-
Movie Name
-
Planet Hulk (2010)
-
Year
-
2010
-
Generes
-
Action, Animation, Adventure
-
Code
-
AN0092
-
Type
-
Movie
-
Size
-
702 MB
-
Country
-
Hollywood
-
Description
-
Marvel ရဲ့ Animation ကားကောင်းလေး တစ်ကား ကို တင်ဆက် ပေးလိုက်ပါတယ်။
ဒီကားကတော့ ဟော့ခ် တစ်ယောက် ကို မထိန်းနိုင်တော့လို့ Iron Man နဲ့
အပေါင်းအပါတစ်စု က ဟော့ခ် အတွက်လည်း အဆင်ပြေနေစေမဲ့ ဂြိုလ်
တစ်ခုကို ပို့လိုက် ရာက ဇာတ်လမ်းစတာပါ။ အစကတော့ ဟော့ခ်ထက် ဉာဏ်ရည်
ပိုမြင့် တဲ့ သတ္တဝါတွေ ဟော့ခ် ကိုဒုက္ခပေးမဲ့ သူတွေ မရှိတဲ့ ဂြိုလ် ကိုပို့လိုက်တာပါ
ဒါပေမဲ့ လမ်းမှာ ဟော့ခ် ရဲ့ သောင်းကျန်းမှု့ကြောင့် လမ်းကြောင်းလွဲပြီး ဆခရာ
လို့ခေါ်တဲ့ ဂြိုလ် ကို ရောက်ရှိသွားပါတော့တယ်။ အဲ့ဂြိုလ်မှာက ဘုရင်ဆိုးတစ်ယောက်
အုပ်ချုပ်နေပြီး အစွမ်းအစရှိတဲ့ သူတွေကို အချင်းချင်း ဖျော်ဖြေ တဲ့ အနေနဲ့ အသေ
တိုက်ခိုက်ခိုင်းတဲ့ နေရာပါ။ ဟော့ခ်လည်း အဖမ်းခံရပြီး ဝင်ရောက်တိုက်ခိုက်ရပါတော့တယ်။
အဲ့ဂြိုလ်မှာက လည်း ဆခရာရဲ့ သားတော် တစ်ပါးဟာ ဆခရာကို ကယ်တင်ဖို့
ကောင်းကင်က ကျလာမယ် သူ့သွေးနဲ့ ရှင်သန်ခြင်းကို ဖြစ်စေမယ်လို့ဟောကိန်းရှိတာပါ
ဒီလို ဒေါသကြီး ဖျက်ဆီးတက်တဲ့ သူတစ်ယောက်က တစ်ကယ်ပဲ ဆခရာရဲ့
ကယ်တင်ရှင်ပဲလား……. လူစွမ်းကောင်းတွေပဲတိုက်ရတဲ့ ပွဲမှာ ဟော့ခ် တစ်ယောက်
ပြိုင်ဖက်တွေကို အနိုင်ယူနိုင်ပါ့မလား ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရမှာပါ။
နောက်တစ်ခုက လာမဲ့ Thor Ragnarok မှာ သောရ်ဟာ ဒီလိုပဲ တိုက်ခိုက် ရတဲ့
ဂြိုလ်တစ်ခုမှာ ဟော့ခ်ကြီးနဲ့ တွေ့တယ်ဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။ ဒီတော့
ဒီထဲမှာ ဟော့ခ် ဘာလို့ အဲ့လို သောရ် နဲ့ ဆုံရသလဲဆိုတဲ့ အဖြေ အနည်းငယ်
ပါဝင်ကောင်းပါဝင်မှာပါ။အခု ဟော့ခ် ရောက်နေတဲ့ ဂြိုလ် က Thor Ragnarok
ထဲက ဂြိုလ် ဟုတ်မဟုတ်ဆိုတာကတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။
(ဘာသာပြန် သူက Idiot Myoko ဖြစ်ပါတယ်)