Movie Name
The Empire Of Corpses (2015)
Year
2015
Generes
Animation, Sci-Fi
Code
AN0072
Type
Movie
Size
655 MB
Country
Hollywood
Description
The empire of corpses ……………………………………. IMDb 6/10 My anime list 7/10 ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ တခုတော့ သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး တခြားuniverseမှာတည်တာဗျ ဇာတ်လမ်းအကျဉ်းမပြောခင် ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ် ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ် (ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့ နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ် မြန်မာကလူတော်တော်များလည်း BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်) ဒီကားရဲ့ဇာတ်လမ်းကို ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့ ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ ဆိုတော့ကာ ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ် ၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ် သူဟာ အလောင်းတွေဆီကနေ ‌အကောင်းဆုံးအလှဆုံး ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ် နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ် ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့် တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ် ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ် အဲ့ဒီမကောင်းဆိုးဝါးဟာ ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး လိုက်သတ်တယ် နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ တချို့ရုပ်ရှင်ကားတွေမှာတော့ သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင် လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့ ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့ ၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ ကမ္ဘာမှာထွန်းကားလာနေပါတယ် အဲ့ဒီနည်းပညာဟာ ၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့ နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ ဒါပေမယ့် ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့ The Oneလို့ခေါ်တဲ့ အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့ အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့ ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေ့ါဗျာ အဲ့မှာမှ ဒေါက်တာဝပ်ဆန်ဆိုတဲ့လူဟာ သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ် Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ် ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ် အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့ ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ် ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