Movie Name
Batman Vs. Robin (2015)
Year
2015
Generes
Action, Animation, Adventure
Code
AN0003
Type
Movie
Size
601 MB
Country
Hollywood
Description
Bruce Wayne ရဲ့သား Damian Wayne က သူ့အဖေရဲ့လူမသတ်ရစည်းမျဉ်းကို သဘောမကျဖြစ်နေချိန်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူ့ကိုကမ်းလှမ်းခဲ့ပါတယ်။ သူ့ရဲ့အနာဂတ်ကို အဲ့ဒီလျှို့ဝှက်အဖွဲ့အစည်းထဲမှာ နှစ်မြုပ်လို့ရပြီလို့ထင်မိတဲ့အခါမှာ …… (အိမ်း ကွကိုကြိကြပါ)? Gotham မြို့မှာပျောက်ဆုံးနေတဲ့ကလေးတွေနဲ့ပတ်သက်ပြီး Damian က Doll Maker ကိုရှာခဲ့ပါတယ်။ Damian က သူ့ရဲ့ပင်ကိုဗီဇအတိုင်း Doll Maker ကိုသတ်ဖို့အထိစဉ်းစားခဲ့ပေမဲ့ သူ့အဖေ Batman ရဲ့ လူမသတ်ရတဲ့ စည်းမျဉ်းကိုတော့ မတွန်းလှန်နိုင်ခဲ့ပါဘူး။ အဲ့အချိန်မှာ Damian ကိုအမြဲစောင့်ကြည့်နေတဲ့ Talon က Damian ကို လူမသတ်ရစည်းမျဉ်းကိုကျော်လွန်နိုင်ဖို့နဲ့ ပင်ကိုဗီဇကိုသာ အလေးပေးဖို့ပြောကြားခဲ့တယ်။ ပြီးတော့ Talon က Damian ကို ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ် ……. ? Gotham မြို့ရဲ့ အခမ်းနားဆုံးမိသားစုနှစ်ခုဖြစ်တဲ့ Wayne family နဲ့ Vanaver family ရဲ့ မျိုးဆက်ဖြစ်တဲ့ Bruce Wayne နဲ့ Samantha Vanaver နှစ်ယောက်အကြား သံယောဇဉ်လေးကိုလည်း ရှုစားကြပါခင်ဗျ ငိငိ …..?? Teen Titans မှာရောက်နေပေမဲ့ အကူအညီလိုရင် လိုသလိုသိတတ်တဲ့ First Robin:Dick Grayson လဲပါပါတယ် ….? % buffered 00:00 -00:07 Download Your browser does not support the video tag. Bruce Wayne ငယ်ငယ်က အခန်းတွေလည်းပါတာမို့ ငယ်ငယ်က Bruce ဟာအခုလိုမာမာထန်ထန်မဟုတ်တာကိုလည်းကြည့်ခွင့်ရမှာပါ Bruce သိမ်ငယ်စိတ်တွေဖြစ်တဲ့အခါ ဖခင်တစ်ယောက်လိုအားကိုးလို့ရတဲ့ Alfred … အိမ်သန့်ရှင်းရေးကအစ Technology အဆုံးအားကိုးရတဲ့ Alfred … သူငယ်ချင်းတစ်ယောက်လိုနေပေးနိုင်တဲ့ Alfred …. ကျွန်တော်တို့အချစ်တော်Alfred ရဲ့ဇာတ်ကောင်ကလည်းပေါ်လွင်ပါတယ်။ Damian က Bruce Wayne ရဲ့သွေးအရင်းပေမဲ့ Ra’s al ghul က လေ့ကျင့်ပေးထားတာကြောင့် သူ့ရဲ့စိတ်ပိုင်းက မာကျောတယ်၊ လက်စားချေချင်တယ်၊လူသတ်ချင်တယ်၊ သို့ပေမဲ့ Bruce အပေါ်မှာတော့ ဘယ်လောက်ထိသံယောဇဉ်ရှိတယ်ဆိုတာကိုတော့ ….. ဒီ Animation ကို Scott Snyder ရေးသားခဲ့တဲ့ Batman:The Court of Owls story arc ပေါ်အခြေခံထားပြီး ဒီဇာတ်လမ်းရဲ့နောက်ဆက်တွဲအနေနဲ့ Batman:Bad Blood animation ကိုထုတ်ခဲ့ပါတယ်။ Batman vs Robin animation က ကျွန်တော်တို့ DC animated movie တွေရဲ့ထုံးစံမပြတ်အခန်းဆက်တွေထဲကတစ်ခုပါပဲ။Series ပုံစံနဲ့ပြောရမယ်ဆိုရင်တော့ Son of Batman(2014)—->Batman vs Robin(2015)—–>Batman:Bad Blood(2016) တွေပါ။