Movie Name
A Hidden Life (2019)
Year
2019
Generes
Biography, Romance
Code
04937
Type
Movie
Size
923 MB
Country
Hollywood
Description
ဒါကတော့ IMDb Rating 7.6နဲ့ tomatoesမှာ 80%အထိရထားပြီး ဆုတွေအောင်မြင်မှုတွေရထားတဲ့ Historical dramaကားလေးပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခုကို ပျက်စီးခဲ့ရတဲ့ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားက အေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်း % buffered 00:04 -00:15 Download Your browser does not support the video tag. ချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ ဒုတိယကမ္ဘာစစ်စတော့ ဖရန့်ကိုစစ်လေ့ကျင့်ရေးခေါ်ခဲ့ပေမယ့် ဩစတေးလျမှာယာသမားတွေလိုတာကြောင့် သူ့ကိုအိမ်ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုစစ်တိုက်ဖို့အခေါ်ခံရတဲ့အချိန်မှာတော့ ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေမှန်ကန်တယ်လို့မထင်၊ စစ်ပွဲကလည်းမတရားဘူးလို့ယူဆတဲ့ဖရန့်တစ်ယောက် ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးတဲ့။ ဒီလိုနဲ့သူ့ကိုအကျဉ်းထောင်ထဲပို့လိုက်ပြီး စီရင်ချက်ချဖို့စောင့်ဆိုင်းနေရပါတယ်။ ဒီကားမှာ ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက် ထောင်တွင်းသူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီး စိတ်ထဲမှာကျဉ်းကြပ်လာသလိုခံစားရမှာပါ။ သာယာပျော်ရွှင်နေတဲ့မိသားစုလေးဆီမှာ ကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့် သူ(မ)ပင်ပန်းဆင်းရဲစွာအလုပ်လုပ်ရပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့် ယောက်ျားအပေါ်ငြူစူခြင်းမရှိပဲ အဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့မိန်းမတစ်ယောက်ကိုလည်း အံ့ဩစရာမြင်ရမှာပါ။ ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးရင်း A hidden lifeဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိပဲ ပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာမတွေးရဲအောင်ပါပဲ။ ဒီလိုကားမျိုးတွေကိုလူကြိုက်များမှာမဟုတ်မှန်းသိပေမယ့် ဒရမ်မာကားကောင်းတွေကို ရင်နဲ့ခံစားကြည့်ရှုသူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ကားဆိုတာ အသေအချာပါပဲ။