Movie Name
Wild (2014)
Year
2014
Generes
Biography, Drama
Code
04934
Type
Movie
Size
950 MB
Country
Hollywood
Description
2014 ကတည်းကထွက်ခဲ့တဲ့ Wild ဆိုတဲ့ဇာတ်ကားလေးဟာ American Biographical Adventure Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၂၀၁၂တုန်းက Cheryl Strayed ရေးသားခဲ့တဲ့ Wild: From Lost to Found on the Pacific Crest Trail(PCT) ဆိုတဲ့ ကိုယ်တိုင်ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ Cheryl နဲ့ Bobbi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Reese Witherspoon နဲ့ Laura Dern တို့ နှစ်ယောက်လုံးဟာလည်း အော်စကာဆုအတွက် Best Actress နဲ့ Best Supporting Actress အဖြစ်စကာတင်အရွေးခံခဲ့ရပြီး အခြားသောဆုတွေမှာလည်း စကာတင်အရွေးခံရတာတွေရှိခဲ့ပါတယ်။ % buffered 00:00 -00:16 Download Your browser does not support the video tag. Rating တွေအနေနဲ့လည်း Rotten Tomatos မှာ 89%….IMDb rating 7.1/10 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက် ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီ ကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ…. ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီး အမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် မိုင်ပေါင်း၂၆၅၀အထိရှိတဲ့လမ်းကြမ်းကို လမ်းလျှောက်ခရီးနှင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အရင်က ဘာ Hiking အတွေ့အကြုံမှလည်းမရှိတဲ့ Cheryl တစ်ယောက်… ဆန္ဒတစ်ခုတည်းနဲ့ကျောမှာပစ္စည်းအိတ်အလေးကြီးသယ်ပြီး တကိုယ်တော်စွန့်စားခန်းဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ ခရီးလမ်းတစ်လျှောက်တွေ့ကြုံရတာတွေ တစ်ယောက်တည်းသွားလာရင်း စဉ်းစားမိတာတွေ.. တေတွးမိတာတွေနောက်မှာ…ခရီးလည်းဆုံးရော သူ့အတွက်အရာရာပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ True story-based ဇာတ်ကားကောင်းလည်းဖြစ်တာနဲ့ အညီ ကိုယ်တိုင်ဝင်ရောက်ခံစားမိစေမှာပါ။