Movie Name
Breathless (2008)
Year
2008
Generes
Crime, Drama
Code
01799
Type
Movie
Size
951 MB
Country
Korea
Description
breathless ကိုရီးယားရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မိဘနဲ့သားသမီးတွေအကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတွေ ။ယင်းသို့မဟုတ်လျှင် အခြားတစ်ဖက်မှာ ဖေးပိတ်လှောင်ပိတ်ထားတဲ့ ခါးသီးရက်စက်မှု တွေကို သကာခဲ ရွရွကလေးဆမ်းထားသလိုမျိုး နုနုရွရွကလေး ရိုက်ပြတာမျို းမဟုတ်ဘဲ အတွင်းသားထဲအထိ ဘာမှမခြွင်းမချန်ဘဲ အမြစ်လှန် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ ပြောရပါလိမ့်မယ်။ လူသားစာမျက်နှာကြီးရဲ့ ရှေ့မျက်နှာဖုံးမျက်နှာစာတွေကတော့ လှပတဲ့အပြုံ းတွေ။ဆေးရောင်စုံခြယ်သထားတဲ့ ရှူ မျှော်ခင်းတွေနဲ့ အားကျစရာရှိကောင်းရှိလိမ့်မယ်။အတွင်းမျက်နှာစာကိုတော့ ဘယ်သူမှ ထဲထဲဝင်ဝင် မသိနိုင်ကြသူတွေများပါတယ်။ ဆန်းဟွမ်းဆိုတဲ့ ကောင်က ကိုရီးယားရဲ့လူလတ်တန်းစားလောကထဲမှာ ကျင်လည်ကျက်စားနေတဲ့ လူမိုက်တစ်ယောက်လို့ပြောရပါ့မယ်။သူ့အလုပ်က သူငယ်ချင်းဖြစ်သူရဲ့ ချေးငွေလုပ်ငန်းမှာ လာမဆပ်တဲ့ လူတွေကို ရိုက်နှက်ပြီးအကြွေးတောင်းပေးရတာတို့နဲ့ ခွင့်ပြု ချက်မရှိဘဲ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်လေးတွေတို့။ဆန္နပြပွဲတွေကို ဖြို ခွင်းတဲ့လုပ်ငန်းတွေမှာ ရိုက်နှက်ပေးတတ်တဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့နေထိုင်မှု ကလည်း ခေါင်းထဲမှာ ရိုက်ဖို့နှက်ဖို့နဲ့ ဆဲဖို့ ဆိုဖို့လောက်ပဲ အာရုံထားသူပါ။အကြွေးတောင်းမယ်။မပေးရင် ရိုက်မယ် နှက်မယ်။ဆဲမယ် ဒါပါပဲ။အပြင်မှာတွေ့ဘူးတဲ့ စရိုက်ဆန်တဲ့လူမိုက်ပုံစံပေါ့။လူလတ်တန်းစားရပ်ကွက်တွေထဲက တိုက်ခန်းကလေးတွေမှာ မှီခိုနေကြတဲ့ အိမ်ထောင်စုတွေမှာလည်း ပြသာနာတွေပေါင်းစုံရှိကြပါတယ်။အလုပ်အကိုင်ရေရေရာရာ မရှိဘဲ လေလွင့်နေကြတဲ့လူငယ်တွေ။ပျက်စီးနေတဲ့လူငယ်တွေနဲ့ စုံလို့ပါပဲ။ % buffered 00:00 -00:08 Download Your browser does not support the video tag. ဆန်းဟွမ်းမှာ ညီမတစ်ယောက်တော့ရှိပါတယ်။ညီမကမွေးထားတဲ့ တူကလေးကိုတော့ သံယောဇဉ်ရှိပုံပါ။သွားပြီး စားစရာကလေးတွေ သွားကျွေးတတ်တယ်။တူကလေးကိုကြည့်ပြီး သူ့ရင်ထဲက ပျောက်ဆုံးမွန်းပိတ်ခဲ့တဲ့ ငယ်ဘဝအိပ်မက်ဆိုးတွေကို ရီဝေနေတဲ့ မျက်ဝန်းတွေကနေ မြင်နေရတယ်။ လူတိုင်းဟာ ဘဝတစ်ခုဆောက်တည်လာတဲ့နေရာမှာ အံဝင်ခွင်ကျ ဖြစ်မှု မဖြစ်မှု ဆိုတာ ငယ်ဘဝ ကနဦးနဲ့လည်း အများကြီးသက်ဆိုင်တယ်ဆိုတာကို ဆန်းဟွမ်းကနေ တစ်ဆင့်ပြသွားပါတယ်။သူတို့ငယ်ဘဝဟာ အတော်ကိုဆိုးဝါးလွန်းလှပါတယ်။ဖခင်ဖြစ်သူက မူးလာတဲ့အချိန်မှာ မိခင်ဖြစ်သူကို ရိုက်နှက်နှိပ်စက်လေ့ရှိသလို