Movie Name
Wolf Children (2012)
Year
2012
Generes
Animation, Family
Code
AN0086
Type
Movie
Size
672 MB
Country
Japan
Description
ဂျပန်လို Ōkami Kodomo no Ame to Yuki လို့ အမည်ရတဲ့ ဒီဇာတ်ကားဟာ 2013 Japan Academy Prize for Animation of the Year, the 2012 Mainichi Film Award for Best Animation Film, the 2013 Animation of the Year Award တွေလက်ခံရရှိခဲ့ရုံသာမက… နော်ဝေနိုင်ငံရဲ့ အဓိကဆုဖြစ်တဲ့ The Silver Mirror နဲ့ The Audience Award တို့အပြင် 2013 New York International Children’s Film Festival မှာလဲ Audience Award ရရှိခဲ့သလို Home Media Magazine ရဲ့ 2014 Best Anime Disc award တို့ကိုပါ ရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်… ( ကာတွန်းဆိုပြီး အချဉ်မမှတ်နဲ့နော်… ဆုတွေနဲ့တင် ပြားသွားမယ် ) ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပဲ ကောလိပ်တစ်ခုမှာ တက်ရောက်နေတဲ့ ကောင်မလေးနဲ့ သမန်းဝံပုလွေ ( လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း ) ကောင်လေးတို့ရဲ့ ရင်သွေးငယ်လေးတွေအကြောင်းပဲဖြစ်ပါတယ်.. Hana ဆိုတဲ့ကောင်မလေးဟာ စာသင်ခန်းထဲမှာ တခြားလူတွေနဲ့မတူဘဲ တစ်ယောက်တည်းကွဲထွက်နေတဲ့ကောင်လေးတစ်ယောက်ကို စိတ်ဝင်စားမိရာက သူငယ်ချင်းတွေဖြစ်သွားပြီး သံယောဇဉ်တွေ ချည်နှောင်ခဲ့ကြပါတယ်.. ကောင်လေးဟာ Hana ကို လက်ထပ်ခွင့်မတောင်းခင် သူဟာ ဂျပန်နိုင်ငံမှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ သမန်းဝံပုလွေတစ်ကောင်ဖြစ်ကြောင်း ဖွင့်ပြောခဲ့ပါတယ်… တခြားလူတွေလို ကြောက်လန့်တကြားနဲ့ထွက်ပြေးသွားလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် Hana ကတော့ သူ့အချစ်ကို လက်ခံပြီး နှစ်ကိုယ်တူဘဝတည်ဆောက်ခဲ့ပါတယ်.. ကလေး ၂ ယောက်ရပြီး မကြာခင်မှာပဲ ကောင်လေးဟာ အစာရှာထွက်ရင်း သေဆုံးသွားပါတော့တယ်.. Hana ရဲ့ Single Mother ဘဝဟာ ခက်ခဲလွန်းခဲ့ပါတယ်.. Yuki နဲ့ Ame လို့ခေါ်တဲ့ မောင်နှမနှစ်ယောက်ဟာလဲ ဝံပုလွေပုံပြောင်းလိုက် လူပုံပြောင်းလိုက်နဲ့ မတည်ငြိမ်တာမို့ လူကြားထဲမထွက်ရဲဘဲ ပုန်းလျှိုးကွယ်လျှိုးအသက်ရှင်ခဲ့ရပါတယ်.. နောက်ပိုင်းမှာတော့ တခြားကလေးတွေလို ကာကွယ်ဆေးတွေဘာတွေ လာမထိုးတဲ့အတွက် ကလေးတွေကို