Movie Name
71 Into The Fire (2010)
Year
2010
Generes
Action, War
Code
04936
Type
Movie
Size
936 MB
Country
Hollywood
Description
မင်းသားKwon Sang-wooနဲ့ bigbangထဲမှ မင်းသား Choi Seunghyun တို့ ပါဝင်သရုပ်ဆောင်ထားပြီး IMD ratting 7.4 အထိရရှိထားတဲ့ စစ်ကားတကားဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ကိုရီးယား စစ်ပွဲအတွင်း ၁၉၅၀ သြဂုတ် ၁၁ ရက်နေ့ ပိုဟန်တိုက်ပွဲ မှာ ကျဆုံးခဲ့တဲ့ တောင်ကိုရီးယားရဲ့ လက်နက်မဲ့ပြီ လေ့ကျင့်မှု မရှိသေးတဲ့ ကျောင်းသား ၇၁ ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းပါ တစ်ခါမှ သေနတ်မကိုင်ခဲ့ဖူးတဲ့ ကျောင်းသား ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး တပ်ရင်း ၇၆၆ ရဲ့ တိုက်ခိုက်မှုကို ၁၁ နာရီ ကြာ တောင့်ခံထားနိုင်ခဲ့ပါတယ် မြောက် ဂျောင်ဆန်းခရိုင် ယောင်ဒွတ်နယ် ဘက်က လုပ်အားပေး စစ်သားလေးအိုဂျောင်ဘွန် ..သူဟာ ဒဏ်ရာရ စစ်သားတွေကို သယ်ပိုးပေးရ အကူအညီပေးရတဲ့ နေရာမှာ ချထားပေးခံရတယ် မြောက်ကိုရီးယားဘက်က မြို့ကိုသိမ်းပြီးတဲ့အခါ ဗိုလ်မှူး ကင်ဂျွန်ဆု က ခေါ်လာခဲ့ပြီး အဆောက်အဦး တစ်ခုထဲမှာ သူတို့နဲ့အတူ ပုန်းခိုစေခဲ့ပါတယ် သူတို့ဟာ မြောက်ကိုရီးယားတွေရဲ့ တိုက်ခိုက်မှုကြောင့် တောင်ကြားလမ်းကနေပြေးလာခဲ့ကြတယ် နောက်ဆုံး မြောက်ကိုရီးယား စစ်သား တစ်ယောက်နဲ့ ကင်ဂျန်းဘုန်း ပဲ ကျန်ခဲ့တော့တယ် တိုက်ပွဲအတွင်းမှာ ဂျောင်ဘွန်ကို ကယ်ဖို့ကြိုးစားခဲ့တဲ့ ဗိုလ်မှူးက သူ့အစား သေနတ်နဲ့ ပစ်ခံလိုက်ရတယ် ရန်သူကို သေနတ်နဲ့ ပြန်ပစ်ဖို့ကြိုးစားခဲ့ပေမဲ့ ကြောက်စိတ်ကြောင့် ပြန်မပစ်ရဲခဲ့တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့တဲ့ ဂျောင်ဘွန်… % buffered 00:00 -00:10 Download Your browser does not support the video tag. မြောက်ကိုရီးယားတပ်ဖွဲ့ကို ရွပ်ရွပ်ချွံချွံ ခုခံခဲ့တဲ့ ကျောင်းသား ၇၁ ယောက်နဲ့ စစ်ပွဲမှာ သူတို့တွေ ဘာတွေ ဖြစ်ခဲ့ကြတယ်ဆိုတာတော့ ဆက်ပြီးကြည့်ကြပါနော် .. (ဇာတ်ကားကို ဘာသာပြန်သူကတော့ Ap Newschoolဖြစ်ပြီး အညွန်းရေးသူကတော့ Khin Cherry Hninပဲ ဖြစ်ပါတယ်)