-
Movie Name
-
Walking With Dinosanurs (2013)
-
Year
-
2013
-
Generes
-
Animation
-
Code
-
AN0080
-
Type
-
Movie
-
Size
-
599 MB
-
Country
-
Hollywood
-
Description
-
ဒိုင်နိုဆောများ အကြောင်းကို ချစ်စဖွယ် ဇာတ်လမ်း ဇာတ်အိမ်မျိုးဖြင့် ရိုက်ကူး တင်ပြထားသည့် Walking With Dinosaurs အမည်ရှိ ကာတွန်းရုပ်ရှင် ဇာတ်ကားတွင် အဓိကဇာတ်ကောင် ဒိုင်နိုဆောလေး Patchi အတွက် နောက်ခံ အသံဖြင့် သရုပ်ဆောင်ပေးခဲ့သူ Justin Long ကို Femalefrist Website က တွေ့ဆုံ မေးမြန်းထားသည်များထဲမှ ဒိုင်နိုဆောများနှင့် ပတ်သက်သော သူ၏ အမှတ်တရများ၊ Patchi အတွက် အသံဖြင့် သရုပ်ဆောင် ပေးခဲ့ရသည့် အကြောင်းရင်းနှင့် ကာတွန်းရုပ်ရှင် ဇာတ်ကားများအပေါ် သူ့သဘောထားတို့ကို ကောက်နုတ် တင်ပြထားပါသည်။
FF : ဒိုင်နိုဆောတွေ အကြောင်းကို လူတွေ ဘာကြောင့် စိတ်ဝင်စားတယ်လို့ ခင်ဗျားထင်လဲ။
JL : သိပ်ကောင်းတဲ့ မေးခွန်းပါ။ သူတို့ရဲ့ စိတ်ဝင်စားမှုတွေက ဘယ်နေရာကနေ စတင်ခဲ့တာလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဒိုင်နိုဆောတွေမှာရှိတဲ့ ထူးခြားတဲ့ ဆွဲဆောင်မှု တစ်ခုခုနဲ့ သက်ဆိုင်နေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒိုင်နိုဆောတွေက လူ့ဘီလူးကြီးတွေလိုပါပဲ။ ကလေးတွေက လူ့ဘီလူးကြီးတွေ အပါအဝင် သူတို့ကို ကြောက်လန့်စေတဲ့ အရာတွေကို စိတ်ဝင်စားကြပါတယ်။ ဒိုင်နိုဆောတွေက ကိုယ့်ရဲ့ စိတ်ကူးတွေထဲမှာသာ ရှိသလိုပါပဲ။ ဒိုင်နိုဆောတွေက အကောင်အထည်နဲ့ အစစ်အမှန် တည်ရှိခဲ့တဲ့ သတ္တဝါတွေဖြစ်မှန်း သိလိုက်ရတဲ့ အခါမှာတော့ အရမ်းအံ့သြစရာ ကောင်းပါတယ်။ ဒိုင်နိုဆောတွေ အကြောင်းကို ခင်ဗျား စာအုပ်တွေမှာ ဖတ်နိုင်သလို သူတို့ရဲ့ အရိုးစုတွေကိုလည်း တွေ့နိုင်ပါတယ်။ ဒိုင်နိုဆောတွေက ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို ပြတိုက်တွေမှာလည်း ခင်ဗျား လေ့လာ ကြည့်နိုင်ပါတယ်။
FF : ကလေးဘဝတုန်းကရော ဒိုင်နိုဆောတွေ အကြောင်းကို စိတ်ဝင်စားခဲ့ဖူးလား။
JL : ဒိုင်နိုဆောတွေကို အရူးအမူး ဖြစ်ခဲ့တာပေါ့။ ကျွန်တော် အကြိုက်ဆုံးကတော့ အသားစား ဒိုင်နိုဆော အမျိုးအစားဖြစ်တဲ့ Tyrannosaurus ဒိုင်နိုဆောတွေပါ။ ဒီဒိုင်နိုဆောတွေက အကောင်အကြီးကြီးတွေပဲ။ သိပ်ပြီး မထင်ရှားတဲ့ Allosaurus လို အသားစား ဒိုင်နိုဆောတွေကိုလည်း ကြိုက်ပါတယ်။ ကျွန်တော်က Allosaurus နဲ့ Tyrannosaurus ဒိုင်နိုဆော အမျိုးအစား နှစ်ခုစလုံးက အတူတူပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ Allosaurus ဒိုင်နိုဆောတွေရဲ့ လက်က ပိုကြီးသလို အရောင်ကလည်း လှတယ်။ ဒိုင်နိုဆောတွေအကြောင်း ကျွန်တော်အများကြီး သိထားပါတယ်။ ကလေးဘဝတုန်းက တော်တော်လေးကြီးတဲ့ အပင်စား Brontosaurus ဒိုင်နိုဆောကို တွေ့ဖူးတယ်။ အဲ့ဒီတုန်းက လူတွေက ဒီဒိုင်နိုဆောကို Giganotosaurus လား၊ Hugeasaurus လားတော့ မသိဘူး။ နာမည်တစ်ခု ပေးခဲ့ကြတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ သူတို့ရွေးပေးတဲ့ နာမည်က ဆိုးလိုက်တာလို့တော့ တွေးခဲ့ဖူးတယ်။
FF : ဒီရုပ်ရှင် ဇာတ်ကားမှာ ဒိုင်နိုဆောလေး Patchi အတွက် အသံနဲ့ သရုပ်ဆောင်ပေးဖို့ ခင်ဗျားကို ဆွဲဆောင်ခဲ့တဲ့ အရာက ဘာလဲ။
% buffered
00:00
-00:10
Download
Your browser does not support the video tag.