ညှင်းပန်းနှိပ်စက်နေသလားဆိုပြီး သက်ဆိုင်ရာဌာနတွေက အတင်းအကျပ်စစ်ဆေးဖို့ ကြိုးစားလာတာကြောင့် လူခြေနည်းတဲ့ မြို့ပြင်က တောင်ခြေကို ထွက်ပြေးအခြေချခဲ့ပါတယ်.. အိုမင်းဟောင်းနွမ်းနေတဲ့အိမ်ကို ပြန်လည်ပြင်ဆင်ပြီး ကိုယ်တိုင်လယ်ယာစိုက်ပျိုးလို့ ကလေးနှစ်ယောက်ကို သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ကြီးပြင်းနိုင်ဖို့ ပင်ပင်ပန်းပန်းလုပ်ကိုင်ကျွေးမွေးရင်း အသက်ဆက်ခဲ့ကြတယ်… နောက်တော့ အကြီးမလေး Yuki ဟာ သူများနည်းတူ ကျောင်းတက်ဖို့ ပူဆာခဲ့ပေမယ့် အရာရာကိုကြောက်ရွံ့တတ်တဲ့ မောင်ငယ်လေး Ame ကတော့ ကျောင်းတက်ဖို့ကို ငြင်းဆန်ရင်း တောထဲမှာပဲ အချိန်ကုန်ခဲ့တယ်… Yuki ဟာ ကျောင်းတက်ရင်း တခြားမိန်းကလေးတွေဟာ သူနဲ့မတူဘူးဆိုတာကို သဘောပေါက်လာပြီး လူပီသဖို့ကို ကြိုးစားနေထိုင်ခဲ့ပါတော့တယ်… Ame ကတော့ တောထဲမှာကျင်လည်ရင်း သူ့ဆရာဖြစ်လာမယ့်သူကို ရှာတွေ့သွားပါတော့တယ်… အဲဒီကစပြီး ကလေးတွေရဲ့ဘဝမျှော်လင့်ချက်တွေဟာ စတင်ကွဲပြားသွားပါပြီ.. Hana ဖြစ်စေချင်တဲ့အတိုင်း သူတို့နှစ်သက်ရာဘဝအသီးသီးကို ဘယ်လိုလျှောက်လှမ်းဖို့ရွေးချယ်ခဲ့လဲဆိုတာကိုတော့ အောက်က Link အတိုင်း ဒေါင်းယူကြည့်ရှုနိုင်ပါတယ်ခင်ဗျာ.. ကလေးတွေကို ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဇွတ်ပုံမသွင်းဘဲ ကိုယ်နှစ်သက်ရာလမ်းကြောင်း ( လူဖြစ်ချင်သလား… ဝံပုလွေဖြစ်ချင်သလား )ဆိုတာကို ရွေးချယ်ခွင့်ပေးခဲ့သလို.. ဘေးလူတွေရဲ့ တိုက်ခိုက်မှုတွေကို ခါးစည်းခံရင်း ဝံပုလွေကိစ္စပေါ်သွားမှာစိုးလို့ အမြဲတမ်းရင်ပူနေရတဲ့ အမေတစ်ယောက်ရဲ့ဘဝကို အဓိကထားရိုက်ကူးထားတာပါ.. တကယ်တမ်း အသီးသီးရွေးချယ်လျှောက်လှမ်းသွားချိန်မှာတော့ မိခင်ဖြစ်သူ Hana တစ်ယောက် ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း… ၅၂၈ မေတ္တာကို ပုံဖော်ထားတဲ့ ကာတွန်းကားတစ်ကားပါ… ကာတွန်းတစ်ကားဖြစ်ပေမယ့် ရိုက်ကူးပုံသပ်ရပ်လွန်း.. ဇာတ်အိမ်ကောင်းလွန်းပြီး မိခင်မေတ္တာကိုအသေသပ်ဆုံးတင်ပြသွားတာမို့ ကလေးတွေထက် လူကြီးတွေပါကြည့်သင့်တဲ့ နိုင်ငံတကာအထိထိုးဖောက်အောင်မြင်ခဲ့သော ဇာတ်ကားတစ်ကားလို့ ညွှန်းဆိုပါရစေ.. ဒီ Animation ရုပ်ရှင်ကို ဘာသာပြန်ပေးထားသူကတော့ ညီသံလွင် ဖြစ်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်…