Movie Name
The Cold Blue(2019)
Year
2019
Generes
Biography, War
Code
04951
Type
Movie
Size
1.02 GB
Country
Hollywood
Description
တ်တမ်းရုပ်ရှင် ပရိတ်သတ်တွေအတွက် ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ကူးထားတဲ့ ကားတွေက မရှားပါဘူး။ ဒါပေမဲ့ The Cold Blue ကတော့ထူးခြားမှုတွေ ရှိနေပါတယ်။ သူက နာမည်ကြီး မှတ်တမ်းရုပ်ရှင် The Memphis Belle ကို ပြန်လည်ပြင်ဆင် တည်းဖြတ်ထားတာ ဖြစ်ပါတယ်။ % buffered 00:00 -00:10 Download Your browser does not support the video tag. ဟောလိဝုလောကမှာ လေးစားရတဲ့ ဒါရိုက်တာ ဟောင်းကြီး Willian Wyler ဟာ ၁၉၄၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ လေတပ်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်တိုင်လိုက်ပါသွားပြီးတော့ မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ ကံဆိုးစွားနဲ့ ရိုက်ကူးရေး အဖွဲ့ဝင် သုံးယောက်ထဲ့က တစ်ယောက်က လေယာဉ်ပျက်ကျတဲ့ အထဲမှာ ပါသွားပါတယ်။ အဲ့ဒီလို အသက်စွန့်ပြီး ရိုက်ကူးခဲ့တဲ့အတွက် ရှားပါးပြီး မြင်ရခဲတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ကို The Memphus Belle လို့ခေါ်ပါတယ်။ ဒုတိယကမ္ဘာစစ်အကြောင်း ပြောကြတဲ့ အခါ မြေပြင်ပေါ်က စစ်သားတွေအကြောင်းသာ အပြောများကြပါတယ်။ ဗုံးကျဲလေယာဉ်မှူးတွေ အကြောင်းကို ကျနော်တို့ သိပ်မသိကြပါဘူး။ The Cold Blue ထဲမှာတော့ အဲ့ဒါတွေကို မြင်ရကြားရမှာ ဖြစ်တဲ့အတွက် လူတိုင်းကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့