Movie Name
Where The Lost Ones (အရမ်းချစ်တယ်ဆိုပြီး)
Year
2018
Generes
Drama, Romance
Code
SC0129
Type
Series
Size
8.39 GB
Country
China
Description
: တစ်ခါတင်ဆက်ပေးမှာကတော့ "အရမ်းချစ်တယ်ဆိုပြီး..." လို့အမည်ရတဲ့ တရုတ် ဇာတ်လမ်းလေးတွဲပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာဆိုရင် Friendship, Music, Romance, School, Youth စတဲ့ရသမျိုးစုံကိုခံစားရမှာပါ ဇာတ်လမ်းလေးကတော့ဒီလိုပေါ့ ယဲ့ကြည် လို့ခေါ်တဲ့ ပန်းချီမေဂျာက ကျောင်းသူလေးနဲ့ ရှန်းကျဲယွီ လို့ခေါ်တဲ့ ဆီဆေးပန်းချီမေဂျာက ကျောင်းသားလေးတို့မထင်မှတ်ပဲတွေ့ဆုံခဲ့ကြပြီးတော့ ကောလိပ်တက်ရင်းချစ်သူတွေဖြစ်ခဲ့ကြတယ်လေ ရှန်းကျဲယွီက အဲ့အနုပညာကျောင်းမှာ အချောဆုံးလို့နာမည်ကြီးသလို ပန်းချီလည်းတော်တာပေါ့နော် ယဲ့ကြည်ရဲ့ဘဝမှာ တစ်ခုခုအဆင်ပြေချောမွေ့လာပြီဆိုရင် အဲ့သာယာနေတဲ့အခြေအနေလေးကိုလက်လွှတ်ဆုံးရှုံးရတတ်တယ်တဲ့ အာ့မို့ ယဲ့ကြည်က ဘုရားသခင်ကသူ့အပေါ်မတရားဘူးလို့ ခံယူထားမိတာလေ ဟုတ်တယ် ကံကြမ္မာကဆန်းကြယ်လွန်းပါတယ် ရှန်းကျဲယွီက ယဲ့ကြည်ကိုလုံးဝနှုတ်မဆတ်သွားပဲနဲ့ သူမဘဝထဲကလုံးဝပျောက်ကွဲသွားခဲ့တယ် ဒီလိုနဲ့ ယဲ့ကြည်က ရှန်းကျဲယွီနဲ့တူတူဖန်တီးထားတဲ့သာယာတဲ့ချစ်သူရည်းစားဘဝကိုဆုံးရှုံးလိုက်ရပြန်တယ် ဒီလိုနဲ့ အချိန်တွေလည်းကြာသွားတော့ ယဲ့ကြည်လည်းအောင်မြင်တဲ့ ပန်းချီဆရာလေးတစ်ယောက်ဖြစ်လာခဲ့ပါပြီ ရှန်းကျဲယွီက ယဲ့ကြည်နားကို ပြန်ရောက်လာတော့ ယဲ့ကြည်လေးကပြန်လက်ခံနိုင်ပါ့မလား? ရှန်းကျဲယွီကို ဆက်ချစ်ပေးနိုင်ပါ့မလား သိချင်တယ်ဆိုရင်တော့ "အရမ်းချစ်တယ်ဆိုပြီး..." ဆိုတဲ့ ဇာတ်လမ်းလေးမှာ စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်