Movie Name
Despicable Me 1 (2010)
Year
2010
Generes
Adventure, Comedy
Code
AN0004
Type
Movie
Size
645 MB
Country
Hollywood
Description
အားလုံးစောင့်မျှော်နေတဲ့ Minion 2015 ကိုတင်ဆက်ပေးလိုက်ပါပြီ..အဆင်ပြေနိုင်ကြပါစေ 😀 Minion တွေဟာ ကမ္ဘာဦးအစ ကတည်းက ဆဲတစ်ခုတည်းနဲ့ တည်ရှိခဲ့တဲ့ အဝါရောင် သတ္တဝါလေးတွေဖြစ်ပြီး အင်အားအကြီးမားဆုံး အဆိုးသွမ်းဆုံး အကောင်ကိုသာ လုပ်ကျွေးပြုစုချင်ကြသူတွေ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ T.Rex ဒိုင်တိုဆောတွေ၊ ကျောက်ဂူလူသားတွေ နောက်ကို လိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဉာဏ်ပညာကြီးမားတဲ့ လူသားတွေအပေါ် နှစ်သက်တဲ့ စိတ်ကြောင့် အဆိုးသွမ်းဆုံး လူတွေဆီကိုသာ နောက်လိုက်အဖြစ် ပါဝင်ပြုစုခဲ့ပါတယ်။ အီဂျစ်ဖာရို၊ ဒရက်ဂူလာနဲ့ နပိုလီယံတို့ကို အလုပ်အကျွေး ပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အန္တာတိကမှာ သီးသန့်သွားရောက်နေထိုင်နေကြပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်ပြီး စိတ်ဓာတ်ကျ ငြီးငွေကုန်ကြပါတယ်။ ဒီ Minion အပေါင်းကို ကယ်တင်ဖို့အတွက် သတ္တိကောင်းတဲ့ Kevin ဟာ သူ့ရဲ့ အကြံကို Minion တွေအားလုံး ကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူနဲ့အတူ စွန့်စားမယ့် သူရဲကောင်း နှစ်ယောက်ကို ရှာဖွေတဲ့အခါ အူကြောင်ကြား ဂစ်တာရူးဖက်တီး Minion Stuart နဲ့ ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ Minion Bob တို့ပဲ ပါလာကြပါတယ်။ ၁၉၆၈ ကာလမှာ Kevin ဟာ Stuart ၊ Bob တို့နဲ့အတူ New York ကို ရောက်ရှိလာပါတယ်။ ကုန်တိုက်တစ်ခုမှာ ပုန်းခိုရင် ကမ္ဘာ့အဆိုးဆုံး လူဆိုးကြီးတွေ စုစည်းနေကြတဲ့ Villain-Con (ဗီလိန် ကွန်ဖရင့်) ကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ ကျင်းပမယ့် ဒီပွဲကို သွားဖို့ လမ်းမှာ ဒုစရိုက်သမား မိသားစုနဲ့တွေ့ပြီး သူတို့ကို ခေါ်သွားပါတယ်။ အဲဒီထဲကမှ အဆိုးတကာ့ အဆိုးဆုံး လူဆိုးမကြီး Scarlet Overkill ရဲ့ လက်ထောက်တွေ အဖြစ် ရွေးချယ်ခံရပါတယ်။ Scarlet ရဲ့ လက်ထောက်တွေအဖြစ် သူတို့ဟာ လန်ဒန်ကို ရောက်ရှိပြီး အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ သရဖူကို ခိုးယူဖို့ တာဝန်ပေးခံရပါတယ်။ မအောင်မြင်ရင်တော့ အသတ်ခံရမှာ ဖြစ်ပါတယ်။ သူတို့အတွက် ထူးခြားဆန်းပြားတဲ့ လက်နက်တွေကို Scarlet ရဲ့ ခင်ပွန်း Herb Overkill က စီစဉ်ပေးပါတယ်။ လန်ဒန်မျှော်စင်မှာ သိမ်းဆည်းထားတဲ့ သရဖူကို