တစ်နေ့မှာတော့ ဓါးနဲ့ ထိုးမယ့်လုပ်တုန်းကနေ ညီမလေးဖြစ်သူမှာ အထိုးခံရပြီး မိခင်ဖြစ်သူကတော့ ကားတိုက်ခံရပြီး သေသွားခဲ့ရတယ်။အဲဒီလို ဘဝမျို းနဲ့ ကြီးပြင်းလာခဲ့တဲ့ ဆန်းဟွမ်းအတွက် အနာမြုံ တစ်ခုလိုပဲ အမျက်တွေ။ဒေါသတွေ ။နာကျင်မှု တွေနဲ့ ပဲ ဘဝကို ရပ်တည်ဖြစ်လာတာ အဆန်းမှမဟုတ်တော့တာပဲ။ ဘာပဲဖြစ်ဖြစ် ဆန်းဟွမ်းဆိုတာလည်း လူသားတစ်ယောက်ပဲလေ။သူ့ဘဝမှာ အခြားသောမိသားစုတွေလို ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နူးနူးနေပဲ နေချင်တာပေါ့။သူ့ဘဝလိုပဲ စိတ္တဇဖြစ်နေတဲ့ ဗီယက်နမ်စစ်ပြန်ကြီးဆိုတဲ့ ဖခင်ရဲ့နှိပ်စက်မှု အောက်မှာ ကြီးလာရတဲ့ ကောင်မလေးလေးတစ်ယောက်လည်း ရှိတယ်။အဲဒီကောင်မလေးရဲ့ ရင်ခွင်ကလေးပေါ်မှာ မှေးစက်ပြီး သူ ဘဝရဲ့ မေ့မရတဲ့ ငယ်ဘဝဒဏ်ရာတွေကို မျက်ရည်သွန်ချ ပြီး အချို းမကျနတဲ့ စကားလုံးတွေနဲ့ ရင်ဖွင့်ချင်မှာပဲပေါ့ ။ ထောင်ကလွတ်လာတဲ့ ဖခင်ကို မြင်ရတိုင်း သူ့ငယ်ဘဝက ဒဏ်ရာတွေဟာ တစ်ဖန်ပြန်သစ်လာရပြန်တယ်။အမှောင်ထောင့်ကနေ ကြိမ်ဖန်များစွာမြင်ခဲ့ရတဲ့ မိခင်ဖြစ်သူကို စိတ်တိုင်းကျ နှိပ်စက်နေတာတွေ။ရိုက်နှက်နေတာတွေ။ညီမလေးဖြစ်သူကို ဓါးနဲ့ ထိုးပစ်လိုက်တာတွေ။အဲဒါတွေမြင်လာပြီဆိုရင် ဆန်ဟွမ်းဟာ သူ့စိတ်ကို ထိန်းမနေတော့ဘူး။ ဖခင်ဖြစ်သူကို ဆောင့်ကန်တယ်။အားပါတရဆဲတယ်။ရိုက်ပစ်တယ်။အရက်တွေကို နင်းခွပြီး တိုက်ပစ်တယ်။ ဟုတ်ပါတယ်။ယခု ရုပ်ရှင်ဟာ အကြောင်းမကောင်းခဲ့ကြတဲ့ မြေစာပင်ကလေးတွေရဲ့ ဘဝကို သရုပ်မှန်နဲ့အနီးကပ်ဆုံးဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ဆန်ဟွမ်းနဲ့သူသူငယ်ချင်းဖြစ်သူတို့ ပြောတဲ့စကားက ခုရုပ်ရှင်ရဲ့ ဖြစ်တည်မှု ကိုတကယ်ပဲ ပေါ်လွင်စေခဲ့ပါတယ်။ဆန်ဟွမ်း သူငယ်ချင်းက “ငါလို မိဘမဲ့တစ်ယောက်အနေနဲ့ မင်းရဲ့ဖခင်မျို းတစ်ယောက်လောက်လိုချင်လိုက်တာကွာတဲ့။ဆန်ဟွမ်းက ပြန် ပြောပါတယ်။ “ဒီလိုဖခင်မျို းနဲ့ ဆိုရင်တော့ မင်းရဲ့ဘဝကိုပဲ ပိုပြီးအားကျပါတယ် “တဲ့။ယခုရုပ်ရှင်မှာ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Yang Ik-june ကပဲ ဝတ္ထု ရောဇာတ်ညွှန်းရောဒါရိုက်တာအဖြစ်ပါ ရိုက်ကူးထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။သူဟာ လမ်းဘေကလေကချေ လူမိုက်တွေရဲ့ဘဝကို သဘာဝအကျဆုံး ပူးကပ်တင်ဆက်နိုင်ခဲ့တာကို တွေ့ရသလို အထူးသဖြင့်ကတော့ မိဘတွေရဲ့မကောင်းမွန်တဲ့ ပုံရိပ်အောက်မှာ ကြီးပြင်းလာရတဲ့ သားသမီးတွေဟာ ယင်းပုံရိပ်အတိုင်းပဲ လမ်းပျောက်သွားရတယ်ဆိုတာကို အကောင်းဆုံး မီးမောင်းထိုး ရိုက်ပြသွားးတာတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ကိုရီယားရုပ်ရှင်ကားကောင်းတွေနှစ်သက်ကြတဲ့ ပရိသတ်တွေအနေနဲ့ ယခုရုပ်ရှင်ကို လက်မလွတ်ကြဖို့ ပြောလိုပါတယ်။