲ့သဘောပါပဲ။ အခုတော့ Secret မှာ ဟီးရိုးအသစ်နဲ့ patch နဲ့ teamwork ကိုနေတော့ performance ကောင်းကောင်းထွက်လာတာပါပဲ။ ဒီတော့ Liquid က W33 ကို ခေါ်ထည့်ပြီး အသစ်စက်စက် အသင်းနဲ့ TI ကို ဖိုင်နယ်တက်လာဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။ Group Stage မှာ အသည်းအသန်ဖြစ်နေတာက သက်သေပါပဲ။ ဒီတော့ အပိုင်ဆုံးဟီးရိုးနဲ့ LGD လိုအသင်းကြီးကို ရအောင်ဖြုတ်ခဲ့တဲ့ skill နဲ့ စိတ်ဓာတ်ကိုပဲ ချီးကျူးဖို့ ကောင်းပါတယ်။ ကူရိုကီလို ဝါရင့် ပလေယာ တစ်ယောက်အနေနဲ့လည်း Hero Pool ထည့်မတွက်ကြေးဆိုရင် မသာ သာအောင် pick ban ရတာ ဒီလောက် ခက်ခဲစရာမရှိပါဘူး။ အင်မတန် ကျဉ်းတဲ့ ဟီးရိုး pool ရယ် အချိန်အကန့်အသတ်နဲ့ လေ့ကျင့်ထားရတဲ့ team work ရယ်ထဲမှာ ဘောင်ဝင်အောင် စဉ်းစားရတာ အရမ်းကို ပင်ပမ်းပါတယ်။ အနည်းဆုံးတော့ ပြိုင်ပွဲအသေးလေးတွေမှာ ဟီးရိုး pool နည်းနည်းလေးကို ကပ္ပတိန်လုပ်ပေးဖူးတဲ့သူတွေရှိရင် ကိုယ်ချင်းစာတတ်မှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း amateur အသင်းလေးတွေနဲ့ ကပ္ပတိန်လုပ်ပြီး ပြိုင်ပွဲတွေ ငယ်ငယ်က မနည်းမနော ကစားဖူးခဲ့လို့ ဒီလိုပြောဖြစ်တာပါ။ Dota Player ကောင်းတွေဟာ talent ကိုယ်စီ ကြိုးစားမှု သက်ဝင်မှု ကိုယ်စီရှိကြပါတယ်။ patch တွေ pool တွေ team changes တွေကြားထဲမှာ အံဝင်ဖို့ကြိုးစားရင်း ဝင်လာတဲ့အခါ ကောင်းပါတယ် မဝင်တော့တဲ့အခါ ပြန်ကျသွားတတ်ပါတယ်။ ဒါတွေကို နားလည်ရင် အသင်းစုံအားပေးရင်း blame နေတာတွေ လျော့သွားပြီး စိတ်ချမ်းသာလက်ချမ်းသာ အားပေးတတ်မှာပါ။ OG လို team က fun ဖြစ်အောင် ဆော့သွားတော့ ဒိုတာ ဆိုတာဒါပဲ ဘာညာအော်ကြပြီးတော့ ကိုယ်တိုင်က မျိုးစုံလောင်နေရင်တာ့ ဘယ်သင့်တော်ပါတော့မလဲဗျာ။ စေတနာနဲ့ ကိုယ့်အမြင်လေး ရေးပေးလိုက်တာပါ။ Download Nulled Scripts and Plugins