-
Movie Name
-
The Peanuts Movie (2015)
-
Year
-
2015
-
Generes
-
Animation
-
Code
-
AN0079
-
Type
-
Movie
-
Size
-
694 MB
-
Country
-
Hollywood
-
Description
-
The peanuts ဆိုရင်ပြေးမြင်ကြတဲ့ စနူပီနဲ့ မအူမလည်ချာလီတို့ရဲ့ကားကို
ညီမလေး မြတ်ကဘာသာပြန်ပေးလိုက်ပါပြီ။
ချာလီဘရောင်း၊ စနူပီ၊ လူစီ၊ လိုင်းနပ်စ့် နဲ့ကျန်တဲ့ချစ်လှစွာသော “Peanuts” ဂိုဏ်သားတွေကတော့ သူတို့ကိုမမြင်တွေ့ရဖူးတဲ့ 3D စခရမ်ပေါ်မှာပေါ်လာခဲ့ကြပါပြီ။ ချာလီဘရောင်းနဲ့သူ့ရဲ့ အချစ်ရဆုံးသောခွေးကလေး စနူပီတို့နှစ်ယောက်အကြောင်း။ သူရဲကောင်းဆန်တဲ့စွန့်စားခန်းတွေနဲ့လေယာဉ်မောင်းပြီး လေသူူရဲနီ နဲ့စိတ်ကူးယဉ်စာရေးရင်း ကောင်းကင်တိုက်ပွဲဝင်တဲ့၊ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ချစ်စရာအိမ်မွေးခွေးလေးစနူပီနဲ့ ကောင်မလေးကိုကြွေပြီး ပျားတုတ်နေတဲ့ ချာလီတို့ရဲ့ ခေတ်ဟောင်း ကာရိုက်တာကို ဒီနေ့ခေတ်မှာပြန်လည်တူးဆွပြထားပါတယ်။
ရုပ်ရှင်ရဲ့အဓိကကျောရိုးကတော့
ချာလီက သူတို့အိမ်နားကိုအသစ်ပြောင်းလာတဲ့
ဆံပင်အနီရောင်နဲ့ကောင်မလေးကိုခိုက်သွားပါတယ်။ ဒါပေမဲ့ ကောင်မလေး အထင်ကြီးဖို့ သူူကြိုးစားသမျှတိုင်းက ထုံးစံအတိုင်း စောကြည်ဖြူဖြစ်သွားပါတယ်။ ဒီအချိန်မှာပဲ ကျုပ်တို့ဇာတ်လိုက်ကျော်ကြီး ချာလီတစ်ယောက် စာမေးပွဲမှာအမှတ်ပြည့်ရပြီး ကျောင်းရဲ့ဂုဏ်ထူးဆောင်ချီးမြှင့်ခံရပါတော့တယ်။ ဒါပေမဲ့ အဲ့ဒီအမှတ်စာရင်းကမှားနေမှန်းသိတာနဲ့တစ်ပြိုင်နက် သူ့ရဲ့အောင်ပွဲခံဇာတ်လမ်းဟာ ဆုပ်လည်းစူးစားလည်းရူးတဲ့ ကြောင်သူတော်ဘဝရောက်ရတော့တာပါပဲ။ ဒီလိုအခြေအနေကိုချာလီဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာနဲ့ ..အရင်အတိုင်း မူရင်းအရသာမပြောင်းတဲ့ အရင်လိုတလွဲတွေလုပ်နေတဲ့ ချာလီဘရောင်းနဲ့ ဘေးနားကလူစီ လိုင်းနပ်စ် တို့ကိုလည်းတွေ့ရမှာပါ။
% buffered
00:00
-00:07
Download
Your browser does not support the video tag.
အိမ်မှာတီဗွီကလာတိုင်းကြည့်ခဲ့ရတဲ့ ငပိန်းချာလီဘရောင်းနဲ့ ခွေးလေးစနူပီတို့ကိုသိရင် ဒီကားကိုအရမ်းကြိုက်ကြမှာပါ။ ထွက်ပြီးမကြာခင်မှာပဲ
Meghan Trainor – Better When I’m Dancin’
သီချင်းကိုလဲ You Tube မှာပြေးဒေါင်းခဲ့ရပါသေးတယ် ???? ။
(ဘာသာပြန်သူကတော့ Myat ဖြစ်ပြီး အညွန်းကိုတော. Myo Myint Maung မှရေးပေးထားတာဖြစ်ပါတယ်)