စွန့်စွန့်စားစား သွားရောက်ခိုးယူရင်း ထင်မှတ်မထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ .. Despicable Me ဇာတ်ကားနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အဝါရောင် ဇာတ်ကောင်လေးတွေရဲ့ အကြောင်း ရိုက်ကူးထားတဲ့ Minions ဇာတ်ကားဟာ Universal Studios နဲ့ Illumination Entertainment တို့ရဲ့ ပူးပေါင်းဖန်တီးမှု ဖြစ်ပါတယ်။ Minions တွေရဲ့ မူလဖန်တီးရှင် Pierre Coffin ကပဲ ရိုက်ကူးထားပြီး Kyle Balda က တွဲဖက်ပါဝင် ရိုက်ကူးထားပါတယ်။ Minions တွေအဖြစ် Pierre Coffin ကပဲ အသံနဲ့ သရုပ်ဆောင်ပေးထားပြီး Scarlet Overkill အဖြစ် Sandra Bullock က ဗီလိန်ဇာတ်ရုပ်မှာ ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Herb Overkill အဖြစ် Jon Ham ၊ Nelson မိသားစုအဖြစ် Michael Keaton နဲ့ Allison Janney ၊ Professor Flux နဲ့ မျှော်စင်စောင့်ကြီးအဖြစ် Steve Coogan ၊ အဲလစ်ဇဘက် ဘုရင်မကြီးအဖြစ် Jennifer Saunders ၊ Gru ပေါက်စအဖြစ် Steve Carell နဲ့ နောက်ခံစကားပြောကို Geoffery Rush က ပါဝင်ဆောင်ရွက်ပေးထားကြပါတယ်။ % buffered 00:00 -00:06 Download Your browser does not support the video tag. မူလ Despicable Me ဇာတ်ကားနဲ့ အောင်မြင်ခဲ့တဲ့ Minions တွေရဲ့ ဇာတ်အိမ်ကို အဓိကထားပြီး တည်ထားတာ ဖြစ်တာကြောင့် ဇာတ်ကောင်စရိုက် ပုံဖော်ရမှာ အနည်းငယ်တော့ ကွာဟမှုလေးတွေ ရှိပါတယ်။ ဇာတ်လမ်းက အတော်ကို တိုသွားပြီး ပြသချိန် ၁နာရီခွဲပဲ ရှိပါတယ်။ ဇာတ်လမ်းကို အရမ်းဟာသမြောက်ကို အစွမ်းကုန် ဇာတ်အိမ်တည်ထားပေမယ့် ဇာတ်သိမ်းခန်းက အနည်းငယ် ပေါ့ပျက်ပျက် နိုင်တာကြောင့် ရင်ထဲ စွဲမကျန်ဘူး ဖြစ်သွားပါတယ်။ ဇာတ်ကားတစ်ကားလုံး အနေနဲ့ ခြုံကြည့်ရင်တော့ ကြည့်လို့ ကောင်းပေမယ့် ဇာတ်လမ်းတိုတာရယ်၊ မျှော်လင့်ထားသလောက် မရယ်ရတာရယ်ကြောင့် အချို့ပရိသတ်တွေက မနှစ်သက်ကြပါဘူး။ IMDb မှာ Rating 6.4 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 55% ပဲ ရရှိထားပါတယ်။ ဇာတ်လမ်း အရမ်းတိုလွန်းတာရယ်၊ ဇာတ်အိမ်ကို အသားပေးလိုက်တာရယ်ကြောင့် အနည်းငယ် ပျင်းစရာ ကောင်းတာရယ်ကလွဲရင် အတော်လေး ကြည့်လို့ ကောင်းပါတယ်။ Minions ဇာတ်ကောင်လေးတွေကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သေချာပေါက် နှစ်သက်မယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။ ( အညွှန်းကို mm movieguide က ကူးယူဖေါ်ပြပါသည် ) ( ဘာသာပြန်တဲ့သူကတော့ ကို ဝေယံမောင် ဖြစ်ပါတယ် )