Movie Name
Three Lives Three Worlds , Ten Miles Of Peach Blossoms
Year
2017
Generes
Adventure, Drama, Historical
Code
SC0124
Type
Series
Size
18.8 GB
Country
China
Description
ဒီဇာတ်လမ်းတွဲလေးကတော့ မထွက်ခင်တည်းက နာမည်လေးမြင်ပြီး အရမ်းစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပေါ့ … ဇာတ်လမ်းလေးရဲ့ နာမည်ကတော့ ” Three Lives Three World, Ten Miles of Peach Blossoms ” ဖြစ်ပါတယ် … Drama , Romance , Fantasy & Wuxia အမျိုးအစားဖြစ်ပြီး အပိုင်းရေ စုစုပေါင်း ၅၈ ပိုင်း ပါဝင်ပါတယ် … ဇာတ်လမ်းအကျဉ်းလေးကတော့ – ပိုင်ချင်းဆိုတဲ့မြေခွေးမလေးတကောင်က ခွန်လွန်တောင်ကိုပညာသွားသင်ရာမှာ နောင် ရဲ့ဟွားဆိုတဲ့ အဓိက မင်းသားဖြစ်လာမယ့်ရွှေကြာပန်းလေးနဲ့ဆုံခဲ့ပါတယ် … အသူရာမျိ ုးနွယ်တွေနဲ့သမိုင်းတွင်တဲ့ စစ်ပွဲကြီးဖြစ်ပြီးတဲ့အချိန်မှာ ရွှေကြာပန်းလေးက နောင်အနာဂတ်ရဲ့ကောင်းကင်ဘုံအရှင်အဖြစ်နတ်ဘဝ ဝင်စားချိန်မှာ ပိုင်ချင်းကလဲ ချင်ချိ ု မြေခွေးနယ်မြေရဲ့ အမျိ ုးသမီးဧကရာဇ်ဖြစ်လာပါတယ် … ပိုင်ချင်း က ချ ုပ်နှောင်ထားတဲ့ အသူရာသခင်ကို မလွတ် မြောက်စေဖို့ တိုက်ခိုက်တဲ့ပွဲမှာ သေမျိုးနယ်ပယ်ထဲကျရောက်သွားခဲ့ရာမှ သူမရဲ့နတ်မျိုးနွယ်ဖြစ်တဲ့အတိတ်ကို မေ့လျောသွားပြီး သေမျိုးနယ်ပယ်ထဲမှာ စုစုအဖြစ်နေထိုင်ခဲ့ကာ … နန်းတက်မင်းသား ရန်ဟွား နဲ့တွေ့ဆုံချစ်ကြိုက်ခဲ့တယ် … ဆုဂျင်းဆိုတဲ့ မင်းသမီးဟာ ရဲ့ဟွားရဲ့ ပိုင်ချင်း အပေါ်ထားတဲ့အချစ်ကို မနာလိုဖြစ်ပြီးသူတို့ကြားနားလည်မှုလွဲအောင်ဖန်တီးခဲ့တယ် … ပိုင်ချင်းကသူမအချစ်ကို ဆုံးရှုံးရတယ် … ထင်ပြီးသူမရဲ့သေမျိုးလူသားဘဝကို အဆုံးသတ်မိရာမှ အမှတ်မထင်နတ်ဘဝပြန်ရောက်ရာမှ နတ်ဘုရားမအဖြစ်အဆင့်တက်သွားပါတယ် … အဲ့ဒီနောက်ရဲ့ဟွားကိုနာကျည်းကာ မေ့ပစ်ဖို့အတွက်မှတ်ဉာဏ်တွေဖျက်ဆီးခဲ့တယ် … အဲ့ဒီနောက်ကံကြမ္မာရဲ့ဖန်တီးမှုနဲ့သူတို့နှစ်ယောက်ပြန်လည်တွေ့ဆုံခဲ့ရာမှ အချင်းချင်းမေတ္တာသက်ဝင်ခဲ့ပါတယ် … နတ်ဘုရားမဖြစ်တဲ့ ပိုင်ချင်းက သူမဟာစုစုဆိုတာသိသွားခဲ့အချိန်ရဲ့ဟွားနဲ့ဘာတွေဆက်ဖြစ်မလဲ … သူတို့နှစ်ယောက်ကိုအထင်လွဲအောင်လုပ်ခဲ့တဲ့ ဆုဂျင်းကိုဘယ်လိုလက်စားပြန်ချေမလဲ … ဒါ့အပြင် ဒီဇာတ်လမ်းလေးဟာရဲ့ဟွားနဲ့ပိုင်ချင်းတို့ရဲ့ သုံးဘဝ သုံကမ္ဘာထိခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ကားကောင်းလေးတစ်ကားပါ … ဒီဇာတ်လမ်းလေးရဲ့ cast တွေကတော့ main cast အနေဖြင့် မင်းသား Mark Chao နှင့် မင်းသမီး Yang Mi တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် … January 30 , 2017 မှာ စတင် ထုတ်လွှင့်ပြသခဲ့ပါတယ် … Rating အရတော့ IMDb မှာ 7.1/10 နှင့် MyDramaList မှာ 9.1/10 အသီးသီး ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ …