-
Movie Name
-
A Stork's Journey (2017)
-
Year
-
2017
-
Generes
-
Animation, Family
-
Code
-
AN0094
-
Type
-
Movie
-
Size
-
700 MB
-
Country
-
Hollywood
-
Description
-
ချစ်စရာ ကာတွန်းကားလေးလာပါပြီအရမ်းရယ်ရသလိုအနှစ်သာရရှိတဲ့ကားလေးဆိုရင်လည်းမမှားပါဘူးနော်
ဇာတ်လမ်းအကျဉ်းကတော့ကြောင်တစ်ကောင်ကြောင့်စာကလေးမိသားစုအသိုက်အမြုံလေးပြိုကွဲခဲ့ရပြီးတော့ တစ်ကောင်ငှက်ဘဝရောက်ဖို့လက်တစ်လမ်းအလိုမှာပဲရစ်ချက်လို့ခေါ်တဲ့စာကလေးငချွတ်လေးက ငှက်ကျားတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပါတယ်
ဘယ်လောက်ပဲ အံဝင်ကျအောင်နေနေ အချိန်ကစကးပြောလာတဲ့တစ်နေ့မှာတော့ ငှက်တို့ရဲ့ဘာသာဘာဝမတူညီတာကြောင့်ငှက်ကျားမိသားစုက အာဖရိကကိုပြောင်းရွှေ့ဖို့ဖြစ်လာခဲ့ပါတယ်
အဲ့ဒီအချိန်မှာ စာကလေးဆိုတဲ့အမျိုးက ရွှေ့ပြောင်းတတ်တဲ့အမျိုးမဟုတ်တာကြောင့်ရစ်ချက်လေးကိုထားခဲ့ရတော့တာပေါ့
အရူးမီးဝိုင်းပြီးကျန်ခဲ့တာက ချာတိတ်လေးရစ်ချက်ပါ မိသားစုနဲ့ခွဲနိုင်တဲ့အင်အားမရှိတာကြောင့်ငှက်ကျားမိသားစုကိုရှာဖို့အာဖရိကကိုအမှီလိုက်လာခဲ့ပါတယ်
အာ့လိုနဲ့လမ်းမှာမုန်တိုင်းမိပြီး အိုဂါဆိုတဲ့ဘဝတူဇီးကွက်မလေးနဲ့ဆုံပြီးအဖာ်ရသွားခဲ့ပါတယ်
% buffered
00:00
-00:02
Download
Your browser does not support the video tag.
အိုဂါလေးအကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်ဖြင့် အထီးကျန်ရင်းစိတ်မမှန်တဲ့ဝေဒနာကိုယဉ်ယဉ်ကျေးခံစားနေရတဲ့ဇီးကွက်သေးမျိုးရင်းဝင်တစ်ကောင်ပါ
ဒီလိုနဲ့ရှေ့ဆက် လမ်းမှာဘယ်လိုတွေတိုင်ပတ်မလဲ ဘယ်လိုဗရုတ်ကျတဲ့ဘော်ဒါတွေနဲ့ဆုံလာဦးမလဲ ရစ်ချက်လေးကကောသူသွားချင်တဲ့မိသားစုဆီသွားခွင့့်ရမလားဆိုတာကတော့ စိတ်မကောင်းစရာဇာတ်ကြောင်းလေးကိုဟာသလေးတွေနဲ့ဖြေဖျောက်ရင်းကြည့်ကြရအောင်ဗျာ…