-
Movie Name
-
Stand By Me Doraemon
-
Year
-
2014
-
Generes
-
Animation, Comedy, Drama
-
Code
-
AN0064
-
Type
-
Movie
-
Size
-
810 MB
-
Country
-
Japan
-
Description
-
ဒိုရာမွန် လို့ပြောလိုက်ရင် အပြာရောင်ကြောင်ကာတွန်းရုပ်လေးကို ပြေးမြင်မိကြမှာပါ။
ဒိုရာမွန်ဟာ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် manga စီးရီးတစ်ခုလည်းဖြစ်ပါတယ်။
ဒီ Stand by Me Doraemon ကာတွန်းရုပ်ရှင်က 2014 ခုနှစ်မှာထွက်ခဲ့တာဖြစ်ပြီး
38 ကြိမ်မြောက် ဂျပန်အကယ်ဒမီ ကာတွန်းရုပ်ရှင်ဆု ရရှိခဲ့တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။
ကလေးတွေအတွက်သာမက လူကြီးတွေအတွက်ပါ ခံစားကြည့်ရှုလို့ရတဲ့
ကာတွန်းကားဆိုလည်းမမှားပါဘူး။ ဒီကားမှာ ဒိုရာမွန် ဇာတ်လမ်းတွဲတွေရဲ့ အစလို့ပြောလို့ရတဲ့ ..
% buffered
00:00
-00:01
Download
Your browser does not support the video tag.
အလွဲလွဲအချော်ချော်နဲ့ လူညံ့ လူပျင်းလေး နိုဘိတ ဆီကို ဒိုရာမွန်
ရောက်လာရတဲ့အကြောင်းအရင်းကို ဇာတ်လမ်းတည်ထားပါတယ်။
နိုဘိတက ကျန်တဲ့နေရာသာ သုံးစားမရပေမယ့် မေတ္တာတရားမှာတော့
ခေသူမဟုတ် ဆိုတဲ့အထဲကပါ။ ဒီကားလေးထဲမှာ နိုဘိတရဲ့
ခွက်ရှ် ရှီဇူကာအပေါ်ထားတဲ့မေတ္တာတရားတွေ၊
ဒိုရာမွန်နဲ့ နိုဘိတကြားက သံယောဇဉ်တွေ၊ လူတစ်ဘက်သားကိုအနိုင်ကျင့်တတ်တဲ့
ဂျီကြီးနဲ့ စနိတို့ရဲ့ အမူအကျင့်တွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ဖွဲ့လိုက်တဲ့အခါမှာတော့
ရယ်စရာလည်းပါ၊ ဝမ်းနည်းစရာလည်းပါ၊ သနားစရာတွေလည်းပါတဲ့
ကာတွန်းဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတော့တယ်။
ကြည့်ရကျိုးနပ်တဲ့ ကာတွန်းကားလေးဖြစ်သလို
ဒိုရာမွန် ချစ်သူတွေအတွက်တော့ လုံးဝလက်လွတ်မခံသင့်တဲ့
ဇာတ်ကားတစ်ကားဖြစ်ပါတယ်ခင်ဗျား။
ဘာသာပြန်နဲ့ အညွှန်းကတော့ Phyo Thu Kyaw ဖြစ်ပါတယ်ဗျ ?