Movie Name
Defiance (2008)
Year
2008
Generes
Action, Historical
Code
04942
Type
Movie
Size
949 MB
Country
Hollywood
Description
IMDB 7.2 Rotten Tomatoes 57% Audience Score 72% ယနေ့ခေတ်လူငယ်တွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို မခံစားခဲ့ဖူးပါဘူး ။ ဒါကြောင့်လဲ အချို့နိုင်ငံရေး Post တွေမှာဆိုရင် ချပစ် သတ်ပစ် ဆိုတဲ့ Comments တွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။ ၁၉၄၁ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဟစ်တလာဟာ ဘီလိုရုရှားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ် ။ သူ့ရဲ့ အညိုးအတေးတွေကြောင့် ထုံးစံအတိုင်း နိုင်ငံတွင်းက ဂျူးလူမျိုးတွေမှန်သမျှကို တစ်ဖြည်းဖြည်းချင်းလူမျိုးတုန်းသတ်ဖြတ်လာတဲ့အခါမှာတော့….. တူဗီယာတို့ ညီအကိုတွေဟာ နာဇီတွေဝင်ရောက်မလာခင်ကတည်းက ပြစ်မှု့တစ်ခုကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အချိန်အကြာကြီးနေခဲ့တာကြောင့် တောကိုလည်း ကျွမ်းကျင်နေကြပါပြီ။ စစ်ကြီးစဖြစ်တော့ အခြားသူတွေကလည်း သူတို့လို တောထဲကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ တူရာတူရာတွေ စုမိကြရင်း နောက်ဆုံး ရွာတစ်ရွာတည်နိုင်လောက်တဲ့အထိများပြားလာတဲ့အခါမှာတော့ သူတို့ဟာ သူပုန်လိုလို တော်လှန်ရေးသမားတွေလိုလို ဖြစ်လာကြပါတော့တယ်။ ဒီကားဟာ ဖြစ်ရပ်မှန်ဝတ္တုဖြစ်တဲ့ Defiance : The Bielski Partisans ဆိုတဲ့ Nechama Tec ရဲ့ဝတ္တု့ကို ပြန်လည်အသက်သွင်းထားတာပါ။ သရုပ်ဆောင်တွေကတော့ ဂျိမ်းစ်ဘွန်းမင်းသားကြီးဖြစ်တဲ့ Daniel Craig နဲ့ Wolverine အကိုအဖြစ် သရုပ်ဆောင်ဖူးတဲ့ Liev Schreiber တို့က ပါဝင် သရုပ်ဆောင် ထားကြပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kiwi ပါ)