-
Movie Name
-
The Thin Red Line (1998)
-
Year
-
1998
-
Generes
-
War
-
Code
-
04955
-
Type
-
Movie
-
Size
-
1.43 GB
-
Country
-
Hollywood
-
Description
-
စစ်ကားတွေထဲမှာ အထူးသဖြင့် ကျွန်တော်သိသလောက် Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေဟာ
ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို
အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်…ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်……
% buffered
00:00
-00:11
Download
Your browser does not support the video tag.
ဒါ့ကြောင့် အပေါ်က ကျွန်တော်ပြောခဲ့တဲ့ စစ်ကားကြီး(၂)ကားမှာ တက်သိမ်းတဲ့သူတွေဟာ အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရပါတယ်….
The Thin Red Line(1998) ဟာလည်း ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့
တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ….ဒီစစ်ကားရဲ့ကောင်းမွန်ခြင်းတွေက Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) တို့ နဲ့တောင်
တန်းတူတောင်ထားလို့ရမယ်ထင်တယ်…
အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင် ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့်
အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်…
ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့
ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့
စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်…စစ်သားတွေရဲ့ပူပန်မှုတွေအခက်အခဲတွေကို သူတို့နည်းတူ ခင်ဗျားတို့ ထပ်တူထပ်မျှခံစားနေရလိမ့်မယ်…
အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးကြီးခံစားနေရလိမ့်မယ်.. ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ
ရင်တထိတ်ထိတ်နဲ့….ဇာတ်လမ်းနဲ့ တင်ဆက်ပုံကလည်း အရမ်းကိုကောင်းလွန်းတဲ့အပြင် သရုပ်ဆောင်တွေကလည်း
တကယ့်နာမည်ကြီးမင်းသားတွေကြီးပဲဆိုတော့ ဒီစစ်ကားဟာ အော်စကာဆု(၇)ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၂၀)ဆုလည်းရရှိခဲ့ပါတယ်..
ကျွန်တော်ပြောတာ ဟုတ်မဟုတ်ခံစားကြည့်လိုက်ပါဦး….
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်….