JL : Patchi ရဲ့ သူ့ကိုယ်သူ ပြန်လည် ရှာဖွေတွေ့ရှိတဲ့ ခရီးစဉ်ကို ကျွန်တော် နှစ်သက်တယ်။ ဒီခရီးစဉ်မှာ သူအသိဉာဏ် ရှိလာတာ၊ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို ရရှိခဲ့တာကိုလည်း ကျွန်တော် ကြိုက်တယ်။ ဒါပေမဲ့ ပျော်ပျော်နေတတ်တဲ့ သူ့စရိုက်လေးကလည်း ပျောက်မသွားဘူး။ Walking With Dinosaurs က တကယ်ကို ကောင်းမွန်တဲ့ ဂန္ထဝင်မြောက်တဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Patchi က လူကြီး ဖြစ်လာတဲ့ အခါမှာ တကယ့်ကို ရဲရင့်တဲ့၊ သူရဲကောင်းဆန်တဲ့ သူတစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့တွေ သူ့ဆီက အများကြီး သင်ယူ လေ့လာလို့ ရပါတယ်။ ကျွန်တော်က ကာတွန်းရုပ်ရှင် ဇာတ်ကားတွေကို ကြိုက်တယ်။ အခုလိုမျိုး လှပကောင်းမွန်တဲ့ ကွန်ပျူတာ အထူးပြု လုပ်ချက်တွေ ပါဝင်တဲ့ ကာတွန်းရုပ်ရှင် ဇာတ်ကား တစ်ကားမှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ခဲ့ရတဲ့ အတွက်လည်း အရမ်း ဂုဏ်ယူပါတယ်။ ဇာတ်ကားကို ပြန်ကြည့်ရတဲ့အခါမှာ ကျွန်တော်အရမ်း စိတ်လှုပ်ရှားသွားတယ်။ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ကာတွန်းရုပ်တွေကို တကယ့် လှုပ်ရှားမှုတွေနဲ့ ပေါင်းစပ် ဖန်တီးသွားတာ အရမ်းကို ပြောင်မြောက်တယ်။
FF : ခင်ဗျားက Patchi နဲ့ တူသလား။
JF : တူပါတယ်။ Patchi ကို ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရသလိုပါပဲ။ ကျွန်တော် ငယ်ငယ်တုန်းကလည်း တကယ့်ကို သေးသေးလေးပဲ။ အထက်တန်းကျောင်းတက်တဲ့ အချိန်အထိ အရပ်က ၄ ပေ ၁၀ လက်မနဲ့၊ ကိုယ်အလေးချိန်က ၈၉ ပေါင်လောက်ပဲ ရှိတယ်။ ကျွန်တော်နဲ့ ရွယ်တူတွေနဲ့ ယှဉ်ရင်ကို ကျွန်တော့် ကိုယ်ခန္ဓာက အမြဲတမ်း သေးနေတယ်။ ကျွန်တော် အသက် ၁၂ နှစ် ၁၃ နှစ် အရွယ်လောက်တုန်းက အသက် ခုနစ်နှစ်နဲ့ ခုနစ်နှစ်အောက် ကလေးတွေအတွက် သတ်မှတ်ထားတဲ့ လက်မှတ်တွေကို ဝယ်နိုင်ခဲ့တယ်။ ကျွန်တော်ကလည်း ခန္ဓာကိုယ် သေးကွေးတဲ့ အချက်ကို အမြဲတမ်း အခွင့်ကောင်း ယူလေ့ရှိတယ်။ သရုပ်ဆောင်လုပ်တဲ့ အခါမှာလည်း ခန္ဓာကိုယ် သေးကွေးနေတာက ကျွန်တော့်ကို အများကြီး အထောက်အကူ ပြုပါတယ်။ အသက် ၂၇ နှစ်၊ ၂၈ နှစ်လောက် ရောက်တဲ့အထိ အထက်တန်း ကျောင်းသားနေရာကနေ သရုပ်ဆောင် နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အသံနဲ့ သရုပ်ဆောင်ခွင့် ရတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ Patchi အတွက် နောက်ခံစကား ပြောပေးရတဲ့အခါမှာလည်း တစ်ချိန်လုံး ဘုရားသခင်ကို ကျေးဇူးတင်နေမိတယ်။ Patchi က သူ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့၊ ခွန်အားကို မသိသေးတဲ့ သူတစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ Patchi က စိတ်ဓာတ်တွေ ကြံ့ခိုင်လာခဲ့ပါတယ်။ ဒီခရီးကလည်း သူ့ရဲ့ရဲစွမ်း သတ္တိရှိမှုတွေကို ဖော်ပြနိုင်ခဲ့တဲ့ ခရီးတစ်ခုပါ။ ဒီဇာတ်ကားကို ကြည့်ရင် လူတစ်ယောက်မှာရှိတဲ့ ခိုင်မာတဲ့ စိတ်ခွန်အားနဲ့ ဇွဲသတ္တိတွေက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက် တွေကို ကျော်လွှားနိုင်တယ်ဆိုတာ ခင်ဗျား တွေ့နိုင်ပါတယ်။
