-
Movie Name
-
From Up On Poppy Hill (2011)
-
Year
-
2011
-
Generes
-
Animation, Drama, Family
-
Code
-
AN0040
-
Type
-
Movie
-
Size
-
975 MB
-
Country
-
Japan
-
Description
-
ဒီကားကတော့ 2011 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး 1963 ခုနှစ် ယိုကိုဟားမားကို အခြေပြုရိုက်ကူးထားပါတယ်.. ဒီကားရဲ့အဓိကထူးခြားချက်ကတော့ ဆွတ်ပျံ့ကြည်နူးစရာ သီချင်းနောက်ခံလေးတွေ တော်တော်များများပါရှိတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ Umi ဆိုတဲ့ ၁၆ နှစ်အရွယ်ကောင်မလေးနဲ့ Shun ဆိုတဲ့ကောင်လေးတို့အကြောင်းပဲဖြစ်ပါတယ်.. Umi ဟာ အဖေဆုံးသွားပြီးနောက် အလုပ်များလွန်းတဲ့အမေနဲ့လဲ အတူမနေနိုင်ဘဲ အဖွားအိမ်မှာနေထိုင်ရတဲ့ လူကြီးဆန်ဆန်ရင့်ကျက်လှတဲ့ကောင်မလေးပါ.. သူ့အကျင့်ကတော့ အိမ်ရှေ့မှာ အမြဲတမ်း အလံလေးတွေ လွှင့်ထူထားတတ်တာပါပဲ… သူ့ညီမလေးကတော့ အလှအပမက်ပြီး ဆယ်ကျော်သက်ပီပီ စိတ်ကစားလွယ်လွန်းတဲ့ကလေးမလေး.. အဲဒီညီမလေးကြောင့်ပဲ Hero ဆန်ဆန် ရဲရင့်တည်ကြည်ပြီး အမှန်တရားဘက်ကရပ်တည်တတ်တဲ့ Shun နဲ့ စတင်တွေ့ဆုံခွင့်ရခဲ့ပါတယ်.. သူတို့ကျောင်းမှာ ကိုယ်ဝါသနာပါရာကလပ်အဖွဲ့တွေ စုဝေးနေထိုင်တဲ့ Latin Quarter ဆိုတဲ့အဆောက်အဦးကြီးတစ်ခု ရှိပါတယ်.. ကလပ်အဖွဲ့ဆိုတာကလဲ သင်္ချာကလပ်.. ဒဿနိကကလပ်.. ဓာတုဗေဒကလပ်.. ကဗျာကလပ်စသဖြင့် ဆယ်ကျော်သက်ကျောင်းသားတို့ရဲ့ အိမ်မက်တည်ရာ သူတို့ကမ္ဘာကြီးတစ်ခုပေါ့ဗျာ… ခက်တာက အဆောက်အဦးကြီးက ဟောင်းနွမ်းသလို ယောက်ျားလေးတွေတည်ထောင်ထားစုဝေးနေတဲ့ ကလပ်အဖွဲ့ကြီးဖြစ်တာကြောင့် ညစ်ပတ်ရှုပ်ပွပြီး စုတ်ပြတ်သတ်နေတာပေါ့ဗျာ.. ကျောင်းအုပ်နဲ့ကျောင်းသားဥက္ကဌတို့က ဒါကိုဖျက်သိမ်းပစ်သင့်တယ်လို့ ယူဆခဲ့တယ်.. Shun ကတော့ ဖျက်သိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူပါ.. Umi နဲ့ခင်မင်ပြီးနောက် Umi ရဲ့အကြံပေးချက်အတိုင်း ကျောင်းသူမိန်းကလေးတွေရဲ့ အကူအညီနဲ့ ကလပ်အဖွဲ့ကြီးတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပြီး မွမ်းမံဖို့စီစဉ်ကြပါတော့တယ်.. အဖွဲ့ကြီး မဖျက်သိမ်းရရေးအတွက် အတူဆောင်ရွက်ရင်း နှစ်ယောက်ကြားက သံယောဇဉ်တွေကလဲ ခိုင်မာသထက် ခိုင်မာလာပါတယ်.. တစ်ရက် Umi တို့အိမ်မှာအတူနေတဲ့ Dr.Hotaru ရဲ့ နှုတ်ဆက်ပွဲမှာ Shun ရောက်လာတော့ အိမ်ကြီးကို လှည့်ပတ်ပြသရင် အလံလွှင့်ဖြစ်တဲ့အကြောင်းကို ပြောပြမိတယ်.. Umi ရဲ့အဖေဟာ သင်္ဘောကပ္ပတိန်တစ်ယောက်ဖြစ်တာမို့ အလံရှိရာကိုကြည့်ပြီး အိမ်ပြန်လမ်းကို ခန့်မှန်းသိရှိနိုင်ဖို့အတွက် Umi ကို အလံနဲ့သင်္ကေတပြတဲ့နည်းကို သင်ပေးထားတာပါ.. သူ့အဖေဟာ ကိုရီးယားတွေနဲ့စစ်ပွဲဖြစ်တဲ့အချိန်မှာ ကျဆုံးခဲ့ပေမယ့် Umi ကတော့ အဖေလာရာလမ်းကိုမျှော်ရင်း အစဉ်အလာမပျက် အလံဆက်လွှင့်နေခဲ့တာပဲဖြစ်ပါတယ်.. ဒါတွေကို ပြောပြရင်း သူ့အဖေရဲ့ဓာတ်ပုံကို ပြသပြီးတဲ့နောက်မှာတော့ Shun တစ်ယောက် Umi အပေါ်မှာ ဆက်ဆံရေးတွေ ပြောင်းလဲအေးစက်လာပါတော့တယ်… ဒီအလံလွှင့်ထူမှုရဲ့နောက်ကွယ်က ဇာတ်လမ်းက ဘာဖြစ်မလဲ… ဘာကြောင့် Shun က သူ့အဖေပုံမြင်ပြီးနောက်မှာ ပြောင်းလဲသွားတာလဲ… ကျောင်းအုပ်ကြီးရဲ့ ကလပ်ဖျက်သိမ်းမှုကို Shun တို့ Umi တို့လို ကျောင်းသူကျောင်းသားလေးတွေအင်အားနဲ့ တားဆီးနိုင်ပါ့မလားဆိုတာကိုတော့ အောက်ကလင့်အတိုင်း ဒေါင်းယူကြည့်ရှုနိုင်ပါတယ်ခင်ဗျာ…
ဒီဇတ်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားသူကတော့ Nyi Than Lwin ဖြစ်ပါတယ်…