Movie Name
Baby And I (2008)
Year
2008
Generes
Comedy
Code
01797
Type
Movie
Size
673 MB
Country
Korea
Description
IMDb rating 6.7/10 ရရှိထားပြီး ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Baby and me ဇာတ်ကားဟာ Box Office မှာ ၂.၄သန်းထိဝင်ငွေရရှိထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်။အဆိုပါဇာတ်ကားဟာ ဂျပန် Anime ဇာတ်ကားဖြစ်တဲ့ Aka-chan to Boku ကို ကိုရီးယား ရုပ်ရှင်အဖြစ်အသွင်ပြောင်းရိုက်ကူးထားခြင်းဖြစ်ပြီး ကိုရီးယားရုပ်ရှင်ရဲ့ တခေတ်ဆန်းသစ်မှုရဲ့ အစလို့လည်းပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ ဘဝမှာ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခုကို ပုံဖေါ်ရိုက်ကူးထားတာပါ။ အထက်တန်း ကျောင်းသား ဟန် ဂျွန်းဆူ ဆိုတာကတော့ အမြဲတမ်း ပြဿနာ ရှာဖွေတတ်တဲ့ ကျောင်းသား လေးတစ်ယောက်ပေါ့ သူဟာ သူ့မိဘတွေနဲ့လည်း အမြဲတမ်း အဆင်မပြေဖြစ်ပြီး မိဘ ပြောစကားလည်း နားမထောင်တဲ့သူပါ တစ်နေ့မှာတော့ သူ့မိဘတွေလည်း သူ့ရဲ့ဒဏ်ကို မခံနိုင်တာကြောင့် ဗီဒီယို ခွေလေးတစ်ခွေနဲ့ $ 100 တန် တစ်ရွက် ထားခဲ့ပေးပြီး အိမ်က ထွက်ခွာသွားပါတော့တယ် ဒီလိုအချိန်မှာ သူကတော့ သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ကီဆု နဲ့ ချွန်းဆောင်း တို့ကို ခေါ်ပြီး ပါတီပွဲငယ်လေး တစ်ခုကျင်းပ ဖို့စီစဉ်ခဲ့တယ် ဒီလိုနဲ့ပါတီပွဲအတွက် သောက်စရာဝယ်နေတဲ့အချိန်မှာ သူ့ရဲ့ တွန်းလှည်းလေးထဲမှာ ဒီကလေးရဲ့ အထက်တန်းကျောင်းသား ဟန် ဂျွန်းဆူ ပါဆိုတဲ့ စာလေးတစ်စောင်နဲ့အတူ ကလေးငယ်လေးတစ်ယောက်ကို တွေ့ရပါတော့တယ် ကလေးလေးရဲ့နာမည်ကတော့ ဟန် ဝူရမ်း လို့သိရပါတယ် ဒီကလေးတစ်ယောက်နဲ့ သူဒုက္ခရောက်နေခဲ့ရတဲ့အချိန်မှာတော့ ဝူရမ်း လေးကို အကြိမ်ကြိမ် စွန့်ပစ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့လည်း သူ့ရဲ့ကြိုးစားအားထုတ်မှုတွေက အရာမထင်ခဲ့ပါဘူး သူ ဒီလိုကလေးတစ်ယောက်နဲ့ဒုက္ခရောက်နေတဲ့အချိန်မှာ သူ့ကို တစ်ဖက်သတ် ချစ်ကြိုက်မိနေတဲ့ ကင်မ် ဘဲလ် ဆိုတဲ့ မိန်းကလေးကလွဲပြီး သူ့ကို ကူညီပေးမဲသူ မရှိခဲ့ပါဘူး ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံးမှာတော့ သူဟာ ဒီကလေးကို သူ့ကျောင်းကိုခေါ်သွားဖို့နဲ့ သူ့ရဲ့အချိန်ပိုင်း အလုပ်ဆီကိုပါ ခေါ်သွားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ် ဒါပေမဲ့လည်း ကျောင်းမှာ ဒီကလေးကြောင့် အနှောင့်အယှက် ဖြစ်လွန်းလို့ သူ ကျောင်းပါ နားခဲ့ရပါတယ် ဒီလိုနဲ့နေ့အချိန်တွေကြာလာတဲ့အခါမှာ သူတို့ရဲ့ စားဝတ်နေရေးလည်း အစဉ်မပြေဖြစ်လာပြီး အဆိုးရွားဆုံးအခြေအနေကို ရောက်လာခဲ့ပါတယ် ဂျွန်းဆူ တစ်ယောက်ကတော့ အလွန်အမင်း စိတ်ဓာတ်ကျပြီး ဒီလို ဒုက္ခတွေ ကြုံလာတဲ့အခါမှာမှ ကလေးကိုလည်း သံယောဇဉ်တွယ်ကာ သူ့ ရဲ့ ပြဿနာကောင်ဆိုတဲ့ ဘဝကြီးကနေ တကယ့်ဖခင် တစ်ဦး အဖြစ်ပြောင်းလဲလာခဲ့ပါတယ် သူတို့ ဒီလို ဒုက္ခရောက်နေချိန်မှာတော့ ဂျွန်းဆူရဲ့ မိဘတွေပြန်ရောက်လာခဲ့ပြီး … ဒီဇာတ်ကားလေးဟာ လူတစ်ယောက်ရဲ့ ဘဝကိုပါ ပြောင်းလဲပစ်နိုင်လောက်တဲ့အထိ အကြင်နာတရားနဲ့မေတ္တတရားတို့ရဲ့ အင်အားကြီးမားပုံ ၊ ဂျွန်းဆူနဲ့ ဝူရမ်း ကြားက အခက်အခဲပြဿနာတွေနဲ့ သူတို့နှစ်ဦးကြားက သံယောဇဉ်တွေကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ပေးထားတာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ် japanese Anime ဇာတ်လမ်းတွဲကို ဟာသဆန်ဆန်ရိုက်ကူးထားလို့ တကားလုံး မပျင်းစေဘဲကြည့်ရှူရမှာ ဖြစ်ပြီး Otaku တွေအနေနဲ့လည်း မူရင်း ကာတွန်းဇာတ်လမ်းတွဲနဲ့ ဘယ်လိုများကွာခြားသွားမလဲ ဘယ်လိုများဆန်းသစ် ရိုက်ကူးထားသလဲကို ကြည့်ရှူသင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေဗျာ။ (ပရိတ်သတ်ကြီးအတွက် အကြည်ဆုံး ကို ရှာပြီးတင်ဆက်ပေးလိုက်ပါတယ်)