FF : ခင်ဗျားက ကာတွန်းရုပ်ရှင် ဇာတ်ကား တော်တော်များများမှာ အသံနဲ့ သရုပ်ဆောင်ခဲ့ဖူးတယ်။ ဒါရိုက်တာတွေက ခင်ဗျားကို ကာတွန်းရုပ်ရှင် ဇာတ်ကားတွေထဲက တိရစ္ဆာန်လေးတွေအတွက် အသံနဲ့ သရုပ်ဆောင်ပေးဖို့ ဘာကြောင့် ရွေးချယ်ကြတယ်လို့ ခင်ဗျားထင်လဲ။
JF : ကျွန်တော့် မျက်နှာကို ကင်မရာနဲ့ ဝေးဝေးမှာ နေစေချင်လို့ ဖြစ်မှာပေါ့။ သူတို့ ကျွန်တော့်ကို ဘာကြောင့် ရွေးချယ်ကြတယ်ဆိုတာတော့ မသိပါဘူး။ ဒီဇာတ်ကားမှာ Patchi အတွက် အသံနဲ့ သရုပ်ဆောင် ပေးခဲ့ရတဲ့ အတွက်တော့ ဂုဏ်ယူပါတယ်။ သူတို့က Alvin And The Chipmunks ဇာတ်ကားမှာ အသံနဲ့ သရုပ်ဆောင် ပေးခဲ့တာကို ကြားဖူးကြတယ် ထင်တယ်။ ကျွန်တော်ကတော့ ဒါရိုက်တာတွေက ကျွန်တော့်ကို ကာတွန်းရုပ်ရှင် ဇာတ်ကားတွေမှာ အသံနဲ့ သရုပ်ဆောင်ပေးဖို့ အမြဲတမ်း ကမ်းလှမ်းကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကိုယ်တိုင်လည်း ဒီလို အသံနဲ့ သရုပ်ဆောင် ပေးရတာကို နှစ်သက်လို့ပါ။ ကျွန်တော့်အမေ ကိုယ်တိုင်ကလည်း ကျွန်တော်ကလေး ဘဝကတည်းက ရုပ်ရှင်ဇာတ်ကားတွေမှာ အသံနဲ့ သရုပ်ဆောင် ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော် အနုပညာအလုပ်တွေ စလုပ်တဲ့ ၁၉၉၀ ပြည့်နှစ် ကျော် ကာလတွေမှာလည်း ဇာတ်ကားတွေမှာ အသံနဲ့ သရုပ်ဆောင် ပေးခဲ့ပါတယ်။ ကင်မရာ မြင်ကွင်းထဲမှာ သရုပ်ဆောင်တဲ့ နေရာမှာတော့ ကျွန်တော့်ကိုယ် ကျွန်တော် ကံကောင်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကျွန်တော် ရိုက်ခဲ့ရတယ်။ ဇာတ်ကားတွေမှာ အသံနဲ့ သရုပ်ဆောင် ပေးခဲ့ရတာတွေကို လွမ်းနေခဲ့တာပါ။ ကျွန်တော်က ကာတွန်း ဇာတ်ကောင်လေးတွေကို ချစ်တယ်။ ကာတွန်းရုပ်ရှင် ဇာတ်ကားတွေ ရိုက်ရတာလည်း ပျော်ပါတယ်။ ကျွန်တော်က အမေရိကန် သရုပ်ဆောင်၊ ကာတွန်းရုပ်ရှင် ပညာရှင် Mike Judge ရဲ့ ပရိသတ် တစ်ယောက်ပါ။ ကျွန်တော်က သူရိုက်တဲ့ King of The Hill ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲမှာလည်း အသံနဲ့ သရုပ်ဆောင် ပေးခဲ့ဖူးတယ်။ ကိုယ်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တဲ့ အစီအစဉ် တစ်ခုမှာ ပါဝင်ခွင့် ရခဲ့တာကတော့ တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှား စရာပါပဲ။
အင်တာဗျူးဖတ်ပြီး ဇာတ်ကားကြည့်ချင်စိတ်ပေါ်လာသူများအတွက် အောက်ကလင့်ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှူနိူင်ပါတယ်။
(မြန်မာစာတန်းထိုးဖိုင်ကတော့ www.mmsubtitles.comမှ ဖန်တီးထားချင်းဖြစ်ပါတယ်)