-
Movie Name
-
T-34(2018)
-
Year
-
2018
-
Generes
-
Action, War
-
Code
-
04946
-
Type
-
Movie
-
Size
-
1.27 GB
-
Country
-
Hollywood
-
Description
-
T-34(2018)
((ဒီကားရဲ့ အသက်ဟာ တင့်ထိုးစစ်ဆင်မှုတွေနဲ့ တင့်ကျည်ဆန်တွေ
တစ်ဝုန်းဝုန်း ပစ်ခတ်ထိမှန်ချက်တွေဖြစ်လို့ Blu-Ray 1080p5.1 ch နှင့် 720p တို့ဖြင့် update ပေးထားပါသည်…))
စစ်ကားကောင်းတွေ မျှော်လင့်နေတဲ့ ပရိတ်သတ်တွေအတွက်
မျှော်လင့်ရကျိုးနပ်တဲ့ကားတစ်ကားလာပါပြီဗျား….
ဒီကားက ဒုတိယ ကမ္ဘာစစ်အတွင်း ရုရှားနဲ့ ဂျာမန်စစ်ဖြစ်တဲ့အချိန်
% buffered
00:00
-00:11
Download
Your browser does not support the video tag.
စီးချင်းထိုးခဲ့တဲ့ တင့်ကားတွေအကြောင်းကို အဓိက ထားရိုက်ကူးပြထားတာပါ….
ပြသချိန် ၂နာရီကျော်ရှိခဲ့ပေမယ့် T-34 အမြောက်သံတစ်ဂျိန်းဂျိန်း ကျည်ဆံသံတစ်ဝီဝီနဲ့
အပြန်အလှန်တိုက်ခိုက်မှုကြားမှာ ခင်ဗျားဟာ စိတ်ဝင်စားလွန်းတော့ တောင့်တောင့်ကြီးကြည့်မိပြီး
၂နာရီကျော်ဆိုတာဆိုတာ ဘာမှန်းမသိဖြစ်သွားလိမ့်မယ်….ဇာတ်လမ်းအစမှ အဆုံးထိ ခပ်သွက်သွက်
ခပ်ရှင်းရှင်းနဲ့ကို Tempo ချချိန်ဆိုတာတောင်မရှိသလောက်ပဲ…..ရိုက်ချက်တွေနဲ့
ခပ်ပါးပါးနောက်ခံတေးကလည်း တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိပဲ….
ရုရှားဘက်ကတိုက်ရည်ခိုက်ရည်ကောင်းတဲ့ တင့်ကွန်မန်ဒါတစ်ယောက်ဖြစ်တဲ့ Nikolay Ivushkinဟာ
ဂျာမန်တင့်ကားခြောက်စီးကို သူ့ရဲ့ T-34တင့်ကားတစ်စီးတည်းနဲ့အကုန်အပြတ်ချေမှုန်းနိုင်ခဲ့တယ်….
၆စီးကို တစ်စီးထဲနဲ့ချေမှုန်းသွားနိုင်တာကြည့်ရင် သူ့ရဲ့အရည်အချင်းကိုခန့်မှန်းမိနိုင်ကောင်းပါရဲ့…
သို့ပေမယ့် နောက်ဆုံးတစ်စီးတစ်စီးကိုချေမှုန်းနိုင်ခဲ့ပေမယ့် သူအဖမ်းခံလိုက်ရတယ်…
ဒီလိုနဲ့ ဂျာမန်စစ်သုံပန်းဘဝကိုရောကရှိသွားတယ်…
ဒီအချိန်မှာ ဂျာမန်တွေအတွက်ရုရှားတွေရဲ့ တင့်စစ်ကစားဟန်က
ထိတ်လန့်စရာအဖြစ်သိရှိခဲ့ပြီးတဲ့နောက်မှာ သူတို့အစီအစဉ်တစ်ခုဆွဲခဲ့တယ်…
ဂျာမန်တွေဟာ နောက်ဖြစ်လာမယ့်ရုရှားတပ်နီနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့
အထူးသဖြင့်ရုရှားတင့်တွေကိုဘယ်လိုအနိုင်ရမလဲဆိုတာကို ဂျာမန်မျိုးဆက်သစ်ဗိုလ်လောင်းတွေကို
လက်တွေ့ကျကျလေ့လာနိုင်အောင်လို့ တစ်ကယ့်ရုရှားတင့်တစ်စီးနဲ့တိုက်ခိုက်ပေးဖို့စီစဉ်လိုက်တယ်….
အဲ့အချိန်မှာ Nikolay Ivushkinနဲ့တိုက်ခိုက်ဖူးတဲ့ဂျာမန်ခေါင်းဆောင်ဟာ
Nikolay Ivushkin ရဲ့အရည်အချင်းကိုသိတဲ့အတွက် Ivushkin ကိုလူအချို့ပေးရွေးပြီးတော့
စုတ်ပြတ်သတ်နေတဲ့ရုရှားတင့်တစ်စီးကိုပေးလိုက်တယ်…အမြောက်ကျည်ဆန်မပါဘဲနဲ့ ဂျာမန်ဗိုလ်လောင်းတွေနဲ့တိုက်ခိုင်းတယ်…
Ivushkinဟာအဲ့ဒီစုတ်ပြတ်သပ်နေတဲ့တင့်ကားအတွင်းပိုင်းကိုဝင်ကြည့်တဲ့အခါမှာ
ပုပ်ပွနေတဲ့အလောင်းတွေအပြင် မထင်မှတ်ဘဲပြောင်လက်နေတဲ့အရာတစ်ခုခုကိုမြင်တွေ့လိုက်တဲ့အချိန်မှာတော့…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်…