-
Movie Name
-
Batman Under The Red Hood (2010)
-
Year
-
2010
-
Generes
-
Action, Animation, Crime
-
Code
-
AN0002
-
Type
-
Movie
-
Size
-
1.20 GB
-
Country
-
Hollywood
-
Description
-
ဒီကားလေးကတော့ DC ရဲ့ နာမည် ကျော် Animation တွေထဲက တစ်ကားဖြစ်ပါတယ်။
ဒီကားထဲမှာတော့ Batman ရဲ့ နာမည်ကျော် ဗီလိန်တွေဖြစ်တဲ့ ဂျိုကာ ရာအယ်ဂူး Red Hood
အစရှိတဲ့ သူတွေပါဝင်တဲ့ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းကို ပြောရရင်တော့
ဂျိုကာ ရဲ့ လက်ချက်နဲ့ Second Robin ဖြစ်တဲ့ Jason Todd သေဆုံးသွားပြီးနဲ့နောက်မှာ Batman ဟာ ဆိုရင်
ဘယ်သူ့ အကူအညီမှ မယူပဲတစ်ယောက်ထဲ လှုပ်ရှား နေပါတော့တယ်။အဲ့အချိန်မှာပဲ Gotham မှာ
Joker က Arkham Asylum ထဲမှာ အဖမ်းခံနေရပြီး ရာဇဝတ်လုပ်ငန်းတွေကို Black Mask က ချုပ်ကိုင်
နေတဲ့ အချိန်ပေါ့။ အဲ့အချိန်မှာပဲ Red Hood လို့အမည်ရတဲ့ အနီရောင် မျက်နှာဖုံးစွပ် ဗီလိန်တစ်ဦး
ပေါ်ထွက်လာခဲ့ပါတယ်။သူကတော့ Black Mask တို့လို မူးယစ်ဆေး အရောင်း အဝယ်လုပ်ဖို့
ဆိုးသွမ်း ဖို့ မဟုတ်ပဲ Gotham မြို့ ကို သန့်ရှင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင် ထိန်းချုပ်ပါတော့တယ်။
Black Mask ရဲ့ နယ်မြေတွေကို လုယူ ပြီး မူးယစ်ဆေးအရောင်းအဝယ်တွေကို ကန့်သတ်ထိန်းချုပ်ပြီး
ရက်စက် စွာသတ်ဖြတ်ပါတော့တယ်။ ဒီလို နဲ့ Arkham Asylum က ဂျိုကာ ကို Black Mask က
အကူအညီတောင်း ရာက Joker လွတ်မြောက် လာခဲ့ပြီး ဂေါ်သမ် မြို့ ကို ထိန်းချုပ် သန့်စင်ဖို့
ွကြိုးစားနေတဲ့ Red Hood နဲ့ သူ့ကို တားဆီး စုံစမ်းနေတဲ့ Batman တို့ရဲ့ ကြားကို Joker
ပါ ရောက်လာတဲ့ အချိန်မှာတော့ မထင်မှတ်ထားတဲ့ နာကြည်းစရာ အတိတ် တွေ ပြန်ပေါ်လာခဲ့ပါတော့တယ်။
ဘယ်လို အတိတ် တွေလည်း ဘယ်လို ဆက်ဖြစ်ကြမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ။