-
Movie Name
-
Happy Feet Two (2011)
-
Year
-
2011
-
Generes
-
Animation, Comedy
-
Code
-
AN0043
-
Type
-
Movie
-
Size
-
992 MB
-
Country
-
Hollywood
-
Description
-
သီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့
ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့
ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကို
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး
အသိပညာတွေ ပေးပါတယ်
ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့
နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆို့နင့်ပြီး
မျက်ရည်ကျလောက်အောင် ဝမ်းသာမိဖူးတယ်
(ငယ်ငယ်တုန်းကပါ) 😀
ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖို့
သီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖို့
ပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင်
ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီး
အသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့
ညို့ငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့
စော်ကြည်ဘဲ တွေပါပဲ….
ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့
ပင်ဂွင်း အထီး နဲ့ အမ ညားပါလေရော
သူတို့ဆီမှာ အစာရေစာ ရှားပါးလွန်းတော့
ဥထားတဲ့ ဥတွေကို အထီးတွေက ဝပ်ပေးရပြီး
အစ်မတွေကတော့ ရာသီတစ်ခုမှာ
လနဲ့ချီပြီး အစာရှာထွက်ရပါတယ်
အဲ့ဒီမှာပဲ ဥ ကလေး တစ်လုံး ဟာ
လွဲချော်စွာ နဲ့ မွေးဖွားလာခဲ့ပြီး
ထို ပင်ဂွင်းလေး နာမည်ကတော့
မန်ဘယ် ဖြစ်ပါတယ်
မန်ဘယ် လေးဟာ မွေးကတည်းက
ဘရိတ်ဒန့် တွေ ဆွဲပြီး က နေလို့
ပင်ဂွင်းခေါင်းဆောင် (သမ္မတပေါ့ဗျာ) က
သန္ဓေမအောင်တဲ့ ကောင်လို့ သက်မှတ်ပြီး
အစဉ်အလာ ကို ချိုးဖျက်လို့ ပင်ဂွင်းအုပ်တွေထဲကနေ
မောင်းထုတ် ပယ်ထားလိုက်ပါတော့တယ်…
ဒီနောက်ပိုင်းမှာတော့ မန်ဘယ် တစ်ယောက်
ခပ်ပြောင်ပြောင် ခပ်နောက်နောက်
ပင်ဂွင်းအပု မျိုးနွယ်တွေနဲ့ ပေါင်းပြီး
ဂန္ဓဝင်တွင်မယ့် ကိစ္စကြီး တစ်ခုကို
စတင်အကောင်အထည်ဖော်ပါလေတော့သည်….
ဒီ Happy Feet ရုပ်ရှင်ကားကို
သီချင်းတွေက အစ မြူးမြူးကြွကြွလေး
ဖြစ်ပြီး မူရင်း အရသာ မပျက်အောင်
ဘာသာပြန်ပေးထားသူကတော့
CM Translator မေသဇင်စိုး ပဲ ဖြစ်ပါတယ်
ကျွန်တော် Thit San Khant မှ
Encode ၍ တင်ဆက်ပေးထားပါတယ်…